• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဒုံးကျည်အင်ဂျင်တပ်ဆင်ထားကာ တစ်နာရီလျှင် မိုင် ၁၀၀၀ နှုန်းအထိ မောင်းနှင်နိုင်မည့် အသံထက်မြန်သော Bloodhound LSR မော်တော်ကားအား မောင်းနှင်မည့် ယာဉ်မောင်းရှာဖွေလျက်ရှိ

ဒုံးကျည်အင်ဂျင်တပ်ဆင်ထားကာ တစ်နာရီလျှင် မိုင် ၁၀၀၀ နှုန်းအထိ မောင်းနှင်နိုင်မည့် အသံထက်မြန်သော Bloodhound LSR မော်တော်ကားအား မောင်းနှင်မည့် ယာဉ်မောင်းရှာဖွေလျက်ရှိ

  • 138 views

ဗြိတိန်နိုင်ငံ ၊ ဂလော်ဆက်စတာ ရှိုင်းယားခရိုင် ၊ ဘာကလေမြို့တွင် ထုတ်လုပ်ခဲ့သော Bloodhound LSR မော်တော်ကားသည် ကမ္ဘာ့အမြန်ဆုံးအဖြစ် စံချိန်တင်ရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အသံထက်မြန်သော အမြန်နှုန်းဖြင့် မောင်းနှင်နိုင်သည်။

မြှားပုံသဏ္ဍာန် တည်ဆောက်ထားသော အဆိုပါကားကို ဂျက်အင်ဂျင်တပ်ဆင်ထားပြီး ဒုံးကျည်အင်ဂျင်လည်း ထပ်မံတပ်ဆင်မည်ဟု ဆိုသည်။

အဓိက ရည်ရွယ်ချက်မှာ လက်ရှိကမ္ဘာ့အမြန်ဆုံးအဖြစ် စံချိန်တင်ထားသော ၁ နာရီ ၇၆၃ မိုင်နှုန်းကို ဖြတ်ကျော်ရန် ဖြစ်သည်။

ဤကားမှာ တစ်နာရီလျှင် မိုင် ၁၀၀၀ နှုန်း (၁၆၀၉ ကီလိုမီတာ) ဖြင့် မောင်းနှင်နိုင်ဖွယ်ရှိသည်ဟု ယုံကြည်ရ  သည်။

ယခုအခါ Bloodhound LSR မော်တော်ကား ထုတ်လုပ်ခဲ့သည်အဖွဲ့က ဤကားကို မောင်းနှင်မည့် သတ္တိကောင်း သော ယာဉ်မောင်းတစ်ဦး ရှာဖွေလျက်ရှိသည်။

အမြန်နှုန်းကန့်သတ်ချက်များကို ဖောက်ထွက်ရန် အသင့်ဖြစ်နေပြီး လူ့သမိုင်းကို မှတ်တမ်းတင်ရန် စိတ်ပြင်းပြ သော ယာဉ်မောင်းကျွမ်းကျင်သူများအတွက် ကမ္ဘာမြေပေါ်ရှိ အမြန်ဆုံးကားကို မောင်းနှင်ရန် တစ်သက်လျှင် တစ်ကြိမ်သာ ကြုံရနိုင်မည့် အခွင့်အလမ်းက စောင့်ကြိုနေကြောင်း Bloodhound LSR မော်တော်ကား ထုတ်လုပ်ခဲ့သည့် အဖွဲ့က ကြေညာထားသည်။

(Bloodhound LSR မော်တော်ကားအား မောင်းနှင်မည့် ရဲရင့်သော ယာဉ်မောင်းတစ်ဦး ရှာဖွေလျက်ရှိသည်။)

(Specification )

အလျား- ၄၄ ပေ

အလေးချိန်-၇ ဒသမ ၅ တန်

အမြင့် -၉ ပေ ၂ လက်မ    

အင်ဂျင် - Eurofighter Typhoon တိုက်လေယာဉ်များတွင် သုံးသော Rolls-Royce EJ200 အင်ဂျင်

Wheels: 95 kg Aluminium wheels rotating at 10,200rpm at Full speed

Bloodhound LSR မော်တော်ကားကို တစ်နာရီလျှင် မိုင် ၈၀၀ နှင့်အထက် မောင်းနှင်နိုင်ရန် ထုတ်လုပ်ထားခြင်း ဖြစ်ရာ စကော့တလန်နိုင်ငံ ၊ အဘာဒင်းမြို့မှ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်သို့ မိနစ် ၃၀ ပင်မကြာပဲ မောင်းနှင် နိုင်မည် ဖြစ်သည်။
Eurofighter Typhoon တိုက်လေယာဉ်များတွင် သုံးသော Rolls-Royce EJ200 အင်ဂျင်အပြင် ဒုံးကျည် အင်ဂျင်တစ်ခု တပ်ဆင်ထားသည်။

အသံအလျင် (သို့မဟုတ်) အသံထက်မြန်သော အလျင်နှုန်းများဖြင့် မောင်းနှင်မှုကို ကြံ့ကြံ့ခံနိုင်မည့် အလူမီနီယမ်ဘီးများ တပ်ဆင်ထားသည်။

ဤကားကို ၂၀၁၉ ခုနှစ်အတွင်း ကာလာဟရီသဲကန္တာရထဲတွင် စမ်းသပ်မောင်းနှင်ခဲ့ဖူးပြီး ထိုစဉ်က တစ်နာရီ ၆၂၈ မိုင် အမြန်နှုန်း ရရှိခဲ့သည်။

 

 

(စကော့တလန်နိုင်ငံ ၊ အဘာဒင်းမြို့မှ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်သို့ မိနစ် ၃၀ ပင်မကြာပဲ မောင်းနှင်နိုင် မည် ဖြစ်သည်။)

 

 

(ဤကားကို ၂၀၁၉ ခုနှစ်အတွင်း ကာလာဟရီသဲကန္တာရထဲတွင် စမ်းသပ်မောင်းနှင်ခဲ့ဖူးပြီး ထိုစဉ်က တစ်နာရီ ၆၂၈ မိုင် အမြန်နှုန်း ရရှိခဲ့သည်။)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Do YOU have a need for speed? Search is underway for a driver to get behind the wheel of a supersonic car capable of travelling at 800mph - so, do you have what it takes?  (dailymail)