အမေရိကန်တွင် ထုတ်လုပ်သော ဂျပန်ကားမော်ဒယ် (၁၀) မျိုး

  • 200 views

 

အမေရိကန်တို့သည် ဂျပန်ကားများ၏ ပရိသတ်များဖြစ်နေသော်လည်း ၎င်းတို့စီးနေသော ကားအများစုမှာ အမှန်တကယ်အားဖြင့် အမေရိကန်တွင် ထုတ်လုပ်ခြင်းဖြစ်သည်ကို မသိကြချေ။

အမေရိကန်ပြည်ထောင်စုတွင် ရောင်းချခဲ့သော ပထမဆုံးဂျပန်ကားမှာ ၁၉၅၈ ခုနှစ်ထုတ် Toyopet Crown ဖြစ်သည်။

Toyota မှ ထုတ်လုပ်ခဲ့သော ထိုမော်ဒယ်သည် ဂျပန်တွင် ကျော်ကြားသော်လည်း အမေရိကတွင် လူသိနည်း ခဲ့သည်။

Toyota မဂ္ဂဇင်း၏ ဖော်ပြချက်အရ ထိုအချိန်က Toyota ၏ အမေရိကန် အရောင်းဌာန အကြီးအကဲ ဂျိမ်းစ် မက်ဂရောက ပြောခဲ့သည်မှာ Toyopet Crown သည် အင်ဂျင်ပါဝါနည်းပြီး ဈေးကြီးနေသောကြောင့် ရောင်းရ လိမ့်မည် မဟုတ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

အခြားပြဿနာတစ်ခုမှာ ၁၉၅၀ ပြည့်လွန်ကာလများက အမေရိကတွင် ကျော်ကြားခဲ့သော drive-in စားသောက်ဆိုင်များသို့ ထို Crown ကို မောင်းဝင်သွား၍ မရနိုင်သောကြောင့် ဖြစ်သည်။

Toyopet Crown သည် အမေရိကန်တို့အကြား မကျော်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် ဂျပန်ကားများသည် အမေရိကန်ပြည်ထောင်စုတွင် အရောင်းရဆုံး ဖြစ်လာခဲ့သည်။

Good Car Bad Car ၏ ဖော်ပြချက်အရ Toyota ကုမ္ပဏီတစ်ခုတည်းသည်ပင်လျှင် ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် ကားအစင်းရေ ၂ ဒသမ ၀၂ သန်း ရောင်းချခဲ့ရသည်ဟု ဆိုသည်။

Honda ၊ Nissan နှင့် Subaru တို့မှာ အမေရိက ကားအရောင်းရဆုံးစာရင်းတွင် နံပါတ် ၆ ၊၇ ၊ ၈ နေရာများ၌ အသီးသီးရပ်တည်နေပြီး ၎င်းတို့၏ စုစုပေါင်းရောင်းအားမှာ အစင်းရေ ၂ ဒသမ ၂၇ သန်းရှိသည်။

Statista ၏ ဖော်ပြချက်အရ ဂျပန်ကားထုတ်လုပ်သူတို့သည် အမေရိကန်ပြည်ထောင်စုရှိ စက်ရုံများမှ ၂၀၂၂ ခုနှစ်အတွင်း ကားအစင်းရေ ၂ ဒသမ ၈၂ သန်း ထုတ်လုပ်ခဲ့ကြောင်း ဖော်ပြသည်။

အောက်တွင် ဖော်ပြထားသည်မှာ အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်သော ဂျပန်ကား ၁၀ မျိုးအကြောင်း ဖြစ်ပါသည်။

 

၁။ Acura NSX

ထုတ်လုပ်သည့်နေရာ- အိုဟိုင်းအိုးပြည်နယ် ၊ Marysville မြို့
အမေရိကန်တွင် စတင်ထုတ်လုပ်သည့်ခုနှစ်-၂၀၁၆ ခုနှစ်

 

၂။Honda Accord

 ထုတ်လုပ်သည့်နေရာ- အိုဟိုင်းအိုးပြည်နယ် ၊ Marysville မြို့
အမေရိကန်တွင် စတင်ထုတ်လုပ်သည့်ခုနှစ်-၁၉၈၂ ခုနှစ်

 

၃။Honda CR-V

ထုတ်လုပ်သည့်နေရာ- အိုဟိုင်းအိုးပြည်နယ် ၊ East Liberty မြို့နှင့် အင်ဒီယာနာပြည်နယ် ဂရင်းစ်ဘာ့ဂျ်မြို့
အမေရိကန်တွင် စတင်ထုတ်လုပ်သည့်ခုနှစ်-၁၉၉၇ ခုနှစ်

 

၄။Acura RDX

ထုတ်လုပ်သည့်နေရာ- အိုဟိုင်းအိုးပြည်နယ် ၊ East Liberty မြို့

အမေရိကန်တွင် စတင်ထုတ်လုပ်သည့်ခုနှစ်-၂၀၀၆ ခုနှစ်

 

၅။Toyota Camry

ထုတ်လုပ်သည့်နေရာ- ကင်တပ်ကီပြည်နယ် ၊ ဂျော့ချ်တောင်းမြို့

အမေရိကန်တွင် စတင်ထုတ်လုပ်သည့်ခုနှစ်-၁၉၈၈ ခုနှစ်

 

၆။Toyota Sequoia

ထုတ်လုပ်သည့်နေရာ- အင်ဒီယာနာပြည်နယ် ၊ Princeton မြို့
အမေရိကန်တွင် စတင်ထုတ်လုပ်သည့်ခုနှစ်-၂၀၀၁ ခုနှစ်

 

၇။Toyota Tacoma


ထုတ်လုပ်သည့်နေရာ- တက္ကဆပ်ပြည်နယ် ၊ ဆန် အန်တိုနီယိုမြို့
အမေရိကန်တွင် စတင်ထုတ်လုပ်သည့်ခုနှစ်-၁၉၉၅ ခုနှစ်

 

၈။Nissan Pathfinder

ထုတ်လုပ်သည့်နေရာ- တင်နက်ဆီပြည်နယ် ၊ Smyrna မြို့
အမေရိကန်တွင် စတင်ထုတ်လုပ်သည့်ခုနှစ်-၁၉၈၅ ခုနှစ်

 

၉။Nissan Titan

ထုတ်လုပ်သည့်နေရာ- မစ္စစ္စပီပြည်နယ် ၊ Canton မြို့
အမေရိကန်တွင် စတင်ထုတ်လုပ်သည့်ခုနှစ်-၂၀၀၄ ခုနှစ်

 

၁၀။Subaru Impreza

ထုတ်လုပ်သည့်နေရာ- အင်ဒီယာနာပြည်နယ် ၊ Lafayette မြို့
အမေရိကန်တွင် စတင်ထုတ်လုပ်သည့်ခုနှစ်-၂၀၀၂ ခုနှစ်

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  10 Japanese Cars That Are Actually Built in the US (finance)