• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန်နှင့် အိုင်ယာလန်တို့၏ လူကြိုက်အများဆုံး ဘီယာများတွင်ပါသော Guinness ဘီယာမိသားစု၏ ဂန္ထဝင်ကားများ လေလံတင်ရောင်းချ

ဗြိတိန်နှင့် အိုင်ယာလန်တို့၏ လူကြိုက်အများဆုံး ဘီယာများတွင်ပါသော Guinness ဘီယာမိသားစု၏ ဂန္ထဝင်ကားများ လေလံတင်ရောင်းချ

  • 88 views

Guinness ဘီယာမိသားစုပိုင်သော အံ့မခန်းမော်တော်ကားများ လေလံတင်ရောင်းချခဲ့ရာ ပေါင် ၁၁၅၀၀၀ တန်ကြေးရှိ Rolls-Royce တစ်စင်းလည်း ပါဝင်သည်။

ဗြိတိန်နှင့် အိုင်ယာလန်တို့၏ လူကြိုက်အများဆုံးဘီယာများတွင်ပါသော Guinness ဘီယာမိသားစု၏ ကား ၅ စင်းကို လေလံတင်ရောင်းချခြင်း ဖြစ်သည်။

 

 

((၁၉၂၈ ခုနှစ်ထုတ် Rolls-Royce Phantom I ))

 

(၁၉၂၈ ခုနှစ်က ထုတ်လုပ်ခဲ့သော Rolls-Royce Phantom I ။ ဓာတ်ပုံ-H & H Classics)

 

ပေါင် ၁၁၅၀၀၀ တန်ကြေးရှိ ဤအံ့မခန်း ဂန္ထဝင်ကားကို တချိန်က ကွန်ဆာဗေးတစ်ပါတီလွှတ်တော်အမတ် Rt Hon Alan Clark လည်း ပိုင်ဆိုင်ခဲ့ဖူးသည်။

အင်္ဂလန်နိုင်ငံ ၊ နော်ဖော့ခရိုင်ရှိ Elevden Estate တွင် ရိုက်ကွင်းများအတွက် အသုံးပြုခဲ့ဖူးသည်။

၁၉၈၂ ခုနှစ်က ထုတ်လုပ်ခဲ့သော ကားဖြစ်ပြီး ၁၉၉၀ ပြည့်လွန်ကာလများတွင် အလုံးစုံပြန်လည်မွမ်းမံမှု ပြုလုပ်ခဲ့သည်။

 

 

((၁၉၄၈ ခုနှစ်ထုတ် Ford V8 Custom))

 

(ဤ Ford V8 Custom သည် တခါက Fashion Car of the Year အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဓာတ်ပုံ-H&H Classics )

တခါက ဤကားကို နယူးယောက်ဖက်ရှင် အကယ်ဒမီက Fashion Car of the Year အဖြစ် သတ်မှတ်ခဲ့ပြီး Lveagh ဒုတိယမြောက် နယ်စားကြီး Rupert Guinness က ဝယ်ယူခဲ့သည်။

၁၉၄၈ ခုနှစ်က ထုတ်လုပ်ခဲ့သော ကားဖြစ်ပြီး V8 အင်ဂျင် တပ်ဆင်ထားသည်။

 

 

((၁၉၅၄ ခုနှစ်ထုတ် MG TF -1500 ))

 

(MG TF -1500 ကို Guinness မိသားစုက ၁၉၉၇ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-H&H Classics)

 

၁၉၅၀ ပြည့်လွန်ကာလများ၏ ဂန္ထဝင်ဒီဇိုင်း ထိပ်သီးတစ်ခုဖြစ်သော ဤကားမော်ဒယ် အစင်းရေ ၃၄၀၀ သာ ထုတ်လုပ်ထားသည်။

အဆိုပါကားကို Guinness မိသားစုက ၁၉၉၇ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး ထိုနှစ်အတွင်းတွင်ပင် ညာမောင်းအဖြစ် ပြောင်းလဲပေးခဲ့သည်။

 

 

((၁၉၉၀ ပြည့်နှစ်ထုတ် Citroen 2CV6 Dolly))

 

 

(ဤ Dolly ကို ပေါင် ၁၀၀၀ သုံးစွဲကာ ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-H&H Classics)

 

၁၉၉၀ ပြည့်လွန်ကာလများဆီက လက်ရာဖြစ်ပြီး Old-School ဟန် ခံစားရစေမည် ဖြစ်သည်။

စုစုပေါင်း Mileage ၃၃၀၀၀ အောက်သာ ရှိသေးသည်။

၂၀၁၇ ခုနှစ်အတွင်း မိတ်ကပ်ဖို့ခြင်းနှင့် စက်ပိုင်းအတွက် ပေါင် ၁၀၀၀ ကျော် သုံးစွဲကာ မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

 

 

((၁၉၉၇ ခုနှစ်ထုတ် Land Rover Defender 110 Wolf Remus ))

 

 

(ဤ Land Rover သည် ယခင်က ကာကွယ်ရေးဝန်ကြီးဌာနမှ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-H&H Classics)

 

မူလက စစ်သုံးယာဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက အသုံးပြုခဲ့သည်။

၂၀၁၉ ခုနှစ်တွင် စစ်ဘက်၌ အသုံးမပြုတော့သည့် နောက်ပိုင်း Modify လုပ်သူ AJS Land Rover ၏ လက်သို့ ရောက်ရှိခဲ့သည်။

စုစုပေါင်း Mileage ၇၃၀၀၀ သာရှိသေးသော ဤကားကို ၈ လကျော် အချိန်ယူကာ ပြန်လည်မွမ်းမံခြင်း ၊ Modify လုပ်ခြင်းများ ပြုလုပ်ထားသည်။

Guinness မိသားစုက ၂၀၂၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့သည်။

ထိုကားအားလုံးကို ကိန်းဘရစ်ရှိုင်းယားခရိုင် Duxford မြို့ရှိ Imperial War Museum တွင် ပြီးခဲ့သော အင်္ဂါနေ့က လေလံတင်ခဲ့ပြီး ဈေးနှုန်းမည်မျှဖြင့် လေလံအောင်ခဲ့သည်ကိုမူ ထုတ်ဖော်ကြေညာခြင်း မရှိချေ။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Incredible classic car collection owned by Guinness family up for auction – including £115k Rolls Royce and £12k Ford (thesun)