ကမ္ဘာ့ဈေးအကြီးဆုံး EV များတွင် ပါဝင်သော အီတလီထုတ် ဒေါ်လာ ၃ ဒသမ ၁ သန်းတန် Aspark Owl ဂျပန်သို့ ရောက်ရှိလာ

  • 153 views

ကမ္ဘာပေါ်ရှိ ဈေးအကြီးဆုံး လျှပ်စစ်ကား (EV) များတွင် တစ်ခုအပါအဝင်ဖြစ်သော Aspark Owl သည် အီတလီရှိ စက်ရုံမှ ဂျပန်သို့ ရောက်ရှိလာသည်။

ဤကားထုတ်လုပ်ရန် ဂျပန်နိုင်ငံတွင် စတင်အစပျိုးခဲ့ခြင်း ဖြစ်သည်။

အကန့်အသတ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး မတူညီသော ဗားရှင်း ၂ မျိုးဖြင့် ရရှိနိုင်သည်။

ဒေါ်လာ သန်းနှင့်ချီကာ တန်ကြေးရှိသော ယခု EV ကို ဂျပန်ရှိ ချမ်းသာကြွယ်ဝသော ဝယ်လက်များအား ပြသရန် ရောက်ရှိလာခြင်း ဖြစ်သည်။

ဤကားကို ထုတ်လုပ်သော Aspark ကုမ္ပဏီသည် ဂျပန်ကားထုတ်လုပ်ရေးနှင့် အင်ဂျင်နီယာ ကုမ္ပဏီဖြစ်ပြီး ဂျပန်နိုင်ငံ ၊ အိုဆာကာမြို့တွင် ၂၀၀၅ ခုနှစ်၌ တည်ထောင်ခဲ့ကာ ကမ္ဘာတစ်ဝန်းတွင် ရုံးခွဲပေါင်း ၂၅ ခု ရှိသည်။

၎င်းတို့ ကုမ္ပဏီ၏ အထူးပြုလုပ်ငန်းများမှာ အင်ဂျင်နီယာ ၊ Web နှင့် ဆက်နွယ်သော ထုတ်လုပ်မှုများ Hypercar များ ဖြစ်သည်။

Aspark သည် EV ထုတ်လုပ်ရန် ၇ နှစ်ခန့် ကြိုးစားနေခဲ့ပြီး ထုတ်လုပ်နိုင်ခြင်း မရှိခဲ့။

ယခုအခါတွင်မူ Aspark Owl ကို ထုတ်လုပ်လိုက်ပြီဖြစ်ပြီး EV များထဲတွင် အမြန်ဆုံးနှင့် ဈေးအကြီးဆုံးထဲတွင် ပါဝင်လာသည်။

Aspark ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ Aspark Owl တွင် ကမ္ဘာပေါ်ရှိ အားအကောင်းဆုံး လျှပ်စစ်မော်တာ ၄ လုံးတပ်ဆင်ထားပြီး စုစုပေါင်း ဆွဲအား မြင်းကောင်ရေ ၁၉၈၀ နှင့် ရုန်းအား ၁၉၂၀ Nm ရှိသည်ဟု ဆိုသည်။

အားတစ်ခါသွင်းထားလျှင် မောင်းနှင်နိုင်မည့် ခရီးအကွာအဝေးမှာ ၄၀၀ ကီလိုမီတာ (မိုင် ၂၅၀)  ဖြစ်သည်။

Aspark Owl သည် 0-60mph ကို ၁ ဒသမ ၇၂ စက္ကန့်အတွင်း ရရှိနိုင်ပြီး အမြင့်ဆုံးအမြင့်နှုန်း ၂၆၀ mph ရှိကာ ဂင်းနက်စ်ကမ္ဘာ့စံချိန် ၂ ခုတင်ထားသည်။

Aspark Owl ကို ဂျပန်နိုင်ငံ ၊ အိုဆာကာမြို့၊ Kita-ku ရပ်ကွက်ရှိ ပြခန်းများတွင် ပြသထားမည်ဖြစ်ရာ ဂျပန်နှင့် အာရှရှိ ဝယ်လက်များအနေဖြင့် ကြည့်ရှုဝယ်ယူနိုင်မည်ဖြစ်သည်။

Aspark Owl ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းမှ စသည်။

 

 

ထို့အပြင် Aspark က ကာဗွန်ဖိုက်ဘာကိုယ်ထည်ဖြင့် ထုတ်လုပ်ထားသော ဗားရှင်းတစ်မျိုးလည်း ရှိပြီး ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၇၅ သန်း ဖြစ်သည်။

Aspark Owl သည် မူလက ကမ္ဘာ့ဈေးအကြီးဆုံး EV အဖြစ် ရပ်တည်ခဲ့သော်လည်း ယခုနှစ် သြဂုတ်လတွင် Automobili Pininfarina ကုမ္ပဏီထုတ် EV က ဖြတ်ကျော်သွားသည်။

အဆိုပါ ကုမ္ပဏီမှ ထုတ်လုပ်သော Barchetta EV မှာ အမိုးဖွင့်ဖြစ်ပြီး ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄ ဒသမ ၇၂ သန်း ဖြစ်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  One of the world’s most expensive EVs comes to Japan ahead of limited production run  (electrek)