• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • လေယာဉ်တစ်စီးကို V8 အင်ဂျင်တပ်ဆင်ကာ မော်တော်ကားအဖြစ် ပြောင်းလဲထားသော Limojet တစ်စီး ကြမ်းခင်းဈေး ဒေါ်လာ ၁၀၀၀၀၀ ဖြင့် လေလံတင်ထား

လေယာဉ်တစ်စီးကို V8 အင်ဂျင်တပ်ဆင်ကာ မော်တော်ကားအဖြစ် ပြောင်းလဲထားသော Limojet တစ်စီး ကြမ်းခင်းဈေး ဒေါ်လာ ၁၀၀၀၀၀ ဖြင့် လေလံတင်ထား

  • 182 views


တန်ဖိုးကြီး ကိုယ်ပိုင်လေယာဉ်တစ်စင်းကို Limousine ကားတစ်စီးအဖြစ် ပြောင်းလဲထားသော ယာဉ်တစ်စီး ဝယ်ယူပိုင်ဆိုင်နိုင်မှုအခွင့်အရေးပေါ်ပေါက်နေသည်။

လေယာဉ်ကို အတောင်ပံများဖြုတ်ကာ ထိုင်ခုံ ၈ လုံးပါ Limousine တစ်စင်းအဖြစ် အင်ဂျင်နီယာတို့က ပြောင်းလဲခဲ့ပြီး LimoJet ဟု အမည်ပေးထားသည်။

 

 

(LimoJet သည် လူ ၈ ဦး စီးနင်းနိုင်ပြီး မော်တော်ကားအဖြစ် ပြောင်းလဲရန် ဒေါ်လာ ၁ သန်းကုန်ကျခဲ့သည်။ ဓာတ်ပုံ-Mecum Auctions)

 

 

(6.1 V8 အင်ဂျင်တပ်ဆင်ထားပြီး Automatic Transmission ဖြစ်သည်။ ဓာတ်ပုံ-Mecum Auctions)

 

(၄၂ လက်မ ရုပ်မြင်သံကြားစက်တစ်လုံး တပ်ဆင်ထားသည်။ ဓာတ်ပုံ-Mecum Auctions)

 

 

Learjet ကုမ္ပဏီက ထုတ်လုပ်ခဲ့သော လေယာဉ်တစ်စင်းဖြစ်ပြီး အလျား ၄၂ ပေရှိသည်။

အဆိုပါ လေယာဉ်ကို ၂ နှစ်တာအချိန်ယူကာ မော်တော်ကားတစ်စင်းအဖြစ် ပြောင်းလဲခဲ့ရာတွင် ဒေါ်လာ ၁ သန်း ကုန်ကျခဲ့ပြီး ယခုအခါတွင် လေလံတင်ရောင်းချလာခြင်း ဖြစ်သည်။

Goldin လေလံဝက်ဘ်ဆိုက်မှတဆင့် လေလံတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး လေယာဉ်ကိုဆွဲရန် Chevrolet ထရပ်ကားတစ်စင်းနှင့် ၆ ဘီး နောက်တွဲကားတစ်ခုလည်း ပါဝင်သည်။

ကြမ်းခင်းဈေး ဒေါ်လာ ၁၀၀၀၀၀ သတ်မှတ်ထားသည်။

ယခုသတင်းရေးချိန်အထိမူ လေလံဆွဲသူ မရှိသေးချေ။

လေယာဉ်ကို ကားအဖြစ်ပြောင်းလဲရန် နာရီပေါင်း ၄၀၀၀၀ ကြာမြင့်ခဲ့သည်။

6.1-Liter V8 အင်ဂျင်တပ်ဆင်ထားပြီး နောက်ယက်ဖြစ်ကာ မြင်းကောင်ရေ ၄၀၀ အားရှိသည်။

ယာဉ်၏ ရှေ့ဘက်နှင့် နောက်ဘက်တွင် ကင်မရာများတပ်ဆင်ထားပြီး Dashboard တွင် ကင်မရာနှင့် ချိတ်ထားသော စခရင် ၄ ခု ပါဝင်သည်။

လူ ၈ ဦး စာ ထိုင်ခုံနေရာ ပါဝင်ပြီး ကျယ်ဝန်းသော ခန်းမတစ်ခုနှင့် စားသောက်ခန်းတစ်ခုတို့လည်း ရှိသည်။

ယခင်က တစ်စင်းလုံးအနီရောင်ဖြစ်ပြီး ယခုအခါ ၂ ရောင်စပ် ပြောင်းလဲထားရာ အနက်နှင့်ငွေရောင်ဖြစ်ပြီး အနီစင်းတစ်ခုလည်း ပါဝင်သည်။

ယာဉ်အလေးချိန်မှာ ၅ တန်ခွဲရှိသည်။

တမူထူးသော ဤ Limojet သည် အမေရိကန်တွင် တရားဝင်မောင်းနှင်ခွင့်ရှိပြီး အမေရိကန် ပို့ဆောင်ရေး ဌာနထံမှ ခွင့်ပြုချက်ရရှိထားသည်။

နိုဝင်ဘာ ၁၉ ရက် တနင်္ဂနွေနေ့တွင် လေလံပိတ်သိမ်းမည်ဖြစ်သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Inside private plane transformed into road-worthy limo dubbed ‘LimoJet’… it cost thousands but could be yours  (thesun)