• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ကမ္ဘာကျော် ဆိုင်ကယ်စီး စတန့်သမားတစ်ဦး ပိုင်ဆိုင်ခဲ့ပြီး နှစ်ပေါင်း ၃၀ ပျောက်ဆုံးနေခဲ့သော Cadillac Eldorado ကား ပေါင် ၁၂၀၀၀ ဖြင့် ရောင်းမည်

ကမ္ဘာကျော် ဆိုင်ကယ်စီး စတန့်သမားတစ်ဦး ပိုင်ဆိုင်ခဲ့ပြီး နှစ်ပေါင်း ၃၀ ပျောက်ဆုံးနေခဲ့သော Cadillac Eldorado ကား ပေါင် ၁၂၀၀၀ ဖြင့် ရောင်းမည်

  • 250 views


ဂန္ထဝင် စတန့်သမား အီဗဲလ် ခနီးဗဲလ် (Evel Knievel) ပိုင်ဆိုင်ခဲ့ဖူးသော အမေရိကန်ထုတ် Cadillac တစ်စင်း ပေါင် ၁၂၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်နေသည်။

ရပ်နားထားသော ဘတ်စ်ကားများပေါ် Harley Davidson မော်တော်ဆိုင်ကယ်ကြီးဖြင့် ခုန်ကျော်ပြကာ နာမည်ကြီးခဲ့သူ အီဗဲလ်သည် ၁၉၇၂ ခုနှစ်ထုတ် Cadillac Eldorado ကို ၁၉၇၅ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

 

(အီဗဲလ်သည် ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်ကာလများအတွင်း လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သူ ဖြစ်သည်။ ဓာတ်ပုံ-Time & Life Pictures-Getty)

 

 

(အီဗဲလ်သည် ဆိုင်ကယ်စတန့်ပြမှုပေါင်း ၇၅ ကြိမ်အထက် ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-AP)

 

(အီဗဲလ် ပိုင်ဆိုင်ခဲ့ဖူးသောကား ယခုအခါ အရောင်းဈေးကွက်ဝင်နေသည်။ ဓာတ်ပုံ-Bonhams Cars/MEGA)

 


အီဗဲလ်သည် အမေရိကန်ပြည်ထောင်စု ၊ အိုင်ဒါဟိုပြည်နယ်ရှိ ပေ ၁၄၀၀ ကျယ်သော Snake River ချောက်ကြီးကို တစ်နာရီလျှင် မိုင် ၄၀၀ အမြန်နှုန်းဖြင့် မောင်းနှင်ဖြတ်ကျော်ကာ ချောက်ကမ်းပါးတစ်ဘက်ရှိ ကွင်းများဆီသို့ ဘေးကင်းစွာ မောင်းနှင်စတန့် ပြခဲ့မှုဖြင့်လည်း နာမည်ကြီးသည်။

အီဗဲလ်က သူ၏ Eldorado ကားကို သူအကြိုက်ဆုံး အဖြူရောင်သုတ်ခဲ့သည်။

ဤကားမျိုး ၈ စင်းသာရှိသည်ဟု ကားကျွမ်းကျင်ပညာရှင်တို့က ယူဆသည်။

၁၈ ပေ အလျားရှိသော Eldorado သည် Mileage ၄၃၀၀၀ ရှိပြီး နှစ်ပေါင်း ၃၀ နီးပါး သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

ကားမှာ ပြုပြင်မွမ်းမံရန် များစွာလိုအပ်နေပြီး နေကာမှန်ကွဲနေသည့်အပြင် ဘီးဖုံးတစ်ခု ပျောက်နေကာ နောက်ကြည့်မှန်မှာလည်း ကွဲနေသည်။

Bonhams လေလံအဖွဲ့က ပေါင် ၈၀၀၀ မှ ၁၂၀၀၀ ကြား ရဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

အီဗဲလ်သည် အသည်းတအေးအေးဖြစ်ဖွယ် ဆိုင်ကယ်စတန့်ပြမှုများ ပြုလုပ်ပြီး လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည်။

အီဗဲလ်သည် အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ် Caesars Palace ဟိုတယ်ရှိ ရေတံခွန်ကို ခုန်ကျော်ရန် ကြိုးစားရင်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

အီဗဲလ်သည် ၁၉၈၁ ခုနှစ်တွင် စတန့်ပြခြင်းမှ အနားယူခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွား ခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ်ရှိပြီ ဖြစ်သည်။

 

(Bonhams လေလံအဖွဲ့က ဤကားမှာ ပေါင် ၈၀၀၀ မှ ၁၂၀၀၀ ကြား ရဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ ဓာတ်ပုံ- Bonhams Cars/MEGA)

 

(Eldorado ၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- Bonhams Cars/MEGA)

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Iconic 1970s motor once owned by the world’s most famous daredevil was lost for 30 years… now it can be yours for £12k  (thesun)