ဥရောပတွင် တပတ်ရစ်ကားများအနက် လျှပ်စစ်ကားများ၏ ဈေးနှုန်း အနိမ့်ဆုံးသို့ ထိုးဆင်းနေပြီး အရောင်းအသွက်ဆုံးဖြစ်နေ

  • 743 views


ဥရောပတွင် လွန်ခဲ့သော ၁၂ လမှ ၁၈ လအတွင်း လျှပ်စစ်ကား (EV) တို့၏ ဈေးနှုန်းများ ထိုးကျနေကြောင်း ၊ တပတ်ရစ်ကားတို့၏ ဈေးနှုန်းများ အနိမ့်ဆုံးအထိ ထိုးဆင်းနေသောကြောင့် တပတ်ရစ်ကား ဈေးကွက်တွင် ဓာတ်ဆီနှင့် ဒီဇယ်ကားတို့ထက် EV များကို အလွန်ဝယ်ယူလာလျက်ရှိကြောင်း ကားလောက ကျွမ်းကျင်ပုဂ္ဂိုလ်မျာက ပြောသည်ဟု Daily Mail သတင်းတစ်ရပ်တွင် ဖော်ပြသည်။

This is Money ၏ ဖော်ပြချက်အရ EV များ ဈေးနှုန်းကျဆင်းမှုမှာ ၂၀၂၁ နှစ်ကုန်ပိုင်းတွင် စတင်ခဲ့ကြောင်း၊ လက်ရှိအားဖြင့် EV မော်ဒယ် ၃၀ ခန့်မှာ ဈေးနှုန်းအဆိုးရွားဆုံး ကျဆင်းလျက်ရှိပြီး တစ်နှစ်တာအတွင်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအကြား ကျဆင်းလျက်ရှိကြောင်း ဖော်ပြသည်။

တပတ်ရစ်ဈေးကွက်ကို စောင့်ကြည့်နေသော လုပ်ငန်းအဖွဲ့အစည်းတို့၏ ပြောကြားချက်အရ တပတ်ရစ် EV ၏ ဈေးနှုန်းမှာ အနိမ့်ဆုံးအခြေအနေအထိ ထိုးကျနေပြီး ဆက်လက်ကျဆင်းတော့မည် မဟုတ်ဟု မျှော်မှန်းထား ကြောင်းပြောကြသည်။
တပတ်ရစ် EV တို့သည် အနိမ့်ဆုံးအထိ ဈေးကျနေပြီး အချို့မော်ဒယ်များတွင် ဓာတ်ဆီကားများအောက်ပင် ဈေးသက်သာနေရာ EV များ ပြောင်းစီးရန် သင့်အားဆွဲဆောင်နိုင်သည်ဟု ယူဆပါသလား။

 

 

(တပတ်ရစ် EV များ၏ ဈေးနှုန်း ဆက်လက်ကျဆင်းတော့မည်မဟုတ်ဟု သုံးသပ်ထားရာ လက်ရှိအချိန်မှာ ဝယ်ယူရန် အကောင်းဆုံး ဖြစ်သည်။)

 

တပတ်ရစ်ကားဈေးကွက်ကို သုံးသပ်မှုများ ပြုလုပ်သော Cap Hpi ၏ ဖော်ပြချက်အရ သြဂုတ်လမှ စက်တင်ဘာလအတွင်း ဒီဇယ် ၊ ဓာတ်ဆီ ၊ EV ကားအားလုံး၏ ဈေးနှုန်း ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ပျမ်းမျှအားဖြင့် ပေါင် ၄၂၀ ခန့်ဖြစ်ကြောင်း၊ ၃ နှစ်သက်တမ်းရှိပြီး Mileage ၆၀၀၀၀ ရှိသော ယာဉ်များကို တွက်ချက်ထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဓာတ်ဆီနှင့် ဒီဇယ်ကားများမှာ ဈေးနှုန်း ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး EV များမှာ ၁ ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည်။

Cap Hpi ၏ ဖော်ပြချက်အရ စက်တင်ဘာလသည် တစ်နှစ်တာအတွင်း EV ဈေးကျဆင်းမှု အနည်းပါးဆုံးလ ဖြစ်ခဲ့ကြောင်း ၊ တပတ်ရစ် လျှပ်စစ်ကားဈေးကွက် လှိုင်းထန်သောကာလ ဖြတ်သန်းခဲ့ရပြီးနောက် အလှည့်အပြောင်းတစ်ခု ဖြစ်လာသည်ဟု ယူဆကြောင်း ဖော်ပြသည်။

Cap Hpi မှ တန်ဖိုးဖြတ်ဌာန အကြီးအကဲ Derren Martin က ပြောသည်မှာ EV မော်ဒယ်တစ်ခုစီသည် မတူညီသော လားရာများဖြင့် ဦးတည်ရွေ့လျားနေသည်ဖြစ်ရာ ၎င်းတို့၏ ဈေးနှုန်းအလားအလာကို ယေဘုယျ ကောက်ချက်ချရန် ခက်ခဲကြောင်း ပြောသည်။

သို့သော် အသေးစားနှင့် အလတ်စားအရွယ် EV များမှာ ဝယ်လိုအား အကြီးမားဆုံး မြင့်တက်နေမှုကို တွေ့ရကြောင်း ၎င်းက ထောက်ပြသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း Renault Zoe နှင့် Nissan Leaf တို့၏ ဈေးနှုန်းများမှာ ၂ ရာခိုင်နှုန်း ကျော် မြင့်တက်ခဲ့သည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Tips for buying a used EV: Experts say electric is now the fastest selling second-hand fuel type with prices hitting 'rock bottom' (dailymail)