- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ မိုက်တိုင်ဆန်နှင့် ဘရူနိုင်းဘုရင်တို့ စီးနင်းခဲ့သော ကမ္ဘာ့အကြီးမားဆုံး Range Rover ကို လေလံတင် ရောင်းချမည်
ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ မိုက်တိုင်ဆန်နှင့် ဘရူနိုင်းဘုရင်တို့ စီးနင်းခဲ့သော ကမ္ဘာ့အကြီးမားဆုံး Range Rover ကို လေလံတင် ရောင်းချမည်
- 230 views
ဘရူနိုင်းဘုရင်က သူ၏ညီတော် မင်းသားဂျက်ဖရီအတွက် မှာယူခဲ့သော Limo-Range Rover ကို လေလံပွဲ တစ်ခုတွင် လေလံတင်ရောင်းချတော့မည် ဖြစ်သည်။
အဆိုပါ Limousine Range Rover ၏ တန်ကြေးမှာ ပေါင် ၁၃၅၀၀၀ ဝန်းကျင် ရှိသော်လည်း လေလံပွဲတွင် ခန့်မှန်းချေ ပေါင် ၃၀၀၀၀ ခန့်မှ စတင်လေလံဆွဲဖွယ် ရှိသည်။
(လေလံပွဲတွင် ပေါင် ၁၃၅၀၀၀ ခန့် ရရှိနိုင်သည်။ ဓာတ်ပုံ-SWNS)
(၁၉၉၄ ထုတ် Range Rover ကို Townley Cross Country Vehicles Ltd. က မှာယူသူ စိတ်ကြိုက် အထူးထုတ်လုပ်ပေးခဲ့သည်။ ဓာတ်ပုံ-SWNS)
(ကားထဲတွင် ၈ လက်မ TV ၂ လုံး ပါသည်။ ဓာတ်ပုံ-SWNS)
၁၉၉၄ ခုနှစ်ထုတ် Range Rover Classic LSE ကို ထုတ်လုပ်ခဲ့သော Townley Cross Country Vehicles Ltd သည် ထိုခေတ်ထိုအခါက အကျော်ကြားဆုံး လောင်စာပြောင်း ကားကုမ္ပဏီများတွင် တစ်ခုအပါအဝင် ဖြစ်သည်။
မှာယူသူစိတ်ကြိုက် ထုတ်လုပ်ပေးခဲ့သော ကားဖြစ်ပြီး ၈ လက်မ ရုပ်မြင်သံကြားစက် ၂ ခု ၊ VHS Recorder တစ်ခု ၊ လေအေးပေးစက်နှင့် နောက်ခုံ ၃ လုံးတို့ ပါဝင်သည်။
ကားကိုယ်ထည် အလျား ၄၀ လက်မ တိုးချဲ့ထားပြီး အမိုးကိုလည်း ၈ လက်မ ပိုမိုမြှင့်တင်ထားရာ 4×4 Limousine တစ်စင်းနှင့် တူနေသည်။
အပြင်ပိုင်းကို Rolls-Royce Mason black အရောင် ဆေးသုတ်ထားပြီး အတွင်းပိုင်းတွင် ပျော်ပွဲစား စားပွဲ တစ်လုံး တပ်ဆင်ထားသည်။
၂၀၀၀ ပြည့်နှစ်အတွင်းက ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ မိုက်တိုင်ဆန်သည် ဂလပ်စကိုမြို့ရှိ Hampden Park တွင် ကျင်းပသော လက်ဝှေ့ပွဲသို့ ဤကားဖြင့် သွားခဲ့သည်။
ထိုအချိန်က ကား၏ စုစုပေါင်း mileage မှာ ၁၀၀၀၀ ခန့်ရှိသည်။
ယခုနှစ် မေလအတွင်း အချက်အလက်အရမူ mileage ၁၇၀၀၀ နီးပါး ရှိပြီ ဖြစ်သည်။
ဤသို့ အထူးအော်ဒါမှာယူသော ကားများကို အထူးသဖြင့် အရှေ့အလယ်ပိုင်းမှ ဝယ်လက်များအတွက် ထုတ်လုပ်ပေးခဲ့ရသည်။
“ဒီ အံ့မခန်းကားဟာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ၊ အရောင်းမြှင့်တင်ရေးပွဲတွေနဲ့ ကိုယ့်မိသားစုတစ်ခုလုံးကို ခေါ်ပြီး နေ့လယ်စာသွားဖို့တွေအတွက် အထူးသင့်တော်ပါတယ်”ဟု ဤကားကို လေလံတင်ပေးမည့်သူတို့က ပြောသည်။
၁၉၉၄ ခုနှစ်ထုတ် Range Rover Classic ကားကို ယခုလအတွင်း အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့တွင် လေလံတင် ရောင်းချသွားမည် ဖြစ်သည်။
(အထူးထုတ်လုပ်ထားသော ဤကားသည် ပုံမှန် Range Rover ထက် လက်မ ၄၀ ပိုမို ရှည်လျားသည်။ ဓာတ်ပုံ-SWNS)
(4.3 V8 အင်ဂျင်တပ်ဆင်ထားသည်။ ဓာတ်ပုံ-SWNS)
(လိုက်ပါစီးနင်းမည့်သူများ ခြေဆန့်ရန် နေရာကျယ်ကျယ်ဝန်းဝန်းရှိသည်။ ဓာတ်ပုံ-SWNS)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: World’s biggest Range Rover that took Mike Tyson to boxing match could be yours in auction (thesun)