ဗြိတိန်မှ ဈေးအကြီးဆုံး တပတ်ရစ်ကားများနှင့် ဈေးနှုန်းများ

  • 128 views

 

 

ဗြိတိန်တွင် တပတ်ရစ်ကားများမှာ ၂၀၁၉ ခုနှစ်ကတည်းက ဈေးနှုန်းများ မြင့်တက်နေပြီး Vauxhall Corsa ဆိုလျှင် ၂ ဆနီးပါး မြင့်တက်လျက်ရှိသည်။

ဗြိတိန်တွင် Corsa အစင်းရေ ၉၅၀၀၀၀ ခန့်ရှိပြီး ပျှမ်းမျှအားဖြင့် ယခင်က ၁၁၃၆ ပေါင်မှ ယခုအခါ ၂၁၉၇ ပေါင်သို့ မြင့်တက်သွားရာ ၉၃ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်မှု ဖြစ်သည်။

 

 

(ဗြိတိန်တွင် Corsa တို့၏ ပျှမ်းမျှဈေးနှုန်းမြင့်တက်မှုမှာ ၁၁၃၆ ပေါင်မှ ၂၁၉၇ ပေါင်သို့ မြင့်တက်သွားသည်။ ဓာတ်ပုံ-Handout)

 

 

(တပတ်ရစ် Renault Megane ၏ ဈေးနှုန်းမှာ ၁၀၄၃ ပေါင်မှ ၁၈၈၂ ပေါင်သို့ ၈၀ ရာခိုင်နှုန်း မြင့်တက်သွားသည်)

 

 

အခြားမော်ဒယ်တစ်ခုမှာ Vauxhall Astra ဖြစ်ပြီး ၁၀၆၉ ပေါင်မှ ၁၉၉၈ ပေါင်သို့ ၈၇ ရာခိုင်နှုန်း ဈေးတက်သွား ကြောင်း ကားဝယ်ရောင်းတစ်ဦးက ပြောသည်။

Renault Megane မှာ တတိယနေရာတွင် ရပ်တည်နေပြီး ဈေးနှုန်းမြင့်တက်မှုမှာ ၈၀ ရာခိုင်နှုန်း ဖြစ်သည်။

ဗြိတိန်တွင် ရွှေဈေး ၂၁ ရာခိုင်နှုန်းနှင့် အိမ်ခြံမြေဈေးနှုန်းများမှာ ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ဟာ့ထ်ဖို့ဒ်ရှိုင်းယားခရိုင် St Albans မြို့မှ Corsa ကားပိုင်ရှင်တစ်ဦးဖြစ်သူ အသက် ၄၃ နှစ်အရွယ်ရှိ Andy Fitzgerald က ပြောသည်မှာ သူ၏ Corsa မှာ ၂၀၀၂ မော်ဒယ်ဖြစ်ပြီး Mileage ၁၂၀၀၀၀ ရှိကြောင်း ၊ သို့သော် စက်အားကောင်းနေဆဲဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်ရဲ့ Corsa လေးကို ချစ်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်က အဲဒီကားကို ပေါင် ၂၀၀၀ (မြန်မာကျပ်ငွေ ၅၁ သိန်း) လာပေးတယ်။ ကျွန်တော်လည်း ချက်ချင်းပဲ လက်ခံလိုက်တယ်။”

(မှတ်ချက်။ နိုဝင်ဘာ ၂ ရက် သတ်မှတ်ငွေလဲနှုန်း ဗြိတိန် ၁ ပေါင်လျှင် မြန်မာကျပ်ငွေ ၂၅၅၀ ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)

ကားဝယ်ရောင်းတစ်ဦးဖြစ်သူ အီရင်ဘေကာက ပြောသည်မှာ “ကိုယ့်ရဲ့ကားဟာ ဂန္ထဝင်ကားတစ်စီးဖြစ်ဖို့ လုံလောက်တဲ့ သက်တမ်း မရှိသေးဘူးဆိုရင်တောင် ဖုံးကွယ်နေတဲ့ တန်ဖိုးတစ်ခု ရှိနိုင်ပါတယ်”ဟု ပြောသည်။

 

 

(တပတ်ရစ် Ford Focus တစ်စင်းတန်ဖိုးမှာ ၁၀၆၆ ပေါင်မှ ၁၈၆၃ ပေါင်သို့ ၇၅ ရာခိုင်နှုန်း ဈေးတက်သွားသည်။ ဓာတ်ပုံ-Getty)

 

 

 

((ဗြိတိန်၏ ဈေးအများဆုံး တပတ်ရစ်ကားများ ))

 

၁။ Vauxhall Corsa (၁၁၃၆ ပေါင်မှ ၂၁၉၇ ပေါင်သို့ ဈေးတက်)

၂။ Vauxhall Astra (၁၀၆၉ ပေါင်မှ ၁၉၉၈ ပေါင်သို့ ဈေးတက်)

၃။ Renault Megane (၁၀၄၃ ပေါင်မှ ၁၈၈၂ ပေါင်သို့ ဈေးတက်)

၄။ Ford Focus (၁၀၆၆ ပေါင်မှ ၁၈၆၃ ပေါင်သို့ ဈေးတက်)

၅။ Peugeot 307 (၉၇၉ ပေါင်မှ ၁၆၇၈ ပေါင်သို့ ဈေးတက်)

၆။ Ford Mondeo (၁၅၄၄ ပေါင်မှ ၂၂၉၈ ပေါင်သို့ ဈေးတက်)

၇။ Ford Fiesta (၁၁၇၁ ပေါင်မှ ၁၇၀၇ ပေါင်သို့ ဈေးတက်)

၈။ VW Golf ( ၁၇၆၆ ပေါင်မှ ၂၄၃၄ ပေါင်သို့ ဈေးတက်)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: DRIVING SALES Britain’s most expensive second hand cars revealed as prices soar – how much is your motor worth?   (thesun)