- ပင်မစာမျက်နှာ
- ကားသတင်းများ
- ယာဉ်စီးခ(၅၀၀)ကျပ်နှင့်အထက်ကောက်ခံသည့် ယာဉ်အကူ(စပယ်ယာပါ) YBS ယာဉ်(၁၀၀)ကျော်ကို သတ်မှတ်ကာလအလိုက် လုပ်ငန်းလိုင်စင်ပိတ်သိမ်းထား
ယာဉ်စီးခ(၅၀၀)ကျပ်နှင့်အထက်ကောက်ခံသည့် ယာဉ်အကူ(စပယ်ယာပါ) YBS ယာဉ်(၁၀၀)ကျော်ကို သတ်မှတ်ကာလအလိုက် လုပ်ငန်းလိုင်စင်ပိတ်သိမ်းထား
- 87 views
ယာဉ်စီးခကို (၅၀၀)ကျပ်နဲ့အထက် ပိုတောင်းတဲ့ YBS မော်တော်ယာဉ်(၁၃၇)စီးကို သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြားအလိုက် CNG/လုပ်ငန်းလိုင်စင် ပိတ်သိမ်းတဲ့အထိ အရေးယူထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က သိရပါတယ်။ အဲဒီလုပ်ငန်းလိုင်စင် ပိတ်သိမ်းတာကို နိုဝင်ဘာလ(၇)ရက်နေ့ကနေ စတင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
YBS ယာဉ်တချို့ဟာ ယာဉ်စီးခကို ငွေကျပ်(၅၀၀)၊ (၁၀၀၀)တောင်းယူမှုအတွက် CNG (၆)လ ပိတ်သိမ်းမှာဖြစ်ပြီး ယာဉ်အကူ (စပယ်ယာ)ပါရှိပြီး ယာဉ်စီးခကို ငွေကျပ်(၅၀၀)နဲ့အထက် တောင်းယူမှုအတွက် CNG/လုပ်ငန်းလိုင်စင် (၁)နှစ်ပိတ်သိမ်းမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်ပေါင်း (၁၆၀၀၀) ကျော် ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ထုတ်ပြန်ထားပါတယ်။ YBS ယာဉ်တွေ စည်းကမ်းဖောက်ဖျက်တာ သုံးကြိမ်ကျော်ရင် ပြေးဆွဲခွင့် ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့လည်း (YRTC) က ပြောဆိုထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com