- ပင်မစာမျက်နှာ
- ကားသတင်းများ
- YouTube ဆယ်လီတစ်ဦးက Lamborghini တစ်စီးကို ဖျက်ဆီးပြကာ YouTube တွင် လွှင့်တင်မှု ကြည့်ရှုသူ အလွန်များပြား
YouTube ဆယ်လီတစ်ဦးက Lamborghini တစ်စီးကို ဖျက်ဆီးပြကာ YouTube တွင် လွှင့်တင်မှု ကြည့်ရှုသူ အလွန်များပြား
- 440 views
YouTube တွင် နာမည်ကျော်သူတို့သည် စူပါပြိုင်ကားတစ်စီးဝယ်ကာ တစစီ ဖျက်ဆီးလိုက်ပုံကို ဗွီဒီယို ရိုက်ကူးကြပြီးလျှင် YouTube တွင် လွှင့်တင်ကာ ငွေအလုံးအရင်းဝင်လာသည်ကို ထိုင်ကြည့်ကြလေ့ရှိသည်။
ယခုဖြစ်ရပ်တွင်လည်း အလားတူပုံစံမျိုးဖြစ်သည်။
Lamborghini Gallardo တစ်စင်းကို ကမ္ဘာ့အကြီးမားဆုံး ဖျက်စက်ကြီးတစ်ခုအတွင်းသို့ ချကာ ဖျက်စီးပြခြင်း ဖြစ်သည်။
အဆိုပါ YouTube ကြယ်ပွင့်၏ အမည်ရင်းမှာ ဂျိမ်းစ် စတီဖင် ဒေါ်နယ်ဆန်ဖြစ်ပြီး သူ၏ ချန်နယ်ကို MrBeast ဟု အမည်ပေးထားသည်။
ဒေါ်နယ်ဆန်သည် YouTube တွင် Subscriber ဒုတိယအများဆုံး ချန်နယ်ကို ပိုင်ဆိုင်ထားပြီး သူ၏ချန်နယ်ကို Subscribe ပြုလုပ်ထားသူ ၁၈၃သန်း ရှိသည်။
သူ၏ ချန်နယ်တွင် လွှင့်တင်သည့် ဗွီဒီယိုတိုင်း ကြည့်ရှုသူအလုံးအရင်းရှိရာ သူ၏ YouTube ချန်နယ်ကို ငွေလုပ်စက်ကြီးတစ်လုံးဟုလည်း ဆိုနိုင်သည်။
နောက်ဆုံးတင်ခဲ့သည့် ဗွီဒီယိုသည်ပင်လျှင် ကြည့်ရှုသူ ၁၁၉ သန်း ရှိနေပြီး ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။
Lamborghini Gallardo တစ်စင်း ကမ္ဘာ့အကြီးမားဆုံး ကြိတ်စက်ကြီးတစ်ခုအတွင်း ရောက်ရှိသွားပုံကို လူတို့က ကြည့်ရှုလိုကြသည်။
ရွေ့လျားစက်ခါးပတ်တစ်ခုပေါ်မှတဆင့် ဖျက်စက်ကြီးတစ်ခုအတွင်းသို့ ချလိုက်ပြီးနောက် Lamborghini Gallardo မှာ စက်သွားများအတွင်း ချက်ချင်းမဝင်သေးဘဲ ခေတ္တရုန်းနေသေးသည်။
သို့သော် အချိန်ခဏအတွင်းတွင်ပင် ဖျက်စက်၏ အခြားတစ်ဖက်မှ အမဲရောင်နှင့် အနီရောင် သေးငယ်သော သတ္တုနှင့် ကာဗွန်ဖိုက်ဘာအပိုင်းအစများ ထွက်လာသည်ကို တွေ့ရသည်။
အင်ဂျင်ခန်းတွင် စက်များမပါဝင်ချေ။ အဆိုပါကားမှာ ပြန်လည်ဖြုတ်သိမ်းမှု ပြုလုပ်ထားသည့်ကား ဖြစ်သောကြောင့် မည်သို့ဆိုစေ ဖျက်ဆီးခံရမည့် ကားတစ်စင်းသာ ဖြစ်သည်။
ဒေါ်နယ်ဆန်က အခြား Lamborghini Gallardo တစ်စင်းကိုလည်း ဖျက်ဆီးပြရန် ကြိုးစားပြသေးသည်။
သူက Lamborghini Gallardo ကို တင့်ကားများဖြင့် ပစ်ခတ်ပြခဲ့ခြင်းဖြစ်သည်။
အဒမ်ဆိုသူက ထိုကားကို ကာကွယ်ပေးရန် ၄၈ နာရီအတွင်း ကားဟောင်းများ၊ ရေစည် ၅ ခုနှင့် သဲများဖြည့် ထားသော အုတ်နံရံများဖြင့် ခံတပ်တစ်ခု ဆောက်လုပ်ရမည် ဖြစ်သည်။
အကယ်၍ ကားကို မဖျက်ဆီးနိုင်ပါက အဒမ်က ကားကို ရမည်ဖြစ်သည်။
၂ ရက်အကြာတွင် တင့်ကားက စတင်ပစ်ခတ်ခဲ့သည်။
ကျည်ဆံများမှာ Lamborghini Gallardo ၏ ဘေးတွင် ကျရောက်ပေါက်ကွဲသော်လည်း ခံစစ်စည်းကို မဖျက်စီးနိုင်ခဲ့သည့်အပြင် ကားကိုလည်း မဖျက်စီးနိုင်ခဲ့သောကြောင့် အဒမ်က ကားကို ရရှိသွားခဲ့သည်။
Lamborghini ကုမ္ပဏီသည် Gallardo ကို ၂၀၀၃ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ထုတ်လုပ်သောကားကို တစ်စုံတစ်ဦးက ကြိတ်စက်ကြီးတစ်ခုအတွင်း ထည့်ကြိတ်လိမ့်မည်ဟု ထင်ခဲ့ကြမည် မဟုတ်ချေ။
ထုတ်လုပ်ခဲ့သည့် ဆယ်စုနှစ်တာအတွင်း Gallardo သည် Lamborghini ၏ ရောင်းအားအကောင်းဆုံး မော်ဒယ် ဖြစ်ခဲ့ပြီး စုစုပေါင်း ၁၄၀၂၂ စင်း ထုတ်လုပ်ခဲ့သည်။
လက်ရှိအားဖြင့် Lamborghini ၏ အရောင်းရဆုံးမော်ဒယ်မှာ Urus SUV ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Lamborghini Gallardo Gets Dropped Straight Into the World's Largest Shredder (autoevolution)