အခုတစ်ပတ် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများ အနည်းငယ်ကျဆင်းလာ

  • 133 views

 

ဓာတ်ဆီနဲ့ဒီဇယ်ဈေးနှုန်းတွေဈေးအနည်းငယ်ထပ်မံကျဆင်းလာတယ်လို့ တစ်ပတ်တစ်ခါဖော်ပြနေတဲ့ စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေအရသိရပါတယ်။

အရင်အပတ်က (92)တစ်လီတာကို ငွေကျပ်(၂၀၈၀)ကျပ် သတ်မှတ်ထားရာကနေအခုအပတ်မှာတော့ (92)တစ်လီတာကို ငွေကျပ်(၂၀၆၀) ကျပ်ရည်ညွှန်းသတ်မှတ်ထား တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေသိရပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုအသစ်ပြန်ဖွဲ့လိုက်ပြီးနောက်ပိုင်း စက်သုံးဆီရည်ညွှန်းသတ်မှတ်ဈေးတွေကို တစ်ပတ်တစ်ခါပြောင်းလဲသတ်မှတ်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံ အနှံ့ကမြို့ကြီးတွေရဲ့ စက်သုံးဆီဈေးတွေကိုရည်ညွှန်းသတ်မှတ်နေတာဖြစ်ပြီး ဒီအပတ်မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရဲ့ စက်သုံးဆီနှုန်းတွေဟာလည်းကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေသိရပါတယ်။

ရန်ကုန်တိုင်းရဲ့အခုအပတ် စက်သုံးဆီရည်ညွှန်းသတ်မှတ်ဈေးတွေကတော့ (92)တစ်လီတာကို (၂၀၆၀)ကျပ်၊ (95)တစ်လီတာကို (၂၁၆၀)ကျပ်၊ ဒီဇယ်တစ်လီတာကို (၂၂၄၀)ကျပ်နဲ့ပရီမီယံ ဒီဇယ်တစ်လီတာကို (၂၃၅၀)ကျပ်သတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေသိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com