- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်နိုင်ငံထုတ် EV ကားများ ရန်ကုန်ဆိပ်ကမ်းသို့ထပ်မံရောက်ရှိလာ
တရုတ်နိုင်ငံထုတ် EV ကားများ ရန်ကုန်ဆိပ်ကမ်းသို့ထပ်မံရောက်ရှိလာ
- 909 views
တရုတ်နိုင်ငံကနေ တင်သွင်းလာတဲ့ Dayun Yuehu (VIP Edition) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်၊ GAC Toyota BZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်စတဲ့ EV မော်တော်ယာဉ်တွေဟာ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိလာတဲ့အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့စိစစ်ပြီး တင်သွင်းလာတဲ့ သက်ဆိုင်ရာကုမ္ပဏီတွေကို ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။
အဲဒီလျှပ်စစ်သုံးမော်တော်ယာဉ်တွေဟာ အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းလာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို Pilot Project အနေနဲ့လုပ်ဆောင်နေတာ (၁၀)လ ဝန်းကျင်လောက်ရှိနေပြီဖြစ်ပြီး လစဉ် EV မော်တော်ယာဉ်တွေနဲ့ EV ယာဉ်အမျိုးမျိုးကို ဆက်တိုက်တင်သွင်းနေတာဖြစ်ပါတယ်။
ဈေးကွက်ထဲမှာလည်းအမျိုးအစားအလိုက် EV လူစီးဇိမ်ခံကားတွေအပြင် လုပ်ငန်းသုံး EV ယာဉ်တွေပါ ဝင်ရောက်နေပါတယ်။ နောက်ပိုင်းမှာ EV ခရီးသည်ယာဉ်တွေနဲ့ အဝေးပြေး EV ကားတွေကို တင်သွင်းသွားမယ် လို့လည်း ဆိုပါတယ်။ အခုလက်ရှိကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ EV ယာဉ် အမျိုးမျိုး အစီးရေ(၃၀၀၀)ကျော် လောက်ရှိနေပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com