- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိက၏ လူကြိုက်အများဆုံး လျှပ်စစ်ကား စစ်တမ်းတွင် Toyota က Tesla ကို ဖြတ်ကျော်ကာ နံပါတ် ၁ နေရာတွင် ရပ်တည်
အမေရိက၏ လူကြိုက်အများဆုံး လျှပ်စစ်ကား စစ်တမ်းတွင် Toyota က Tesla ကို ဖြတ်ကျော်ကာ နံပါတ် ၁ နေရာတွင် ရပ်တည်
- 292 views
တိုယိုတာသည် နှစ်ပေါင်းများစွာ ကာလအတွင်း အရည်အသွေးကောင်းမွန်သော ဓာတ်ငွေ့ကားများ (သို့မဟုတ်) Hybrid ကားများ ထုတ်လုပ်ခဲ့ပြီး Brand Awareness နှင့် ဖောက်သည်တို့အကြား သတင်းကောင်း များ ထူထောင်နိုင်ခဲ့သည်။
ယခုအခါ ထိုအချက်များဖြင့် လျှပ်စစ်ကားခေတ်အတွင်းသို့ တိုးဝင်လာခဲ့သည်။
ပြီးခဲ့သောနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတွင် ကားသစ်ဝယ်ယူသူ ၆၀၀၀ အား စစ်တမ်းကောက်ယူ လေ့လာမှု ပြုလုပ်ခဲ့ရာ လျှပ်စစ်ကားများ ဝယ်ယူကြရာတွင် ကာလကြာရှည်နာမည်ကြီးပြီး Brand များ ဖြစ်သော Toyota , Honda နှင့် Ford တို့ကဲ့သို့ အမှတ်တံဆိပ်များအား နှစ်သက်ကြသည်ကို တွေ့ရသည်။
ထိုအချိန်က အမေရိကန်ပြည်ထောင်စုတွင် လျှပ်စစ်ကားများ၏ ဈေးနှုန်းမှာ ဓာတ်ငွေ့ကားများ၏ ပျမ်းမျှဈေးနှုန်း ထက် ဒေါ်လာ ၁၀,၀၀၀ ခန့် ပိုပေးရသည်။
Toyota သည် အမေရိကန်ဈေးကွက်တွင် EV မော်ဒယ်တစ်မျိုးတည်းသာ ရောင်းချခဲ့သော်လည်း ၂၀၂၃ ခုနှစ် စစ်တမ်းအရ တိုယိုတာအပေါ် တိကျသော သဘောထားအမြင်ကို ပြသနေသည်။
အဆိုပါ စစ်တမ်းတွင် Lexus RZ 450e SUV ကိုပင် ထည့်သွင်းတွက်ချက်ထားခြင်း မရှိပေ။
အမေရိကန်မှ EV ဝယ်လက်တို့၏ နှစ်သက်မှု စစ်တမ်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
♦ ၁။ Toyota- ၃၀ ရာခိုင်နှုန်း
♦ ၂။ Tesla- ၂၃ ရာခိုင်နှုန်း
♦ ၃။ Honda-၂၀ ရာခိုင်နှုန်း
♦ ၄။ GM- ၁၅ ရာခိုင်နှုန်း
♦ ၅။ Ford - ၁၄ ရာခိုင်နှုန်း
အဆိုပါ စစ်တမ်းမှာ စက်တင်ဘာ ၂၉ မှ အောက်တိုဘာလ ၁ ရက်အကြား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး EV တို့၏ အချက်အလက်များနှင့် လားရာများကို ပြသနေသည်။
စစ်တမ်းကို ဖြေဆိုသူများတွင် လျှပ်စစ်ကား ပိုင်ရှင်များနှင့် Hybrid ပိုင်ရှင်များ ၂ မျိုးလုံး ပါဝင်သည်။
စစ်တမ်းပါဝင်ဖြေဆိုသူများက လျှပ်စစ်ကားများ ဝယ်ယူရန် အဟန့်အတားဖြစ်ရခြင်း အကြောင်းအရင်းများတွင် ကုန်ကျစရိတ်ကို ထောက်ပြကြသည်။
သို့သော် Tesla က ၂၀၂၃ ခုနှစ်အတွင်း ဈေးနှုန်းစစ်ပွဲ (Price War) တစ်ရပ်ဆင်နွှဲခဲ့ရာ ဓာတ်ငွေ့ကားများနှင့် ဈေးနှုန်းခြင်းယှဉ်နိုင်လာသည့် အခြေအနေသို့ ရောက်လာသည်။
သို့တိုင်အောင် EV ကားတို့၏ မောင်းနှင်နိုင်မည့်ခရီးအကွာအဝေးနှင့် အားသွင်းရေးအတွက် အခြေခံ အဆောက်အအုံတို့နှင့် စပ်လျဉ်းပြီး ကားဝယ်ယူသူတို့အကြား ရတက်မအေးဖြစ်မှုများ ရှိနေဆဲပင်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Toyota beats Tesla as America's electric car brand despite selling a single model in the US (notebookcheck)