- ပင်မစာမျက်နှာ
- ကားသတင်းများ
- Hyundai က Ioniq 6 လျှပ်စစ်ကားကို တစ်လလျှင် ၂၉၉ ဒေါ်လာဖြင့် အငှားချထားပေးမည်ဖြစ်ပြီး စပေါ်ငွေ ဒေါ်လာ ၄၀၀၀ ပေးသွင်းရမည်
Hyundai က Ioniq 6 လျှပ်စစ်ကားကို တစ်လလျှင် ၂၉၉ ဒေါ်လာဖြင့် အငှားချထားပေးမည်ဖြစ်ပြီး စပေါ်ငွေ ဒေါ်လာ ၄၀၀၀ ပေးသွင်းရမည်
- 197 views
Hyundai က Ioniq 5 နှင့် Ioniq 6 ကားများ၏ ငှားရမ်းခများကို အမေရိကန်ပြည်ထောင်စုတွင် လျှော့ချပေး လျက်ရှိရာ Hyundai ကားများစီးရန် အချိန်ကောင်းပင် ဖြစ်သည်။
ယခုအခါ Hyundai က ၂၀၂၃ ခုနှစ်ထုတ် Ioniq 5 SE ကားများကို တစ်လလျှင် ၃၄၉ ဒေါ်လာနှုန်းဖြင့် ၃၆ လ စာချုပ်သက်တမ်း ငှားရမ်းပေးမည်ဖြစ်ကာ စာချုပ်ချုပ်ချိန်တွင် ၄၉၉၉ ဒေါ်လာ စပေါ်ငွေ ပေးသွင်းရမည်ဟု ဆိုသည်။
ယခုအငှားဈေးနှုန်းမှာ ယခင်ဈေးနှုန်းနှင့်ယှဉ်လျှင် တစ်လလျှင် ဒေါ်လာ ၅၀ ခန့် သက်သာသည်။
Ioniq 6 SE ကားများကိုလည်း ငှားရမ်းခ ဒေါ်လာ ၅၀ လျှော့ပေးမည်ဖြစ်ပြီး တစ်လလျှင် ၂၉၉ ဒေါ်လာဖြင့် ၃၆ လသက်တမ်း ငှားရမ်းနိုင်မည်ဖြစ်ကာ စာချုပ်ချုပ်ချိန်တွင် ၄၉၉၉ ဒေါ်လာ ပေးသွင်းရမည် ဖြစ်သည်။
Cars Direct ၏ ဖော်ပြချက်အရ Ioniq 6 SE ၏ ငှားရမ်းခမှာ Tesla Model 3 နှင့်ယှဉ်လျှင် တစ်လလျှင် ၄၄ ဒေါ်လာ သက်သာကြောင်း၊ Model 3 ၏ ငှားရမ်းခမှာ တစ်လျှင် ၃၂၉ ဒေါ်လာ ပေးရပြီး စာချုပ်ချုပ်ချိန်တွင် ၅၅၂၄ ဒေါ်လာ ပေးသွင်းရကြောင်း ဖော်ပြသည်။
Ioniq 6 ၏ အခြားကားများအောက် ငှားရမ်းခပိုမိုသက်သာသည်။
Kia EV6 Wind မှာ တစ်လလျှင် ၅၃၈ ဒေါ်လာ ၊Toyota Corolla Hybrid မှာ တစ်လလျှင် ၄၅၂ ဒေါ်လာနှင့် Hyundai Elantra Hybrid မှာ တစ်လလျှင် ၄၅၈ ဒေါ်လာ အသီးသီးကျသင့်သည်။
Hyundai သည် Ioniq 5 နှင့် Ioniq 6 ဝယ်ယူသူများအား ပြန်အမ်းငွေများလည်း ပိုမိုတိုးမြင့်ပေးအပ်နေပြီး ဒေါ်လာ ၅၀၀၀ မှ ဒေါ်လာ ၇၅၀၀ အထိ ရရှိနိုင်မည် ဖြစ်သည်။
Ioniq 6 သည် နောက်ယက်ဖြစ်ပြီး 53 kWh ဘက်ထရီ တပ်ဆင်ထားသည်။
မြင်းကောင်ရေ ၁၄၉ အားရှိသော လျှပ်စစ်မော်တာတစ်လုံး တပ်ဆင်ထားပြီး ရုန်းအားမှာ 350 Nm ဖြစ်သည်။
အားတစ်ခါသွင်းထားလျှင် ၃၈၆ ကီလိုမီတာ (မိုင် ၂၄၀) ကျော် မောင်းနှင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Hyundai Ioniq 6 Can Now Be Leased From $299 Per Month With $4K Down (carscoops)