ဓာတ်ဆီဈေးနှုန်း အနည်းငယ်မြင့်တက်လာပြီး 92 တစ်လီတာ (၂၀၈၀) ကျပ် ရည်ညွှန်းသတ်မှတ်

  • 192 views


လက်ရှိပြည်တွင်းစက်သုံးဆီဈေးကွက်ထဲမှာ ဓာတ်ဆီဈေးနှုန်းအနည်းငယ်မြင့်တက်ပေမယ့် ဒီဇယ်ဈေးနှုန်းကတော့ ဈေးကျဆင်းလာတယ်လို့ အပတ်စဉ်ထုတ်ပြန်နေတဲ့ စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေအရ သိရပါတယ်။ အရင်ကတော့ စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေကို နေ့စဉ်ဖော်ပြပေးနေတာဖြစ်ပေမယ့် အခုအသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ကတော့ တစ်ပတ်ကိုတစ်ကြိမ် ရည်ညွှန်းသတ်မှတ်ဈေးနှုန်းတွေကို ဖော်ပြပေးနေတာဖြစ်ပါတယ်။

အရင်အပတ်က 92 တစ်လီတာ (၂၀၆၅) ကျပ် ရည်ညွှန်းသတ်မှတ်ထားပြီး အခုအပတ်မှာတော့ 92 တစ်လီတာ (၂၀၈၀)ကျပ် ရည်ညွှန်းသတ်မှတ်ထားတဲ့အတွက် အရင်အပတ်ကထက် ဈေးမြင့်တက်လာတာပါ။ ခရီးသွားလာမှုများတဲ့ သတင်းကျွတ်ကာလဖြစ်လို့ နိုင်ငံအနှံ့က လမ်းမကြီး(၈)ခုမှာ စက်သုံးဆီအရောင်းဆိုင်တွေ တိုးမြင့်ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဓာတ်ဆီဈေးတွေ မြင့်တက်လာပေမယ့် ဒီဇယ်ဈေးကတော့ အနည်းငယ်ကျဆင်းလာပါတယ်။ အခုအပတ် ရည်ညွှန်းသတ်မှတ်ထားတဲ့ စက်သုံးဆီဈေးတွေကတော့ 95 တစ်လီတာကို (၂၁၉၀)ကျပ် ၊ ဒီဇယ်တစ်လီတာကို (၂၂၄၀) ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာကို (၂၃၅၀)ကျပ် ရည်ညွှန်းသတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com