- ပင်မစာမျက်နှာ
- ကားသတင်းများ
- စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်တွေကို Viber Application ကတစ်ဆင့်တိုင်ကြားနိုင်
စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်တွေကို Viber Application ကတစ်ဆင့်တိုင်ကြားနိုင်
- 220 views
ရန်ကုန်မှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေ စည်းကမ်းဖောက်ဖျက်တာကိုတွေ့ရှိရင် Viber ကတစ်ဆင့် တိုင်ကြားနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ထုတ်ပြန်ထားပါတယ်။YBS ယာဉ်လိုင်းတွေ တစ်စီးနဲ့တစ်စီး ကျော်တက်မောင်းနှင်တာတွေ၊ ပြိုင်မောင်းတာတွေ၊ အရှိန်ပြင်းမောင်းနှင်တာတွေ၊ မီးနီဖြတ်မောင်းနှင်တာတွေကိုတွေ့ရှိရင် ဘယ်သူမဆို Viber ကတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အရင်ကတော့ YBS ယာဉ်တွေစည်းကမ်းဖောက်ဖျက်ရင် ဖုန်းနဲ့ဆက်သွယ်တိုင်ကြားနိုင်ပြီး အခုလက်ရှိမှာတော့ Viber ကနေ အကြောင်းကြားစာပေးပို့တိုင်ကြားမှုတွေကို ထပ်မံတိုးချဲ့လိုက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ Viber က တစ်ဆင့်တိုင်ကြားမယ်ဆိုရင် ဓာတ်ပုံ ၊ ဗီဒီယို မှတ်တမ်းနဲ့အတူ အချိန်၊နေ့စွဲ၊မှတ်တိုင်နေရာတွေကို ထည့်သွင်းဖော်ပြ တိုင်ကြားနိုင်တယ်လို့လည်း သိရပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်ပေါင်း (၁၆၀၀၀) ကျော် ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ထုတ်ပြန်ထားပါတယ်။ YBS ယာဉ်တွေ စည်းကမ်းဖောက်ဖျက်တာ သုံးကြိမ်ကျော်ရင် ပြေးဆွဲခွင့် ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့လည်း (YRTC)က ပြောဆိုထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com