ဥရောပ၏ EV အားသွင်းခ ဈေးအများဆုံးနှင့် ဈေးအသက်သာဆုံးနိုင်ငံများ

  • 99 views

 


ဗြိတိန်နိုင်ငံသားတို့သည် ဥရောပအခြားနိုင်ငံများနှင့်ယှဉ်လျှင်  လျှပ်စစ်ကား (EV) အားသွင်းခ ပိုမိုပေးဆောင်ရ လျက် ရှိနေသည်။

ယခုထွက်ပေါ်လာသော အချက်အလက်များအရ ဗြိတိန်နိုင်ငံသားတို့သည် ဥရောပတိုက်ရှိ အခြားနိုင်ငံသား များထက် EV ကားအားသွင်းရာတွင် ငွေကြေးပိုမိုကုန်ကျလျက်ရှိသည်ဟု ဆိုသည်။

 

 

 

(ဗြိတိန်နိုင်ငံသားတို့သည် ဥရောပတိုက်ရှိ နိုင်ငံအများစုထက် EV အားသွင်းရာတွင် ငွေပိုမိုကုန်ကျလျက် ရှိသည်။)

 

 

စွမ်းအင်ကုမ္ပဏီကြီးဖြစ်သော Gulf Oil မှ ပြုလုပ်ခဲ့သော သုတေသနအရ  ဗြိတိန် EV ကားပိုင်ရှင်တို့သည် မိုင် ၁၀၀ စာ အားသွင်းမှုအတွက် ပျမ်းမျှအားဖြင့် ၉ ဒသမ ၂၃ ပေါင် ပေးရသည်ဟု ဆိုသည်။

ဥရောပအခြားနိုင်ငံ ၂၀ ကျော်အနက် ဗြိတိန်မှာ EV အားသွင်းမှု ဈေးအကြီးဆုံး နိုင်ငံများစာရင်းတွင် နံပါတ် ၇ နေရာ၌ ရပ်တည်လျက်ရှိသည်။

နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် ဂျာမနီတွင် မိုင် ၁၀၀ စာအတွက် ၉ ဒသမ ၁၇ ပေါင် ၊ စပိန်တွင် ၅ ဒသမ ၀ ပေါင်နှင့် ပြင်သစ်တွင် ၄ ဒသမ ၁၅ ပေါင် အသီးသီး ပေးရသည်။

ပျမ်းမျှ တစ်နှစ်လျှင် မိုင် ၅၀၀၀ နှုန်းဖြင့် တွက်ချက်မည်ဆိုပါက ပြင်သစ်နိုင်ငံသားတို့မှာ တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ၂၅၄ ပေါင် သက်သာမည် ဖြစ်သည်။

ဟန်ဂေရီနိုင်ငံသည် EV အားသွင်းခ ဈေးအသက်သာဆုံး နိုင်ငံဖြစ်ပြီး မိုင် ၁၀၀ စာ အားသွင်းခ ၂ ဒသမ ၁၇ ပေါင်မျှသာ ကျသင့်သည်။

ဘူလ်ဂေးရီးယားနှင့် အိုက်စလန်တို့မှာ ၂ ဒသမ ၆၀ ေ
ပါင်နှင့် ၂ ဒသမ ၈၆ ပေါင် အသီးသီး ကျသင့်သည်။

အီတလီမှာ ၁၄ ဒသမ ၇၄ ပေါင် ပေးရပြီး EV အားသွင်းခ ဈေးအကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။

အီတလီ၏ နောက်တွင် သြစထရီးယားက ၁၃ ဒသမ ၀၅ ပေါင်၊ ခရိုအေးရှားက  ၁၁ ဒသမ ၉၈ ပေါင်တို့ဖြင့် အသီးသီး ရပ်တည်နေသည်။

EV အားသွင်းမှုနှင့် ဓာတ်ဆီကားတို့၏ ကုန်ကျစရိတ်ကြား ခြားနားချက်တွင်လည်း ဗြိတိန်မှာ အလယ်အလတ် တန်းနေရာတွင် ရပ်တည်နေသည်။

အက်စတိုးနီးယား ၊ လတ်ဗီးယား ၊ လစ်သူယေးနီးယား ၊ လူဇင်ဘတ် ၊ မာလ်တာ ၊ ဆလိုဗက်ကီးယား (သို့မဟုတ်) ဆလိုဗေးနီးယားနိုင်ငံတို့၏ အချက်အလက်များကိုမူ မသိရချေ။

 

(EV အားသွင်းမှု ဈေးအသက်သာဆုံး နိုင်ငံများ)

၁။ ဟန်ဂေရီ 

၂။ ဘူလ်ဂေးရီးယား 

၃။ အိုက်စလန်

၄။ ရိုမေးနီးယား

၅။ နော်ဝေ

၆။ ပိုလန်

၇။ ပြင်သစ်

၈။ စပိန်

၉။ ဆွစ်ဇာလန်

၁၀။ ဆိုက်ပရပ်စ်

 


(EV ကားအားသွင်းမှု ဈေးအကြီးဆုံး နိုင်ငံများ)

၁။ အီတလီ

၂။ သြစထရီးယား

၃။ ခရိုအေးရှား

၄။ ဒိန်းမတ်

၅။ ဂရိ

၆။ ပေါ်တူဂီ

၇။ ဗြိတိန်

၈။ ဂျာမနီ

၉။ အိုက်စလန်

၁၀။ နယ်သာလန်

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com


Ref:  Most expensive country for charging up an electric car revealed… and Brits are being ripped off (thesun)