- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဒေါ်လာ ၉၈၀၀၀ (မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ကျော်) ဖြင့် ကြိုပွိုင့်ရောင်းချပေးလျက်ရှိသော Jetson ကုမ္ပဏီထုတ် လျှပ်စစ်မိုးပျံကားများ အီတလီတွင် စမ်းသပ်မောင်းနှင်ခွင့်ရရှိ
ဒေါ်လာ ၉၈၀၀၀ (မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ကျော်) ဖြင့် ကြိုပွိုင့်ရောင်းချပေးလျက်ရှိသော Jetson ကုမ္ပဏီထုတ် လျှပ်စစ်မိုးပျံကားများ အီတလီတွင် စမ်းသပ်မောင်းနှင်ခွင့်ရရှိ
- 272 views
မြန်မာကျပ်ငွေ ၂၀၅၆ သိန်း
(မှတ်ချက်။ အောက်တိုဘာ ၁၉ ရက် သတ်မှတ်ငွေလဲနှုန်း ကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၀၉၈ ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)
လျှပ်စစ်အားဖြင့် မောင်းနှင်သော ဒေါင်လိုက် ပျံတက် ဆင်းသက် မိုးပျံယာဉ် (eVTOL) ထုတ်လုပ်သည့် ကုမ္ပဏီ Jetson သည် ဒေါ်လာ ၁၅ သန်းဖိုး ကြိုပွိုင့်ရောင်းချထားရပြီး တစ်လအကြာတွင် အီတလီနိုင်ငံ၌ စမ်းသပ် ပျံသန်းခွင့် လက်မှတ် ရရှိသွားသည်။
Jetson ထုတ် အပေါ့စား မိုးပျံကားသည် အီတလီတွင် ပထမဆုံး စမ်းသပ်ပျံသန်းခွင့်ရသည့် မိုးပျံကား ဖြစ်လာ သည်။
ထို့ကြောင့် Jetson ထုတ် ONE မိုးပျံကားများသည် အီတလီ၏ ကောင်းကင်ယံတွင် မကြာမီ ကာလအတွင်း ပျံသန်းနိုင်တော့မည် ဖြစ်သည်။
Jetson AB သည် ဆွီဒင်ကုမ္ပဏီဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့ကာ လျှပ်စစ် ဒေါင်လိုက်ပျံတက် ဆင်းသက် (eVTOL) ယာဉ်များ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။
Jetson က မိုးပျံကားများကို ဈေးကွက်အတွင်း ပထမဆုံး ပို့ဆောင်နိုင်သည့် ကုမ္ပဏီဖြစ်လာစေမည်ဟု ကတိပြုထားသည်။
Jetson သည် ONE ကို ၂၀၂၁ ခုနှစ်တွင် ကြိုတင်အမှာစာများ စတင်လက်ခံခဲ့ပြီး အကန့်အသတ်ဖြင့် ထုတ်လုပ် ခဲ့သည်။
ယခုအခါ Jetson သည် ဒေါ်လာ ၁၅ သန်းဖိုး အမှာစာရရှိထားပြီး ထုတ်လုပ်မှု တိုးချဲ့သွားရန် စီစဉ်လျက် ရှိသည်။
Jetson သည် အီတလီလေကြောင်း အာဏာပိုင်အဖွဲ့ (Aero Club d’Italia -AeCl) ထံမှ စမ်းသပ်ပျံသန်းခွင့် ရရှိထားပြီး စမ်းသပ်ထုတ်လုပ်ထားသော Jetson ONE မိုးပျံကားများကို လိုင်စင်ရ လေယာဉ်မှူးများက အီတလီတွင် မောင်းနှင်ခွင့် ရမည်ဖြစ်သည်။
Jetson သည် အမေရိကန်တွင်လည်း တစ်နေ့တည်းတပြိုင်တည်း ပထမဆုံး စမ်းသပ်မောင်းနှင်မှု ပြုလုပ်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် Jetson သည် အီတလီ ပြည်တွင်းလေကြောင်းအာဏာပိုင်အဖွဲ့ (ENAC) ထံမှ လုပ်ငန်းလည်ပတ်မှု ခွင့်ပြုချက်လည်းရရှိထားရာ လူလိုက်ပါခြင်းမရှိသော ပျံသန်းမှုများကို အဝေးထိန်းစနစ်ဖြင့် စမ်းသပ်ခြင်းများ လည်း ပြုလုပ်နိုင်မည် ဖြစ်သည်။
ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ENAC ၏ ခွင့်ပြုချက်လက်မှတ် ရရှိပြီဖြစ်သောကြောင့် စမ်းသပ်မှုများ အရှိန်မြှင့် တင်ကာ ONE eVTOL များကို အကြိုထုတ်လုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ထုတ်လုပ်မှု အဆင့်သို့ လှမ်းတက် မည်ဖြစ်ကြောင်း ဖော်ပြသည်။
Jetson သည် ပြီးခဲ့သောနှစ်က ပိုလန်တွင် လုပ်ငန်းလည်ပတ်မှုများ လုပ်ဆောင်ခဲ့ပြီး အီတလီတွင် ခွင့်ပြုချက်ရရှိ ပြီးနောက် အခြေစိုက်နေရာသစ်အဖြစ် အီတလီသို့ ပြောင်းရွှေ့လာခဲ့သည်။
ယခုအခါ Jetson သည် အီတလီနိုင်ငံ Tuscany ပြည်နယ် Arezzo မြို့တွင် ထုတ်လုပ်ရေးနှင့် R&D အဆောက်အအုံတစ်ခုအပြင် ဖလောရင့်မြို့၏ တောင်ဘက် ကိုယ်ပိုင်လေယာဉ်ကွင်းတစ်ခုတွင် ရုံးချုပ်အဆောက်အအုံတို့ ရှိသည်။
အဆိုပါ ရုံးချုပ်နေရာတွင် စမ်းသပ်မောင်းနှင်ရန်အတွက် မီတာ ၈၀၀ ရှိသော လေယာဉ်ပြေးလမ်းနှင့် လေယာဉ်မှူးသင်တန်းကျောင်းတို့ ရှိသည်။
Jetson ၏ ဖော်ပြချက်အရ ONE eVTOL အစင်းရေ ၃၀၀ ကျော်ကို တစ်စင်းလျှင် ဒေါ်လာ ၉၈၀၀၀ ဖြင့် အကြိုရောင်းချထားပြီးဖြစ်ကြောင်း ၊ မှာယူလိုပါက လက်ငင်းပေးချေငွေ ဒေါ်လာ ၈၀၀၀ ပေးသွင်းကာ မှာယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Jetson ONE ‘flying car’ becomes first eVTOL certified for flight in Italy (electrek)