ဒေါ်လာ(၅)သောင်းနှင့်အထက်လွှဲပို့ပါက EV ယာဉ်အမျိုးမျိုးတင်သွင်းခွင့်ရမည်ဟု ပြင်ဆင်

  • 160 views


ပုံမှန်လာစာရရှိသူများ(သင်္ဘောသားများအပါအဝင်)နဲ့ အခြားဝင်ငွေရရှိသူတွေဟာ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ (၅)သောင်းနဲ့အထက်ကို ဘဏ်လမ်းကြောင့်ကနေလွှဲပို့ရင် စုစုပေါင်းလွှဲပို့ငွေ (၅)ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ EV ဆိုင်ကယ်နဲ့ EV မော်တော်ယာဉ်တစ်နှစ်ကို တစ်စီးနှုန်း တင်သွင်းခွင့်ပြုမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ(၂၆)ရက်နေ့မှာပြောင်းလဲပြင်ဆင် ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၃)ရက်နေ့က ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေ လွယ်ကူရှင်းလင်းစွာ ဆောက်ရွက်နိုင်ဖို့ ပြင်ဆင်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့ ဝင်ငွေစာရင်းအကျုံးဝင်သူတွေဟာ EV မော်တော်ယာဉ်၊ EV ဆိုင်ကယ် တင်သွင်းခွင့်ပြုတဲ့နေရာမှာ တစ်ဦးတစ်ယောက်ချင်း တင်သွင်းတာကို ခွင့်ပြုပေးသွားမှာဖြစ်သလို တစ်ဦးတစ်ယောက်ချင်းတင်သွင်းဖို့ ငွေတန်ဖိုးမပြည့်မီပါက စုပေါင်းတင်သွင်းတာတွေကိုလည်း ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိပြည်တွင်းမှာ EV မော်တော်ယာဉ်နဲ့ EV ဆိုင်ကယ် အစီးရေ (၃၀၀၀) ကျော်မှတ်ပုံတင် ခွင့်ပြုထားတယ်လို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com