(92) တစ်လီတာ (၂၀၆၅) ကျပ်ရှိနေပြီး ပြည်တွင်းစက်သုံးဆီဈေးတည်ငြိမ်နေ

  • 87 views

 

ပြီးခဲ့တဲ့လပိုင်း ဈေးအနည်းငယ်မြင့်တက်ခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ အခုလက်ရှိ အောက်တိုဘာလ တတိယအပတ်ထဲမှာ ဈေးနှုန်းအပြောင်းအလဲမရှိဘဲ တည်ငြိမ်နေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၃)ရက်နေ့က စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းပြီးနောက်ပိုင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ အနည်းငယ်ပြန်တည်ငြိမ်လာတာပါ။

အရင်လတွေတုန်းက ငွေကျပ် (၂၃၀၀) ကျော်အထိ ပေါက်ဈေးရှိခဲ့တဲ့ (95) တစ်လီတာဈေးဟာ အခုလက်ရှိမှာ ငွေကျပ်(၂၀၀၀)ကျော်အထိ ဈေးနှုန်းကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းတွေအရ သိရပါတယ်။အောက်တိုဘာလ ပထမအပတ်ထဲမှာ ငွေကျပ်(၁၉၀၀)အထိ ဆက်တိုက်ကျဆင်းခဲ့တဲ့ စက်သုံးဆီဈေးတွေဟာ အခုလက်ရှိမှာတော့ ငွေကျပ် (၂၀၀၀)ကျော်နဲ့ ဈေးတည်ငြိမ်နေတာဖြစ်ပါတယ်။

လက်ရှိအောက်တိုဘာလ တတိယအပတ်ရဲ့ ရန်ကုန်စက်သုံးဆီ လက်လီဈေးတွေကတော့ (92 Ron) တစ်လီတာကို ငွေကျပ် (၂၀၆၅)၊ (95 Ron) တစ်လီတာကို ငွေကျပ်(၂၁၆၀)၊ (HSD 500ppm) တစ်လီတာကို ငွေကျပ်(၂၃၁၀)နဲ့၊ (HSD 50ppm) တစ်လီတာကို ငွေကျပ်(၂၄၂၀)ကျပ် ရည်ညွှန်းသတ်မှတ်ထားတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com