• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • နယ်သာလန်တက္ကသိုလ် ကျောင်းသားများက ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံးကားကို မော်ရိုကိုနိုင်ငံနှင့် ဆာဟာရသဲကန္တာရတို့တွင် စမ်းသပ်မောင်းနှင်ရာ ကီလိုမီတာ ၁၀၀၀ မောင်းနှင်နိုင်ခဲ့

နယ်သာလန်တက္ကသိုလ် ကျောင်းသားများက ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံးကားကို မော်ရိုကိုနိုင်ငံနှင့် ဆာဟာရသဲကန္တာရတို့တွင် စမ်းသပ်မောင်းနှင်ရာ ကီလိုမီတာ ၁၀၀၀ မောင်းနှင်နိုင်ခဲ့

  • 241 views

ခရီးရှည်ထွက်သည့်ကာလအတွင်း လမ်းတွင်ရပ်ကာ ဆီဖြည့်ရခြင်း (သို့မဟုတ်) အားသွင်းရခြင်းတို့မှာ စိတ်ပျက်ဖွယ်ရာ ရှောင်လွှဲမရသော ဖြစ်ရပ်ဖြစ်သည်။

ယခုအခါ နယ်သာလန်မှ အင်ဂျင်နီယာကျောင်းသားတစ်စုက အဆိုပါဒုက္ခများမှ ကင်းဝေးစေမည့် ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံး မော်တော်ကားကို တီထွင်ထုတ်လုပ်ကာ စမ်းသပ်ခဲ့ကြသည်။

အဆိုပါကားကို Stella Terra ဟုအမည်ပေးထားပြီး ၂ ယောက်စီး မော်တော်ကား ဖြစ်သည်။

၎င်းတို့အဖွဲ့သည် ထိုကားဖြင့် မော်ရိုကိုနိုင်ငံနှင့် ဆာဟာရသဲကန္တာရတို့တွင် စမ်းသပ်မောင်းနှင်ခဲ့ရာ အားသွင်းစရာမလိုဘဲ နေစွမ်းအင်သက်သက်ဖြင့် ကီလိုမီတာ ၁၀၀၀ (မိုင် ၆၂၀ ) အောင်မြင်စွာ မောင်းနှင်နိုင် ခဲ့ကြသည်။

Stella Terra ကို နယ်သာလန်ရှိ အိုင်ထိုဗန် နည်းပညာတက္ကသိုလ် (Eindhoven University of Technology) မှ ကျောင်းသားများက ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံး SUV ဟု သတ်မှတ် ခြင်း ခံရသည်။

ကားအလေးချိန်မှာ ၁ ဒသမ ၂ တန်သာ ရှိပြီး အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် မိုင် ၉၀ (145Kmh) ဖြင့် နေသာသောနေ့များတွင် မိုင် ၄၄၀ ခန့်အထိ မောင်းနှင်နိုင်သည်။

အိုင်ထိုဗန် တက္ကသိုလ်ကျောင်းသားများ ထုတ်လုပ်သော ကားတွင် built-in ဆိုလာပြားများ တပ်ဆင်ထားသည်။

၎င်းတို့သည် Stella Terra ဖြင့် မော်ရိုကိုနိုင်ငံ၏ မြောက်ဘက် ကမ်းရိုးတန်းမှ စတင်ထွက်ခွာကာ Rif တောင်တန်းပေါ်မှ ဖြတ်ကျော်ပြီး ဆာဟာရသဲကန္တာရအတွင်း မောင်းနှင်ခဲ့သည်။

 

 

 

(အိုင်ထိုဗန် နည်းပညာတက္ကသိုလ်မှ ကျောင်းသားများ ထုတ်လုပ်သော ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံး မော်တော်ကား )

 

 

 

(မောင်းနှင်ခဲ့သည့် ခရီးလမ်းကြောင်း)

 

တက္ကသိုလ်ကျောင်းသားများ၏ အဖွဲ့ခေါင်းဆောင် Wisse Bos က ပြောသည်မှာ ယခုကား၏ နည်းပညာမှာ ဈေးကွက်တွင် ရှိသော အခြားကားအားလုံးထက် ဆယ်စုနှစ်တစ်ခုစာ ရှေ့ရောက်နေကြောင်း ပြောသည်။

 

 

 

(ကားပေါ်မှ ဆိုလာပြားမှာ အားသွင်းမှုအပြင် နေပူပြင်းသောနေ့တွင် အရိပ်လည်း ရစေနိုင်မည် ဖြစ်သည်။)

 

ကားကို ပေါ့ပါးစွာ တည်ဆောက်ထားရာ ခရီးဝေးပိုမိုသွားလာနိုင်စေရုံမျှမက သဲအတွင်း ကျွံဝင်ခြင်းကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်သည်။

 


((Stella Terra  ၏ အသေးစိတ်အချက်အလက်များ))

 

 ♦ နေသာသောနေ့တွင် တစ်ရက်လျှင် မိုင် ၄၄၀ သွားနိုင်မည်ဖြစ်သည်။

♦ အမြင့်ဆုံးမြန်နှုန်း -တစ်နာရီလျှင် မိုင် ၉၀

♦ အလေးချိန်- ၁၂၀၀ ကီလိုဂရမ်

♦ နေမထွက်သောနေ့များအတွက် Lithium-ion ဘက်ထရီ တပ်ဆင်ပေးထားသည်။

♦ ၉၇ ရာခိုင်နှုန်း စွမ်းအင် ထိရောက်မှုရှိသော ဆိုလာအင်ဗာတာများ 

♦ စိတ်ကြိုက်တည်ဆောက်ထားသော Suspension နှင့် Steering စနစ်

♦ ထိုင်ခုံ ၂ လုံးကို အိပ်ယာများအဖြစ် အပြည့်လှဲချနိုင်သည်။

♦ ချက်ပြုတ်ရန်အပြင် လျှပ်စစ်ပစ္စည်းများ အားသွင်းနိုင်ရန် လျှပ်စစ်ဓာတ်အား အလုံအလောက် ထုတ်ပေးသည်။

♦ ဆိုလာပြားကို ဆန့်ထုတ်နိုင်ပြီး လျှပ်စစ်ပိုမိုရရှိရန်နှင့် အရိပ်ရရန် အသုံးပြုနိုင်သည်။

 


(ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံး မော်တော်ကား)

 

 

 

(ကားစတီယာရင်နှင့် ပတ်သက်သော ပြဿနာသာ ကြုံခဲ့ရပြီး ကျောင်းသားများက လမ်းတွင် ပြင်ဆင်နိုင်ခဲ့ ကြသည်။)

 

 

(အသက် ၂၁ မှ ၂၅ နှစ်ကြားအရွယ်ရှိ ကျောင်းသားများက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။)

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Talk about a bright idea! World's first solar-powered SUV completes a 620-MILE test drive across Morocco and the Sahara without charging (dailymail)