အောက်တိုဘာ ၂၆ မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပမည့် ၂၀၂၃ ဂျပန်ကားပြပွဲ

  • 386 views

ဂျပန်ကားပြပွဲသည် ၂ နှစ်တစ်ကြိမ်ကျင်းပသောပြပွဲဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ကျင်းပချိန်ကျရောက်သော်လည်း ကိုဗစ်ကပ်ဘေးကြောင့် မကျင်းပဖြစ်ခဲ့။

ဂျပန်ကားပြပွဲ နောက်ဆုံးကျင်းပခဲ့သည်မှာ ၂၀၁၉ ခုနှစ်ကဖြစ်ရာ ၄ နှစ်ကြာမြင့်သွားပြီဖြစ်သော ယခု ၂၀၂၃ ခုနှစ်တွင် ကားလောကမှာ များစွာပြောင်းလဲသွားခဲ့သည်။

အခြားအချက်များပြောင်းလဲမှုအပြင် ယခင်က တိုကျိုကားပြပွဲဟု အမည်ပေးထားသောပြပွဲကို ယခုအခါ ဂျပန်ကားပြပွဲဟု အမည်ပြောင်းလဲသွားခြင်း ဖြစ်သည်။

ယခုနှစ်ကားပြပွဲကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

ဤပြပွဲသည် ဂျပန်ကားထုတ်လုပ်သူတို့အဖို့ ပြည်တွင်းဈေးကွက်တွင် ပွဲထုတ်မှုများ ပြုလုပ်နိုင်မည့်အပြင် ကားလေ့လာသူများအနေဖြင့်လည်း ကားအမျိုးအစားအားလုံးအတွက် ဒီဇိုင်းသစ်နမူနာများကို လေ့လာနိုင်မည့် အခွင့်အရေးများ ရရှိမည် ဖြစ်သည်။

အောက်တွင် ၂၀၂၃ ခုနှစ်၊ ဂျပန်ကားပြပွဲတွင် ပြသမည်ဟု ကြေညာထားသော ကားများအကြောင်း စုစည်းဖော်ပြအပ်ပါသည်။

 

 


(BMW iX2))

 

 

အပျံစား BMW iX2 ကားသစ်ကို တိုကျိုတွင် ပထမဆုံးစတင် ပွဲထုတ်သည်။

ထင်းနေသော သွင်ပြင်ရှိသော iX2 တွင် 64.8 kWh ဘက်ထရီနှင့် လျှပ်စစ်မော်တာ ၂ လုံးတပ်ဆင်ထားသည်။

အမြင့်ဆုံး output အားဖြင့် 313 bhp ထွက်ပြီး ရုန်းအား 364 lb-ft ရှိသည်။

0-62 mph ကို 5.6 စက္ကန့်အတွင်း ရရှိနိုင်သည်။

iX2 လျှပ်စစ်ကားကို အမေရိကန်ဈေးကွက်တွင် ရောင်းချမည် မဟုတ်ချေ။

 

 

 

(Daihatsu Me:Mo Concept)) (ဒီဇိုင်းပြရန် စမ်းသပ်ထုတ်လုပ်သောကား)

 

 

Me:Mo သည် သေတ္တာပုံးဆန်ကာ ကြီးမားသော ပြတင်းများရှိသော ကားဒီဇိုင်းဖြင့် တွေ့ရသည်။

Daihatsu က ဤကားအကြောင်း ထုတ်ပြန်ထားမှု များစွာမရှိ။
သို့သော် Me:Mo ၏ Theme မှာ ‘ကားနှင့်လူတို့အကြား ဆက်သွယ်မှုကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်း’ဟု ဖော်ပြထားသည်။

 

 

(Daihatsu Uniform Truck & Cargo Concepts)) (ဒီဇိုင်းပြရန် စမ်းသပ်ထုတ်လုပ်သောကား))

 

 

Daihatsu က ဤကဏ္ဍအတွက် ဒီဇိုင်း ၂ မျိုးချပြထားသည်။

Uniform Cargo မှာ ကုန်သယ် ဗန်ကားငယ်ဖြစ်ပြီး Uniform Truck မှာ အလားတူ သွင်ပြင်မျိုးပင်ဖြစ်‌သော်လည်း အမိုးမြင့်သည်။

ထိုပုံစံ ၂ မျိုးလုံး၏ အလျားမှာ ၁၃၃ ဒသမ ၇ လက်မရှိသည်။

 

 

(Daihatsu Osanpo Concept)) (ဒီဇိုင်းပြရန် စမ်းသပ်ထုတ်လုပ်သောကား))

 

 

ထူးဆန်းသော စိတ်ကူးဖြင့် ပုံဖော်ထားသော လျှပ်စစ်ကားဖြစ်သည်။

နာမည်မှာ ဂျပန်ဘာသာအရ လမ်းလျှောက်ခြင်းဟူသော အဓိပ္ပာယ်မှ ဆင်းသက်လာသည်။

ပြိုင်ကားတစ်စင်းအဖြစ် ရည်ရွယ်ထုတ်လုပ်ခြင်းမဟုတ်။

 

 


(Daihatsu Vision Copen))

 

 

Vision Copen မှာ အရွယ်အစားပိုမိုကြီးမားပြီး စွမ်းအားကောင်းသည်။

အလျားမှာ ၁၅၁ လက်မရှိရာ ၂၀၂၃ ခုနှစ်ထုတ် Mazda MX-5 အရွယ်အစားနီးပါးရှိသည်။

အင်ဂျင်မှာ 1.3-litre အင်ဂျင်တပ်ဆင်ထားသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Japan Mobility Show 2023: What to expect  (motor1)