City Taxi ယာဉ်တွေမှာ ဘေးစတေကာကပ်ခိုင်းရတာဟာ ယာဉ်အန္တရာယ်ကင်းရှင်း စေရေးအတွက်ကြောင့်ဖြစ်တယ်လို့ YRTC ပြော

  • 282 views

 

ရန်ကုန်မှာပြေးဆွဲနေတဲ့ City Taxi ယာဉ်တွေမှာ ဘေးစတေကာအဝါရောင်လိုင်း ကပ်ခိုင်းရတာဟာ ယာဉ်အန္တရာယ်ကင်းစေရှင်းစေဖို့အတွက်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရဲ့တွဲဖက်အတွင်းရေးမှူး ဦးလျင်ကျင့်မာန်ကပြောပါတယ်။ City Taxi ယာဉ်တွေမှာ အဝါရောင်စတေကာ ကပ်တဲ့အခါ ညအချိန်တွေမှာ အလွယ်တကူမြင်သာစေနိုင်တာကြောင့် ယာဉ်မတော်တဆမှုကို ရှောင်ရှားနိုင်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ညွှန်ကြားချက်အရ City Taxi ယာဉ်တွေရဲ့ဘေးတွေမှာ အဝါရောင်လိုင်း တွေ ကပ်ထားရမှာဖြစ်ပြီး ပညာပေးကာလအဖြစ် (၂၀၂၄)ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့အထိ သတ်မှတ်ထား ပါတယ်။ ပညာပေးကာလပြီးသွားရင်တော့ မလိုက်နာတဲ့ City Taxi ယာဉ်တွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘေးစတေကာအဝါရောင်လိုင်း ကပ်ရမယ်လို့ စတင်ညွှန်ကြားချက်ထုတ်ပြန်ပြီး အောက်တိုဘာလ (၁၂)ရက်နေ့ ကနေ လက်ရှိအချိန်အထိ City Taxi အစီးရေ (၁၀၀၀၀)ကျော် လာရောက် စတေကာကပ်ထားပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com