ပြည်ပနိုင်ငံတွေကို ဓာတ်ဆီနှင့်ဒီဇယ် တင်ပို့ရောင်းချမှု ရုရှားယာယီရပ်ဆိုင်း

  • 343 views

 

ရုရှားနိုင်ငံကနေ ပြည်ပနိုင်ငံတွေကိုရောင်းချတဲ့ ဓာတ်ဆီနဲ့ဒီဇယ် တင်ပို့နေမှုကို ရုရှားဘက်က ယာယီပိတ်ပင်လိုက်တယ်လို့ ဒီဇင်ဘာလ(၂၁)ရက်နေ့က ရုရှားအစိုးရက ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်နိုင်ငံဟောင်းတွေဖြစ်တဲ့ ဘီလာရုစ်၊ ကာဇက်စတန်၊ အာမေးနီးယားနဲ့ကာဂျစ်စတန်နိုင်ငံတွေကို လောင်စာဆီတင်ပို့မှု ပိတ်ပင်တဲ့နိုင်ငံတွေထဲမှာ မပါဝင်ဘူးလို့ ဆိုပါတယ်။ ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ်သုံး လောင်စာတွေ တရားမဝင်တင်ပို့မှုကို တားဆီးနိုင်မှာဖြစ်တယ်လို့လည်း ရုရှားအစိုးရဘက်က ပြောဆိုထားပါတယ်။

အခုလို ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချတာ ပိတ်လိုက်တဲ့အတွက် ပြည်တွင်းမှာလောင်စာဆီဈေးနှုန်းတွေ ကျဆင်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီကန့်သတ်ချက်ဟာ ကြေညာချက်ထုတ်ပြန်ပြီးပြီးချင်း အကျုံးဝင်မှာဖြစ်ပြီး ကာလသတ်မှတ်ချက်ကို ဖော်ပြထားတာတော့ မရှိဘူးလို့ ရုရှားနိုင်ငံရဲ့ နိုင်ငံတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံဟာ စက်တင်ဘာလ (၁)ရက်နေ့ကနေ(၂၀)ရက်နေ့အထိ ပင်လယ်ရေကြောင်းကနေ ဓာတ်ဆီနဲ့ဒီဇယ်တင်ပို့မှုကို (၃၀) ရာခိုင်နှုန်း လျော့ချခဲ့ပြီးတဲ့ နောက်ပိုင်းမှာပဲ အခုကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။

 

ရုရှားနိုင်ငံက ပြီးခဲ့တဲ့နှစ်က ဓာတ်ဆီ တန်ချိန်(၄.၈၁၇) သန်းနဲ့ ဒီဇယ်တန်ချိန် (၃၅)နီးပါး တင်ပို့နိုင်ခဲ့တယ်လို့ ရုရှားနိုင်ငံရဲ့ နိုင်ငံတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လောင်စာဆီတွေကို ရုရှားနိုင်ငံကနေ တင်သွင်းဖို့ အစိုးရချင်း ညှိနှိှုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com