ရန်ကုန်မှာ EV ဘတ်(စ်)ကားများ ပြေးဆွဲနိုင်ရေး (YUPT) ကြိုးပမ်းမည်

  • 215 views

 

ရန်ကုန်တိုင်းအတွင်းမှာ EV ဘတ်(စ်)ကားတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ (YUPT) အနေနဲ့ ကြိုးပမ်းနေတယ်လို့ ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YUPT) ရဲ့ ဥက္ကဋ္ဌဦးအောင်ဝင်းက ပြောပါတယ်။ အစိုးရအနေနဲ့ကလည်း လျှပ်စစ်ကားတွေပြေးဆွဲဖို့ ချမှတ်ထားတဲ့အတွက် (YUPT) ကုမ္ပဏီအနေနဲ့လည်း နောက်ပိုင်းမှာ EV ဘတ်(စ်)ကားတွေ ပြေးဆွဲပေးဖို့ ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်းပြေးဆွဲပေးနေတဲ့ YBS ယာဉ်ဟောင်းတွေနေရာမှာ EV ဘတ်(စ်)ကားတွေနဲ့ အစားထိုးပြေးဆွဲပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ပြောဆိုထားပါတယ်။ ဒါ့အပြင် အဝေးပြေးခရီးသည်တင်ယာဉ်တွေကို EV အဝေးပြေးယာဉ်တွေနဲ့ ပြေးဆွဲပေးမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှာတော့ အခက်အခဲတချို့ ရှိနေသေးတယ်လို့ EV ကား တင်သွင်းနေသူတချို့က ပြောပါတယ်။

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (YUPT)ဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အစုရှယ်ယာတန်ဖိုး (၃၄)ဘီလီယံကျော် ပိုင်ဆိုင်ထားတာဖြစ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ညွှန်ကြားမှုအောက်မှာရှိနေတာပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ကုမ္ပဏီတစ်ခုလုံးရဲ့ အစုရှယ်ယာ (၉၂)ရာခိုင်နှုန်းကျော်အထိ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com