ကိုရီးယားထုတ် Genesis G90 Sedan ဥရောပတွင် စက်တင်ဘာ ၂၆ ၌ စတင်ဖြန့်ချိမည်

  • 220 views

 

ကိုရီးယားထုတ် Genesis G90 Sedan ကို အမေရိကန်ဈေးကွက်တွင် မိတ်ဆက်ခဲ့ပြီး တစ်နှစ်အကြာ ယခုအခါ ဥရောပဈေးကွက်တွင် စတင်ဖြန့်ချိတော့မည် ဖြစ်သည်။

Genesis G90 ၏ ဈေးနှုန်းမှာ Mercedes S-Class တို့ထက် ဈေးနှုန်းပိုမို မြင့်မားနေသည်။

Hyundai ထုတ် Genesis G90 ကို စက်တင်ဘာလ ၂၆ ရက်တွင် ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် စတင် ရောင်းချပေးမည် ဖြစ်သည်။

 

Genesis G90 ၏ ပြိုင်ဖက်များကို ကြည့်မည်ဆိုလျှင် Mercedes S-Class, BMW 7 Series နှင့် Audi A8 တို့ ရှိနေသည်။

၂၀၂၃ ခုနှစ်ထုတ် Genesis G90 ကို Version ၂ မျိုးဖြင့် ရရှိနိုင်ရာ ပုံမှန်မော်ဒယ်နှင့် ရှေ့နောက် ဝင်ရိုးရှည် (long wheelbase) မော်ဒယ်တို့ ရနိုင်မည် ဖြစ်သည်။

 

 

ပုံမှန်မော်ဒယ်ကို ဂျာမနီတွင် ယူရို ၁၁၅၀၀၀ (မြန်မာကျပ်ငွေ ၂၅၆၇ သိန်း) ဖြင့်လည်းကောင်း၊ ဆွစ်ဇာလန်တွင် ကန်ဒေါ်လာ ၁၄၄၁၄၁ (မြန်မာကျပ်ငွေ ၃၀၂၆ သိန်း) ဖြင့်လည်းကောင်း ရောင်းချပေးမည် ဖြစ်သည်။

Long wheelbase မော်ဒယ်ကို ဂျာမနီတွင် ယူရို ၁၂၅၀၀၀ (မြန်မာကျပ်ငွေ ၂၇၉၀ သိန်း) ၊ ဆွစ်ဇာလန်တွင် ကန်ဒေါ်လာ ၁၅၅၄၀၀ (မြန်မာကျပ်ငွေ ၃၂၆၂ သိန်း) ဖြင့် ရောင်းချမည် ဖြစ်သည်။

 

 

 

(မှတ်ချက်။ စက်တင်ဘာ ၂၁ ရက် သတ်မှတ်ငွေလဲနှုန်း ၁ ယူရိုလျှင် မြန်မာကျပ်ငွေ ၂၂၃၂ ကျပ်၊ ကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၀၉၉ ကျပ်တို့ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်)

 

ဈေးနှုန်းနှိုင်းယှဉ်မှုကို ကြည့်မည်ဆိုလျှင် Mercedes-Benz S-Class အသစ်တစ်စီးဝယ်မည်ဆိုလျှင် Genesis G90 လောက် ကုန်ကျမည် မဟုတ်ချေ။

Mercedes-Benz S-Class အသစ်တစ်စီး၏ ဈေးနှုန်းမှာ ဂျာမနီပြည်တွင်း ဝက်ဘ်ဆိုက် ယူရို ၁၁၁၇၂၉ ဒသမ ၁၀ (ကန်ဒေါ်လာ ၁၁၉၂၆၄) ဟု ဖော်ပြသည်။

 

 

BMW ၏ 7 Series မှာ ယူရို ၁၁၆၀၀၀ (ကန်ဒေါ်လာ ၁၂၃၈၂၃) မှ စတင်ပြီး Audi A8 ဆိုလျှင် ယူရို ၁၀၁၉၀၀ (ကန်ဒေါ်လာ ၁၀၈၇၇၂) မျှဖြင့် ဝယ်ယူရရှိနိုင်သည်။

အမေရိကန်ပြည်ထောင်စုတွင် Genesis G90 ကို အင်ဂျင်ပုံစံ ၂ မျိုးဖြင့် ရရှိနိုင်ရာ 3.5T AWD နှင့် 3.5T E-Supercharger AWD ဟူ၍ရှိပြီး မြင်းကောင်ရေ ၃၇၅ နှင့် ၄၀၉ အသီးသီးရှိသည်။

 

 

ဥရောပတွင် ရောင်းချပေးမည့် Genesis G90 ၏ Specification ကို ကြည့်မည်ဆိုလျှင် 3.5-liter turbocharged V6 ဓာတ်ဆီ အင်ဂျင်နှင့် 48-Volt electric supercharger တို့ တပ်ဆင်ထားသည်။

စုစုပေါင်း output အားမှာ မြင်းကောင်ရေ ၄၀၉ ရှိပြီး ရုန်းအားမှာ 549 Nm (405 lb-ft) ဖြစ်သည်။

ကားမော်ဒယ် ၂ မျိုးလုံးမှာ all-wheel-drive များဖြစ်ကြကာ 8-speed automatic transmission ဖြစ်သည်။

 

 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Genesis G90 Sedan Launching in Europe This Month, Costs More Than a Mercedes S-Class  (autoevolution)