- ပင်မစာမျက်နှာ
- ကားသတင်းများ
- ရန်ကုန်တိုင်းအတွင်း ယာဉ်တိုက်မှုလျော့နည်းအောင် တစိုက်မတ်မတ်ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ညွှန်ကြား
ရန်ကုန်တိုင်းအတွင်း ယာဉ်တိုက်မှုလျော့နည်းအောင် တစိုက်မတ်မတ်ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ညွှန်ကြား
- 326 views
ရန်ကုန်တိုင်းအတွင်း သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရှိသူတွေ၊ သေဆုံးသူတွေ လျော့နည်းအောင် တစိုက်မတ်မတ်ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ညွှန်ကြားလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီညှိနှိုင်း အစည်းဝေးပွဲမှာ ညွှန်ကြားလိုက်တာလည်း ဖြစ်ပါတယ်။
Yangon Road Safety Committee (YRSC) က တာဝန်ရှိသူတွေအနေနဲ့လည်း Road Safety ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို သိရှိကျွမ်းကျင်တဲ့ ယာဉ်မောင်းတွေကိုသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးဖို့နဲ့ စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်မောင်းတွေအပြင် လမ်းအသုံးပြုသူတွေကိုပါ အမြဲမပြတ် စစ်ဆေးအရေးယူဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
ယာဉ်တိုက်မှုကျူးလွန်သူတွေကိုလည်း ထိရရောက်တဲ့အပြစ်ဒဏ်ချမှတ်ဖို့ကိုလည်း ပြောဆိုသွားပါသေးတယ်။ အခု (၂၀၂၃)ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ ရန်ကုန်တိုင်းအတွင်းမှာ ယာဉ်တိုက်မှု (၆၄) မှု၊ ထိခိုက်ဒဏ်ရာရရှိသူ (၉၅၇) ဦးနဲ့ သေဆုံးသူ (၃၁၉) ဦးရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီကနေ သိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com