- ပင်မစာမျက်နှာ
- ကားသတင်းများ
- ထိုင်းနိုင်ငံထုတ် အိတ်ဆောင် EV အားသွင်းစက် ပထမဆုံးဈေးကွက်ထဲဝင်ရောက်လာ
ထိုင်းနိုင်ငံထုတ် အိတ်ဆောင် EV အားသွင်းစက် ပထမဆုံးဈေးကွက်ထဲဝင်ရောက်လာ
- 328 views
ထိုင်းနိုင်ငံရဲ့ အီလက်ထရွန်နစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Smart ID Group ဟာ အိတ်ဆောင် EV အားသွင်းစက်တွေကို ထုတ်လုပ်ပြီး ထိုင်းနိုင်ငံရဲ့ဈေးကွက်ထဲကိုပထမဆုံး ရောင်းချလာတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာဖော်ပြထားပါတယ်။ အဲဒီ အားသွင်းစက်ကို Anitech EV-One လို့လည်း နာမည်ပေးထားပါတယ်။
အဲဒီ Anitech EV-One အိတ်ဆောင် EV အားသွင်းစက်ကို ထုတ်လုပ်တပ်ဆင်ဖို့အတွက် တစ်နှစ်ကျော်လောက် အချိန်ယူလုပ်ဆောင်ခဲ့ရတယ်လို့လည်း ကုမ္ပဏီဘက်ကဆိုပါတယ်။ ဘတ် (၅) သန်းကျော် အကုန်ကျခံ ရင်းနှီးမြှုပ်နှံထားတဲ့ အဲဒီ EV အားသွင်းစက်ကို တစ်နှစ်ကို EV-One အခုရေ (၁၀၀၀) ကျော် ရောင်းချနိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။
Anitech EV-One ဟာ Type 2 Charger Head ကိုအသုံးပြုထားပြီးတော့ Power Current (၄) မျိုးကို ချိန်ညှိအသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဘတ် (၁၂၀၀၀) ကျော်ရှိပါတယ်။ လက်ရှိ ထိုင်းနိုင်ငံရဲ့ EV ဈေးကွက်ဟာ ဝယ်လိုအား မြင့်တက်နေတယ်လို့လည်း Smart ID Group ရဲ့ CEO က ပြောဆိုထားပါတယ်။
EV ဈေးကွက်ရဲ့ ကမ္ဘာ့ရောင်းအားဟာ အခုနှစ်မှာ အစီးရေ (၁၅) သန်းရှိနေပြီး လာမယ့်နှစ်မှာ အစီးရေ (၁၇.၉) သန်းအထိ များပြားလာနိုင်တယ်လို့ Smart ID Group ရဲ့ CEO က ပြောဆိုထားပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com