- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် စက်တင်ဘာလအတွင်း လက်ကားအရောင်းရဆုံး မော်ဒယ်များ၌ Tesla Model Y မှာ ထိပ်ဆုံးမှ ဦးဆောင်
တရုတ်ပြည်တွင် စက်တင်ဘာလအတွင်း လက်ကားအရောင်းရဆုံး မော်ဒယ်များ၌ Tesla Model Y မှာ ထိပ်ဆုံးမှ ဦးဆောင်
- 42 views
တရုတ်ပြည်တွင် Tesla Model Y သည် စက်တင်ဘာလအတွင်း လက်ကားရောင်းအား အစင်းရေ ၅၉၉၀၇ ရှိခဲ့ပြီး အရောင်းရဆုံးမော်ဒယ်ဖြစ်ခဲ့ကြောင်း China Passenger Car Association (CPCA) က ထုတ်ပြန်သည်။
Model Y ၏ နောက်တွင် Wuling Hongguang Mini EV နှင့် Geely Geome Xingyuan တို့မှာ ဒုတိယနှင့် တတိယနေရာတို့တွင် အသီးသီး ရပ်တည်နေသည်။ ထိုမော်ဒယ် ၂ မျိုးလုံး၏ ရောင်းအားမှာ အစင်းရေ ၅၀၀၀၀ ကျော် ရှိသည်။
စက်တင်ဘာလအတွင်း အိမ်စီးကား လက်ကား ရောင်းချခဲ့မှုမှာ အစင်းရေ ၂ ဒသမ ၈၀၃ သန်း ဖြစ်သည်။
(မှတ်ချက်။ လက်ကားရောင်းချမှုဟူသည်မှာ ကားထုတ်လုပ်သည့်ကုမ္ပဏီတို့က ကားအရောင်းကုမ္ပဏီများ၊ ကားပြခန်းများသို့ ဖြန့်ချိရောင်းချခဲ့မှုကို ဆိုလိုသည်။ လက်လီပြန်လည်ရောင်းချရာတွင် ထိုအစင်းရေအားလုံး ရောင်းထွက်ခြင်း၊ မထွက်ခြင်းကို မဆိုလို)
ထိုရောင်းအားမှာ ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ၁၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး လအလိုက် နှိုင်းယှဉ်လျှင် ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
အထူးသဖြင့် ဆီဒင်များ လက်ကားရောင်းချခဲ့ရမှုမှာ အစင်းရေ ၁ ဒသမ ၁၂၉ သန်းရှိပြီး နှစ်အလိုက်နှိုင်းယှဉ်လျှင် ၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
SUV ရောင်းအားမှာ အစင်းရေ ၁ ဒသမ ၅၆၁ သန်းရှိပြီး နှစ်အလိုက် နှိုင်းယှဉ်လျှင် ၁၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
MPV မှာ အစင်းရေ ၁၁၂၀၀၀ ရောင်းအားရှိခဲ့ပြီး နှစ်အလိုက်နှိုင်းယှဉ်လျှင် ရောင်းအား ၁၉ ရာနှုန်း မြင့်တက်လာသည်။
((တရုတ်ပြည်တွင် စက်တင်ဘာလအတွင်း လက်ကား ရောင်းအားအကောင်းဆုံး အိမ်စီးကားများ))
၁။ Tesla Model Y = အစင်းရေ ၅၉၉၀၇
၂။ Wuling Hongguang Mini EV = ၅၄၄၉၈ စင်း
၃။ Geely Geome Xingyuan = ၅၀၂၀၃ စင်း
၄။ BYD Song = ၄၂၁၇၈ စင်း
၅။ BYD Qin = ၄၁၀၅၇ စင်း
၆။ Geely Boyue = ၃၅၂၃၁ စင်း
၇။ BYD Seagull = ၃၄၅၈၆ စင်း
၈။ BYD Seal 06 = ၃၂၈၇၂ စင်း
၉။ Nissan Sylphy = ၃၂၁၄၃ စင်း
၁၀။ BYD Yuan UP = ၃၁၇၇၅ စင်း
စက်တင်ဘာလအတွင်း လက်ကား အရောင်းရဆုံး ကားမော်ဒယ် ၂၅ မျိုးအနက် ၁၃ မျိုးမှာ စွမ်းအင်သစ် (NEVs) များဖြစ်သည်။
စက်တင်ဘာလအတွင်း NEVs လက်ကားရောင်းအားမှာ အစင်းရေ ၁ ဒသမ ၅၀ သန်းရှိခဲ့ပြီး နှစ်အလိုက် နှိုင်းယှဉ်လျှင် ၂၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ လအလိုက်နှိုင်းယှဉ်လျှင် ၁၅ ဒသမ ၉ ရာခိုင်နှုန်း ရောင်းအားတက်လာသည်။
အရောင်းရဆုံး မော်ဒယ်များနောက်တွင် ထုတ်လုပ်သူများကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ပြီးခဲ့သောလအတွင်း လက်ကားရောင်းအား အကောင်းဆုံး ထိပ်တန်းကားထုတ်လုပ်သည့်ကုမ္ပဏီ ၃ ခုမှာ BYD, Geely နှင့် Chery တို့ဖြစ်ပြီး ရောင်းအားမှာ အစင်းရေ ၃၉၃၀၀၀ ၊ ၂၇၃၀၀၀ နှင့် ၂၆၉၀၀၀ အသီးသီး ရောင်းအားရှိခဲ့သည်။
ဈေးကွက်ဝေစုအားဖြင့် ၁၄ ရာခိုင်နှုန်း၊ ၉ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး ခွဲဝေရရှိထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: China’s best-selling wholesale passenger vehicle ranking: Tesla Model Y, Wuling Hongguang Mini EV, Geely Geome Xingyuan, September 2025 (carnewschina)