Ford ကုမ္ပဏီက မော်ဒယ်သစ် Bronco လျှပ်စစ် SUV ကို တရုတ်ပြည်တွင် blind pre-order စတင်ရောင်းချ၊ BEV နှင့် EREV ဗားရှင်းများ ရရှိနိုင်

  • 54 views

e59bbee78987-e1759297851259.jpg

Ford ကုမ္ပဏီသည် မော်ဒယ်သစ် Bronco လျှပ်စစ် SUV ကို blind pre-order စတင်ရောင်းချပေးလာသည်။

(မှတ်ချက်။ Bling pre-order ဟူသည်မှာ ကားမော်ဒယ်သစ်တစ်ခုကို ဈေးနှုန်း အပါအဝင် မည်သည့်အချက်အလက်မှ ချမပြဘဲ deposit ကောက်ခံကာ pre-order စတင်ရောင်းချခြင်းဖြစ်သည်။ customer တို့အနေဖြင့် ဈေးနှုန်းမည်မျှပေးရမည်မှန်း မသိဘဲ ကြိုတင်ဝယ်ယူရခြင်းဖြစ်သည်)

မော်ဒယ်သစ် Bronco လျှပ်စစ် SUV ဝယ်လိုသူများအနေဖြင့် ယွမ် ၁၀၀၀ (ဒေါ်လာ ၁၄၀) deposit သွင်းရမည်ဟု ဆိုသည်။

e59bbee78987-1.jpg

မော်ဒယ်သစ် Bronco မှာ ပျော်ပွဲစားခရီးထွက်တတ်သူများအတွက် အထူးသင့်တော်ပြီး ခလုတ်တစ်ချက်နှိပ်လိုက်ရုံဖြင့် အမိုးကို မြှင့်တင်ပေးနိုင်သည့် လုပ်ဆောင်ချက် ပါဝင်သည်။

ထိုစနစ်မှာ ယွမ် ၁၂၀၀၀ (ဒေါ်လာ ၁၇၀၀) ခန့် တန်ကြေးှရှိသည်ဟု ဆိုသည်။

ထို့အပြင် ရှေ့ခုံများကို ခေါက်လိုက်ကာ ပြန့်ပြူးသော အိပ်ရာနေရာကို ခလုပ်တစ်ချက်နှိပ်ရုံဖြင့် ခင်းကျင်းပြီး ဖြစ်စေနိုင်သည်။

အခြား ကားများတွင်ကဲ့သို့ ယာဉ်မောင်းခုံမှ headrest နေရာ ခုံးထနေခြင်းမျိုး မရှိဘဲ တပြေးတည်း ပြန့်ပြူးသွားစေသည်ဟု ဆိုသည်။

e59bbee78987-2.jpg

Ford Bronco ကို ယခုနှစ် ချန်ဒူးကားပြပွဲကြီးတွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ကားစစ်စစ်နှင့် ခရီးဝေးမောင်းနိုင်သော EREV ဗားရှင်းများ ရနိုင်သည်။

Ford ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ မကြာမီကျင်းပမည့် ကွမ်ကျိုးကားပြပွဲကြီးတွင် pre-sale စတင်ရောင်းချပေးမည်ဖြစ်ပြီး နှစ်ကုန်တွင် တရားဝင် စတင်ရောင်းချမည်ဟု ဆိုသည်။

ရှေ့ဘက်တွင် မီးလင်း BRONCO လိုဂိုကို ရှေ့မီးကြီးများနှင့် ပေါင်းစပ်ကာ Light bar အဖြစ် ဖန်တီးထားသည်။

အမိုးပေါ်တွင် LiDAR စနစ်ပါဝင်ပြီး sensor နှင့် ကင်မရာ ၃၀ ကျော် ပါဝင်သည်။

EREV ၏ အရွယ်အစားမှာ 5025/1960/1825 (1815/1840) mm ရှိပြီး wheelbase မှာ 2950 mm ဖြစ်သည်။

e59bbee78987-3.jpg

BEV အရွယ်အစားမှာ 5025/1960/1815 (1825) mm ရှိသည်။

BEV တွင် မော်တာ ၂ လုံး အသုံးပြုထားပြီး EREV ဗားရှင်းတွင် 1.5T turbocharged အင်ဂျင်နှင့် မော်တာ ၂ လုံးပါသည်။
BEV ၏ ဘက်ထရီမှာ 105.4kWh battery ဖြစ်ပြီး ကီလို ၆၅၀ မောင်းနိုင်သည်။

EREV တွင် 43.7kWh ဘက်ထရီသုံးထားပြီး လျှပ်စစ်သီးသန့်ဖြင့် ကီလို ၂၂၀ မောင်းနိုင်ကာ စုစုပေါင်း range မှာ ကီလို ၁၂၂၀ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Ford Bronco opens pre-orders in China with BEV and EREV versions (carnewschina)