• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • BYD ၏ Yangwang U9 Xtreme ကို ဂျာမနီနိုင်ငံတွင် စက်တင်ဘာလအတွင်း စမ်းသပ်မောင်းနှင်ရာ တစ်နာရီလျှင် ၄၉၆ ဒသမ ၂၂ ကီလိုမီတာအထိ မောင်းနိုင်ခဲ့ရာ ကမ္ဘာ့အမြန်ဆုံး production car ဖြစ်လာ

BYD ၏ Yangwang U9 Xtreme ကို ဂျာမနီနိုင်ငံတွင် စက်တင်ဘာလအတွင်း စမ်းသပ်မောင်းနှင်ရာ တစ်နာရီလျှင် ၄၉၆ ဒသမ ၂၂ ကီလိုမီတာအထိ မောင်းနိုင်ခဲ့ရာ ကမ္ဘာ့အမြန်ဆုံး production car ဖြစ်လာ

  • 33 views

weixin-image_20250920220833_268_10-1536x871.jpg

BYD သည် ယခင်က Yangwang U9 Track Edition ဟု အများသိထားခဲ့သော Yangwang U9 Xtreme ကို ထုတ်ပြလာသည်။

Yangwang U9 Xtreme ကို ဂျာမနီနိုင်ငံရှိ ကားစမ်းသပ်သည့် Papenburg ကွင်းတွင် ယခု စက်တင်ဘာလ အတွင်း ကမ္ဘာ့အဆင့် စမ်းသပ်အတည်ပြုမှု ပြုလုပ်ခဲ့ရာတွင် အမြင့်ဆုံးမြန်နှုန်း 496.22 km/h (308.4 mph) နှုန်း မောင်းနှင်နိုင်ခဲ့ရာ သမိုင်းတစ်လျှောက် ကမ္ဘာ့အမြန်ဆုံး production ကား ဖြစ်လာသည်။

(မှတ်ချက်။ production ကား ဟူသည်မှာ နမူနာကား အဆင့်မျှမဟုတ်ဘဲ လက်တွေ့ထုတ်လုပ်ရောင်းချသည့် အဆင့်သို့ ရောက်ရှိကာ ထုတ်လုပ်သောကားကို ဆိုလိုသည်)

U9 Xtreme သည် Nürburgring Nordschleife ကားကွင်းကို 6:59.157  ( ၆ မိနစ်၊ ၅၉ ဒသမ ၁၅၇ စက္ကန့်) ဖြင့် မောင်းနှင်နိုင်ခဲ့ရာ Xiaomi SU7 Ultra တင်ထားသည့် စံချိန်ဖြစ်သော 7:04.957 ကို ဖြတ်ကျော်ခဲ့သည်။

U9 Xtreme ကို ကမ္ဘာ့ဈေးကွက်အတွက် အစင်းရေ ၃၀ သာ ကန့်သတ် ထုတ်လုပ်ပေးမည် ဖြစ်သည်။

U9 Xtreme ၏ အမြန်နှုန်းမှာ ယခင်ကမ္ဘာ့စံချိန်များဖြစ်သော Bugatti Chiron Super Sport 300+ ၏ 490.5 km/h ကို ဖြတ်ကျော်ခဲ့ပြီး Aspark Owl ၏ 438.7 km/h မြန်နှုန်းကိုမူ အပြတ်အသတ် ချန်ထားခဲ့နိုင်သည်။

U9 Xtreme သည် ရှိရင်းစွဲ U9 ကို အခြေခံ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လေခွင်းအား ပိုမိုကောင်းမွန်စေမည့်အရာများ တိုးချဲ့ထည့်သွင်းပေးထားရာ ရှေ့ပိုင်းတွင် ပိုမိုကြီးမားသော carbon fibre front splitter၊ dual-channel အမိုးဒီဇိုင်း၊ ငန်းရိုင်းလည်တိုင် နောက်ဘက် spoiler တို့ အပါအဝင် ဖြစ်သည်။

681538e1gy1i5kifx3sw5j22yo1o04qp-large-picsart-aiimageenhancer-1536x864.jpg

အရွယ်အစားမှာ 4,991/ 2,029 / 1,351 mm ရှိပြီး wheelbase မှာ 2,900 mm ရှိသည်။

ကားဘီးမှာ လက်မ ၂၀ dual five-spoke ဖြစ်ပြီး GitiSport e•Gtr2 Pro semi-slick တာယာများ အသုံးပြုထားသည်။

ဘရိတ်စနစ်ကို ကြည့်မည်ဆိုလျှင် တိုက်တေနီယမ် callipers နှင့် အဆင့်မြှင့်ထားသော carbon-ceramic discs များကို သုံးထားသည်။

BYD ၏ Yi Sifang system ကို အသုံးပြုထားပြီး မော်တာ ၄ လုံးပါသည်။

မော်တာတစ်လုံးစီမှ အထွက်အား 555 kW ရှိပြီး စုစုပေါင်း အထွက်အား 2,220 kW (3000 hp နီးပါး) ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD unveils Yangwang U9 Xtreme, hits 496.22 km/h, world’s fastest production car (carnewschina)