• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • လန်ဒန်တွင် မျှော်စင်တံတား ခေါက်သိမ်းနေချိန် ခရီးသည်များ လိုက်ပါလာသော ဘတ်စ်ကားတစ်စင်း ခုန်ကျော်ဖြတ်သန်းမောင်းနှင်ခဲ့ပုံ

လန်ဒန်တွင် မျှော်စင်တံတား ခေါက်သိမ်းနေချိန် ခရီးသည်များ လိုက်ပါလာသော ဘတ်စ်ကားတစ်စင်း ခုန်ကျော်ဖြတ်သန်းမောင်းနှင်ခဲ့ပုံ

  • 46 views

©Totman_080520_031.jpg

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မျှော်စင်တံတားနှင့် ဘတ်စ်ကားတစ်စင်းအကြောင်း ဇာတ်လမ်းမှာ ပြောစမှတ်တွင်သည်။

■ ဘာတွေဖြစ်ခဲ့လဲ

2017-03-23-Bridge-Opening-21.webp

အချိန်ကား ၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။
အဲလ်ဘတ် ဂန်တာအမည်ရှိ ဘတ်စ်ကား ယာဉ်မောင်းတစ်ဦးသည် အမှတ် ၇၈ ဘတ်စ်ကားကြီးကို စိတ်လက်ပေါ့ပါးစွာ မောင်းနှင်လာသည်။ လန်ဒန်အရှေ့ပိုင်းရှိ Shoreditch ခရိုင်ကို သွားရန်အတွက် မျှော်စင်တံတားကြီးကို မောင်းတက်လာသည်။

ထိုသို့ တံတားပေါ်မောင်းနေစဉ် တံတားမှာ နှစ်ခြမ်းဟကာ ခေါက်သိမ်းနေသည်ကို ဂန်တာ သတိပြုလိုက်မိသည်။ဂန်တာလည်း ဂီယာကို နင်းလိုက်ရင်း နှစ်ခြမ်းဟနေသော တံတားကို ခုန်ကျော်ရာ မျှော်စင်တံတား၏ မြောက်ဘက်ခြမ်းသို့ ချောချောမောမောရောက်သွားသည်။ကားပေါ်တွင် လိုက်ပါလာသော ခရီးသည် ၂၀ ဦးမှာလည်း အသက်အန္တရာယ်မရှိခဲ့။သို့သော် ကြိုတင်ကာကွယ်မှုအနေဖြင့် ကားပေါ်လိုက်ပါလာသူအားလုံးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ကားပေါ်တွင် လိုက်ပါလာသူများအနက် ဒဏ်ရာရသူတစ်ဦးတည်းသာရှိခဲ့ရာ ထိုသူမှာ ဂန်တာဖြစ်ပြီး ခြေထောက်ကျိုးသွားခြင်း ဖြစ်သည်။တစ်နာရီလျှင် ၁၂ မိုင် (၁၉ ဒသမ ၃ ကီလိုမီတာ) နှုန်း မောင်းနှင်ခဲ့သော ဘတ်စ်ကားမှာလည်း ထိခိုက်ပျက်စီးမှု မရှိခဲ့ချေ။

■ တံတားပိတ်တာ ဘာကြောင့်မသိတာလဲ

Albert Gunter's reward - Alamy - web.webp

၁၉၅၀ ပြည့်လွန်ကာလများက မျှော်စင်တံတား အဖွင့်အပိတ်ချိန်များတွင် အစောင့်တစ်ဦးခန့်ထားကာ သတိပေး ခေါင်းလောင်းတီးလေ့ရှိသည်။ ထိုနေ့ကမူ ထိုသူက သတိပေးခေါင်းလောင်းတီးရန် မေ့နေခဲ့ခြင်းဖြစ်သည်။

■ အဲလ်ဘတ် ဂန်တာ ဆုရရှိခဲ့ = ဂန်တာမှာ ရဲရင့်မှုနှင့် ဆုံးဖြတ်ချက်အမှန်ကို မြန်မြန်ဆန်ဆန် ချမှတ်နိုင်မှုတို့အတွက် ခွင့် ၁ ရက်နှင့် ၁၀ ပေါင် (ယနေ့ခေတ် ငွေတန်ဖိုးအရ ပေါင် ၂၉၀) ဆုရခဲ့သည်။

ဆုငွေကို မည်သို့ သုံးမည်နည်းဟု မေးသောအခါ ဂန်တာက မိမိအတွက် ၅ ပေါင်နှင့် ဇနီးအတွက် ၅ ပေါင်ဟု ဖြေခဲ့သည်။

Spice Girls Movie.png

■ အနုပညာလက်ရာတွေမှာ ဖော်ပြခဲ့ပုံ

► Spice Girls အဖွဲ့၏ ၁၉၉၇ ခုနှစ်က ရိုက်ကူးခဲ့သော The Movie ရုပ်ရှင်ဇာတ်ကားတွင် Posh Spice (ဗစ်တိုးရီးယား ဘက်ခမ်း) သည် ယူနီယံဂျက်အလံကြီးပုံဖြင့် မွမ်းမံထားသော နှစ်ထပ်ဘတ်စ်ကားကြီးကို မောင်းကာ မျှော်စင်တံတားကို ဖြတ်သန်းခဲ့ပုံ ရိုက်ကူးပြသခဲ့သည်။

Peppa Pig.png

► Peppa ကာတွန်းကား= Peppa ကာတွန်းဇာတ်လမ်းတွဲမှ 'Peppa Goes to London' အမည်ရှိ အပိုင်းတွင် ဘုရင်မကြီးက Peppa အမည်ရှိ ဝက်ကလေးနှင့် မိသားစုကို လန်ဒန်မြို့တစ်ခွင် ဘတ်စ်ကားကြီးဖြင့် လိုက်လံပြသမည့် ဧည့်လမ်းညွှန်၊ ဘတ်စ်ကားမောင်းသူအဖြစ် ဇာတ်လမ်းထဲတွင် ပုံဖော်ထားသည်။ မျှော်စင်တံတားသို့ ရောက်လာချိန်တွင် သင်္ဘောဖြတ်သန်းတော့မည်ဖြစ်သောကြောင့် တံတားကို ခေါက်သိမ်းနေချိန်ဖြစ်ရာ မစောင့်နိုင်သော ဘုရင်မကြီးက ဘတ်စ်ကားဖြင့် ခုန်ကျော် မောင်းနှင်သွားပုံ ပြသထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: The day a bus jumped Tower Bridge