ကျပ်သိန်း(၄၀၀)ကျော်ဝန်းကျင် (Mini-Hatchback) အမျိုးအစား EV ကား(၃၃)စီးပြည်တွင်းဈေးကွက်သို့ စတင်ဝင်ရောက်လာ

  • 649 views

မြန်မာငွေကျပ်သိန်း(၄၀၀)ကျော်ပေါက်ဈေးရှိနေတဲ့ AIQAR QQ ICE-CREAM (Mini-Hatchback) အမျိုးအစား EV ကား(၃၃)စီးဟာ ရန်ကုန်အေးရှားဝေါလ် ဆိပ်ကမ်းကိုရောက်ရှိလာတဲ့အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့ အညီစိစစ်ပြီး ထုတ်ယူခွင့်ပြုခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာန သိရပါတယ်။ အခုရောက်ရှိလာတဲ့ QQ Ice-Cream အမျိုးအစားEV ကားလေးတွေဟာ ကျပ်သိန်း(၄၀၀)ကျော်မှာပေါက်ဈေးရှိနေတယ်လို့လည်း EV ကားဈေးကွက်ထဲက သိရပါတယ်။

အခုရောက်ရှိလာတဲ့ Mini EV လေးတွေဟာ ဈေးကွက်ထဲမှာတော့ လူငယ်ကြိုက်ဖြစ်တဲ့အတွက် လူစိတ်ဝင်စားမှုများနေတယ်လို့ EV ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေကဆိုပါတယ်။ဒါပေမယ့် ကားဒီဇိုင်းအနေအထားကြောင့် အကြမ်းမခံမှာကို စိုးရိမ်နေကြသူတွေလည်းရှိနေပါတယ်။

လက်ရှိမှာ EV ကားတွေကို အာမခံမပေးဘူးဆိုတဲ့သတင်းတွေကြောင့်လည်း Mini EV ကားတွေကိုဝယ်ယူဖို့ စိုးရိမ်နေကြသူတွေရှိသလို ဈေးသက်သာတာကြောင့် လူစိတ်ဝင်စားမှုတွေလည်းရှိနေတယ်လို့ EV ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေကဆိုပါတယ်။အခုရောက်ရှိလာတဲ့ QQ Ice-Cream အမျိုးအစားEV ကားလေးတွေဟာ အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ခွင့်ပြုချက်နဲ့တင်သွင်းလာတာဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com