အမေရိကန်ပြည်၊ မိုင်အမ်မီတွင် ရေအောက်ကားသင်္ချိုင်းတစ်ခုကို ဒေါ်လာ ၅ သန်း အကုန်အကျခံကာ တည်ဆောက်ရန် စီစဉ်လျက်ရှိ

  • 130 views

newspress-collage-owzuv2bq8-1756465446109.jpg
အမေရိကန်ပြည် မိုင်အမ်မီ ကမ်းခြေအနီး ပင်လယ်ရေပြင်အောက်တွင် ကွန်ကရစ်လောင်းထားသည့် ကား ၂၂ စင်း ပါဝင်မည့် ကားသင်္ချိုင်းတစ်ခု ဆောက်လုပ်ရန် စီစဉ်နေသည်။

မယုံနိုင်ဖွယ် အထင်ကရနေရာတစ်ခုဖြစ်လာမည့် ရေအောက်ကားသင်္ချိုင်းကို ဆောက်လုပ်ရာတွင် ဒေါ်လာ ၅ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

hayley-chamberlain-twenty-two-full-1018970329.jpg

(သမုဒ္ဒရာ ရေပြင်အောက်တွင် ကား ၂၂ စင်းကို မြှုပ်နှံထားရှိမည် ဖြစ်သည်။ ဓာတ်ပုံ-Cover Images)

hayley-chamberlain-twenty-two-full-1018970413.jpg

(ရေအောက်ကားသင်္ချိုင်း ဆောက်လုပ်ရခြင်းတွင် စိတ်ဝင်စားဖွယ် အကြောင်းရင်းတစ်ခု ရှိနေသည်။ ဓာတ်ပုံ-Cover Images)

hayley-chamberlain-twenty-two-full-1018970405.jpg

(ဆောက်လုပ်စရိတ် ဒေါ်လာ ၅ သန်း ကုန်ကျမည် ဖြစ်သည်။ ဓာတ်ပုံ-Cover Images)

 

လာမည့် အောက်တိုဘာလတွင် ကား ၂၂ စင်းကို သမုဒ္ဒရာ ရေအောက်သို့ ပို့ဆောင်မည် ဖြစ်သည်။

ကားများ ရေအောက်တွင် မြုပ်နေစေရန်တွင် ကွန်ကရစ် အလွှာတစ်ခု အုပ်ထားမည် ဖြစ်သည်။

ယခု ကားသင်္ချိုင်း တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ရာသီဥတု ထိန်းသိမ်းရေးအတွက် ဖြစ်သည်ဟု ဆိုသည်။

ကားသင်္ချိုင်းကို ကွန်ကရစ် သန္တာကျောက်တန်းဟု အမည်ပေးထားပြီး လူသားများနှင့် ငါးများ လည်ပတ်ကြမည့်နေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ကားသင်္ချိုင်းကို ဖန်တီးသူမှာ အာဂျင်တီးနား အနုပညာရှင် Leandro Erlich ဖြစ်သည်။

ကားများကို လမ်းပိတ်ဆို့နေသောကြောင့် ရပ်ထားရသည့်သဖွယ် ထားရှိမည် ဖြစ်သည်။

နမူနာ ဓာတ်ပုံများတွင် တွေ့ရှိရမှုအရ ကားများပေါ်တွင် ကွန်ကရစ်တို့ ဖုံးလွှမ်းနေပြီး ကားအပြင်ပိုင်း ကောက်ကြောင်းကို ထင်ရှားစွာ တွေ့ရသည်။

ကားများကို ကွန်ကရစ်လောင်းရန်အတွက် ရေအောက်တွင် သုံးနိုင်သည့် ကွန်ကရစ်ကို 3D-printed mould များမှတဆင့် လောင်းပေးမည် ဖြစ်သည်။

မိုင်အမ်မီ၏ သမုဒ္ဒရာရေပြင်တွင် သန္တာကျောက်တန်းများ ပြန်လည်ပေါ်ထွန်းလာစေရန် ယခုကားသင်္ချိုင်းကို တည်ဆောက်ခြင်း ဖြစ်သည်။

သန္တာကောင်များကို ထိုနေရာတွင် ထားရှိကာ ရှင်သန်စေမည် ဖြစ်ပြီး ကျောက်တန်းဖြစ်ပေါ်လာစေရန် ရည်ရွယ်သည်။

ယခု ကားသင်္ချိုင်းမှာ အလျား ၇ မိုင်ရှိမည့် ရေအောက် ပန်းခြံ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

ကားသင်္ချိုင်းမှာ ကနဦးတွင် ရုပ်တုများသဖွယ်သာ ရှိနေမည်ဖြစ်သော်လည်း ဇီဝမျိုးကွဲများ ရှင်သန်ရာနေရာတစ်ခု ဖြစ်လာကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းကို နှေးကွေးစေရန်နှင့် ကမ်းရိုးတန်းများ ရေတိုက်စားမှုကို ကာကွယ်နိုင်ရန် အထောက်အကူ ဖြစ်လာလိမ့်မည် ဖြစ်သည်။

ကားသင်္ချိုင်း ဆောက်လုပ်မှု ကုန်ကျစရိတ်ကို ဒေါ်လာ ၅ သန်း လျာထားထားသည်။

 

hayley-chamberlain-twenty-two-full-1018970273.jpg
(လာမည့် အောက်တိုဘာလတွင် ကားသင်္ချိုင်း စတင်ဆောက်လုပ်မည် ဖြစ်သည်။ ဓာတ်ပုံ-Cover Images)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Fascinating $5M reason underwater motor graveyard will see 22 full-scale cars cast in concrete & submerged in the ocean
Photo Credit- Cover Images