- ပင်မစာမျက်နှာ
- ကားသတင်းများ
- MG4 လျှပ်စစ်ကားကို ဒေါ်လာ ၉၅၆၀ မျှဖြင့် တရုတ်ပြည်တွင် စတင်ရောင်းချလာ ၊ အဆင့်မြင့် solid-state ဘက်ထရီသုံး မော်ဒယ်ကိုလည်း ဒေါ်လာ ၁၄၀၀၀ မျှဖြင့် စတင်ရောင်းချပေးနေ
MG4 လျှပ်စစ်ကားကို ဒေါ်လာ ၉၅၆၀ မျှဖြင့် တရုတ်ပြည်တွင် စတင်ရောင်းချလာ ၊ အဆင့်မြင့် solid-state ဘက်ထရီသုံး မော်ဒယ်ကိုလည်း ဒေါ်လာ ၁၄၀၀၀ မျှဖြင့် စတင်ရောင်းချပေးနေ
- 225 views
SAIC ၏ လက်အောက်ခံ MG သည် တန်ဖိုးနည်း MG4 လျှပ်စစ်ကားကို တရုတ်ပြည်တွင် စတင်ရောင်းချပေးလာပြီး အနိမ့်ဆုံးဈေး ဒေါ်လာ ၁၀,၀၀၀ အောက်ဖြင့်စသည်။
EV သစ် တစ်စင်းအတွက် နည်းပါးသော ဈေးနှုန်း ဖြစ်သည်။ထို့အပြင် အဆင့်မြင့် semi-solid-state ဘက်ထရီသုံး ဗားရှင်းကိုလည်း ဒေါ်လာ ၁၄၀၀၀ မျှဖြင့် ရောင်းချပေးနေရာ next-generation နည်းပညာသုံးကားကို ဈေးသက်သာစွာ ရရှိနိုင်လာခြင်းဖြစ်သည်။
(၁) ဈေးနှုန်း
• အခြေခံ ဈေးနှုန်း = ယွမ် ၆၈၈၀၀ (ကန်ဒေါ်လာ ၉၅၆၀)
• ဈေးတန်း = ယခုမော်ဒယ်တွင် ဗားရှင်း ၅ မျိုးရနိုင်ပြီး ဈေးတန်းမှာ ယွမ် ၆၈၈၀၀ မှ ၁၀၂၈၀၀ (ကန်ဒေါ်လာ ၁၄၂၉၀) အထိ ရှိသည်။
• Semi-Solid-State ဘက်ထရီ မော်ဒယ်= top-tier model ဖြစ်သော Anxin Edition တွင် semi-solid-state ဘက်ထရီသုံးထားပြီး ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၄၂၉၀ ဖြစ်သည်။
ယခုမော်ဒယ်ကို ၂၀၂၅ နှစ်မကုန်မီ ဝယ်သူတို့လက် အရောက်ပို့မည်ဟု ဆိုသည်။
(၂) အဆင့်မြင့် ဘက်ထရီ နည်းပညာ
• နည်းပညာ = တန်ဖိုးနည်း မော်ဒယ်များတွင် အသုံးပြုသော လီသီယမ် (LFP) ဘက်ထရီများအစား ရှေ့သို့ တစ်ဆင့်လှမ်းတက်ထားသည်။
= စွမ်းအင် သိပ်သည်းဆ မြင့်မားပြီး range ပိုကောင်းလာသည်။
= အားသွင်းရ ပိုမိုမြန်ဆန်လာသည်။
= ပိုမို ဘေးကင်းလုံခြုံမှုရှိသည်။ (မီးလောင်နိုင်ချေ နည်းပါးသည်)
• အားသာချက်= အဆင့်မြင့်နည်းပညာကို ဈေးသက်သာစွာ ရနိုင်ခြင်း
(၃) Specification
• Platform = SAIC ၏ E3 pure electric architecture ကို သုံးထားသည်။
• Range (CLTC)
= ၄၃၇ ကီလို (၂၇၂ မိုင်) 42.8 kWh လီသီယမ် အိုင်းယွန်းဖော့စ်ဖိတ်ဘက်ထရီ
= ၅၃၀ ကီလို (၃၂၉ မိုင်) 53.9 kWh လီသီယမ် အိုင်းယွန်းဖော့စ်ဖိတ်ဘက်ထရီ
• အားသွင်းခြင်း= version အားလုံးတွင် fast charging စနစ် support ပေးထားပြီး ၃၀ မှ ၈၀ ရာခိုင်နှုန်း အားသွင်းရန် ကြာချိန်မှာ မိနစ် ၂၀ သာ ဖြစ်သည်။
• မော်တာ= အထွက်အား 161 hp နှင့် ရုန်းအား 250 Nm ရှိသော မော်တာတစ်လုံး အသုံးပြုထားပြီး အမြင့်ဆုံးမြန်နှုန်းမှာ 160 km/h (99 mph) ဖြစ်သည်။
(၄) အရွယ်အစား၊ ဒီဇိုင်း
• အရွယ်အစား= compact hatchback အမျိုးအစား ဖြစ်သည်။
= အလျား ၄၃၉၅ မီလီမီတာ | Wheelbase- ၂၇၅၀ မီလီမီတာ
• အပြင်ပိုင်း Update များ= ရှေ့မီးကြီးများ အသစ်ဖြစ်လာပြီး grille မှာ ပျားအုံအသွင်ဖြစ်ကာ မီးလင်းသော MG လိုဂိုပါသည်။
(၅) အတွင်းပိုင်း နည်းပညာ
• Screen များ= trim အပေါ်မူတည်ပြီး screen ပုံစံ ၃ မျိုး လာသည်။
= ၁၀ ဒသမ ၂၅ လက်မ (720p)
= ၁၂ ဒသမ ၈ လက်မ (1080p)
= Top-tier: ၁၅ ဒသမ ၆ လက်မ (2.5K resolution)
• Infotainment စနစ်= Qualcomm Snapdragon 8155 chip ကို သုံးထားသည်။
(၆) ADAS စနစ်
• Top –tier မော်ဒယ်တွင် semi-autonomous driving နည်းပညာ ထည့်ပေးထားသည်။
• Hardware များ= ultrasonic radar ၁၂ ခု ၊ surround-view ကင်မရာ ၄ ခု၊ 8MP ရှေ့ကင်မရာနှင့် နောက်ကင်မရာ
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: All-new MG4 EV launches under 10,000 USD, semi-solid-state battery pricing also unveiled