• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ၂၀၂၅ မော်ဒယ် Toyota Camry ပြောင်းစီးသော မိန်းကလေးက သူ၏ကားဟောင်း ၂၀၁၄ မော်ဒယ် Nissan Altima နှင့် ဆီဖိုးကုန်ကျစရိတ် နှိုင်းယှဉ်ပြခဲ့ပုံ

၂၀၂၅ မော်ဒယ် Toyota Camry ပြောင်းစီးသော မိန်းကလေးက သူ၏ကားဟောင်း ၂၀၁၄ မော်ဒယ် Nissan Altima နှင့် ဆီဖိုးကုန်ကျစရိတ် နှိုင်းယှဉ်ပြခဲ့ပုံ

  • 262 views

2025-camry-se-awd-supersonicred-003-6622d9f47d39b-770x508.jpg

အင်တာနက်တွင် စိတ်ဝင်စားဖွယ်၊ တုန်လှုပ်ဖွယ်ကောင်းသော၊ လေးနက်သော အကြောင်းအရာများဖြင့် လေ့လာစရာ ပြည့်နှက်နေသည်။

Like သန်းနှင့်ချီရထားသော အစားအသောက်လုပ်ပြသည့် သာမန် ဗွီဒီယိုလေးတစ်ခုမှသည် ပေါ်တူဂီမှ မိန်းကလေးတစ်ဦးက အမှတ်မထင် ရိုက်ကူးမိခဲ့သော ဥက္ကာပျံကို တွေ့ရသည့် အံ့ဖွယ်ဖြစ်ရပ်များအထိ အင်တာနက်တွင် ရှိနေသည်။

မကြာသေးမီက Queen Tay အမည်ရှိ လူမှုကွန်ရက် influencer တစ်ဦးက ၂၀၁၄ မော်ဒယ် Nissan Altima မှ ၂၀၂၅ မော်ဒယ် Toyota Camry ပြောင်းစီးသည့် အတွေ့အကြုံကို ပြောပြထားမှုမှာ ဂယက်ရိုက် နာမည်ကြီးနေသည်။

Queen Tay က သူ၏ Toyota Camry မှာ ဆီဖိုးမည်မျှ ကုန်ကျမည်ကို သိလိုနေပြီး ပရိသတ်ကို ၎င်းနှင့်အတူ တပြိုင်တည်းသိနိုင်ရန် ဗွီဒီယို ရိုက်ကူးထားခြင်းဖြစ်ကာ သူ၏ ဗွီဒီယိုမှာ ကြည့်ရှုမှုအကြိမ်ရေ ၆ သန်းကျော် ရှိနေသည်။

“ကျွန်မရဲ့ Camry က ၄၂၇ မိုင် မောင်းပြီးချိန်မှာ ဆီကုန်သွားပါပြီ။ အဲဒီတော့ ကျွန်မရဲ့ ကားဟောင်း ၂၀၁၄ မော်ဒယ် Nissan Altima နဲ့ ယှဉ်ရင် ဆီဖိုး ဘယ်လောက်ကုန်မလဲဆိုတာ ကြည့်လိုက်ကြရအောင်” ဟု Queen Tay က ဗွီဒီယိုထဲတွင် ပြောထားသည်။

Queen Tay က ပြောသည်မှာ ကားဟောင်းဖြစ်သော ၂၀၁၄ မော်ဒယ် Nissan Altima မှာ ဆီတိုင်ကီ အပြည့်ထည့်ရန်အတွက် ၅၅ ဒေါ်လာခန့် ပေးရကြောင်း ပြောပြသည်။ဆီဆိုင်သို့ ရောက်ရှိပြီး ဆီထည့်ရာတွင် ၂၀၂၅ မော်ဒယ် Toyota Camry မှာ ၂၈ ဒသမ ၂၆ ဒေါ်လာသာ ပေးရသည်။“ဘုရားရေ…ဆီတိုင်ကီ မပြည့်လောက်သေးဘူးထင်ပါတယ်” ဟု Queen Tay က ပြောသည်။ထိုငွေမှာ ကားဟောင်း၏ ထက်ဝက်ကျော်မျှသာ ရှိနေသည်။Queen Tay က ကားဒက်ရှ်ဘုတ်ကို ပြသရာ ဆီပြည့်နေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

“ကားဟောင်း ၂၀၁၄ မော်ဒယ် Nissan Altima မှာ ဒီလောက်မိုင်နှုန်းရဖို့ဆို ဒေါ်လာ ၅၀ ကျော် ကုန်ပါတယ်။ ဒေါ်လာ ၄၀,၀၀၀ ရင်းလိုက်ရတာ တန်ပါတယ်” ဟု ၎င်းက ပြောသည်။ဆီဖိုး အံ့ဖွယ်ခြားနားချက်မှာ လူမှုကွန်ရက်သုံးစွဲသူတို့ကို များစွာအံ့အားသင့်စေခဲ့သည်။

၎င်း၏ ဗွီဒီယိုနှင့် စပ်လျဉ်းပြီး မေးခွန်းထုတ်သူများ၊ အကြောင်းပြချက် မှတ်ချက်ပေးသူများဖြင့် အမျိုးမျိုးအဖုံဖုံ ပြည့်နှက်နေသည်။ယင်းနောက်ပိုင်း ထပ်မံဖော်ပြခဲ့သည့် ဗွီဒီယိုတွင် Queen Tay က ပြောပြသည်မှာ မိမိတို့ ဒေသအနီးတွင် ရေနံချက်စက်ရုံများရှိကာ စက်သုံးဆီ အခွန်နှုန်း နည်းပါးမှုကြောင့် ဆီဈေးသက်သာခြင်း ဖြစ်နိုင်ကြောင်း ပြောပြသည်။

မည်သို့ပင်ဖြစ်စေ Queen Tay မှာ ၂၀၂၅ မော်ဒယ် Toyota Camry အတွက် ဆီဖိုးသက်သာနေမှုကို ဝမ်းမြောက်လျက်ရှိသည်။

သင်လည်း Queen Tay ဆိုပါက ဝမ်းမြောက်မည်သာဖြစ်သည်ဟု ယူဆပါသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Woman Was Excited To Purchase 2025 Toyota Camry And This What Happen Next (driveaholic)