- ပင်မစာမျက်နှာ
- ကားသတင်းများ
- SGMW က မော်ဒယ်သစ် Wuling Bingo S EV ကို ဒေါ်လာ ၉၆၀၀ မျှဖြင့် pre-sale စတင်ရောင်းချ၊ ကီလို ၄၃၀ နှင့် ၃၂၅ ဟု range ၂ မျိုး ရွေးစရာရှိ
SGMW က မော်ဒယ်သစ် Wuling Bingo S EV ကို ဒေါ်လာ ၉၆၀၀ မျှဖြင့် pre-sale စတင်ရောင်းချ၊ ကီလို ၄၃၀ နှင့် ၃၂၅ ဟု range ၂ မျိုး ရွေးစရာရှိ
- 251 views
SGMW သည် ၎င်း၏ မော်ဒယ်သစ်ဖြစ်သော Wuling Bingo S compact SUV လျှပ်စစ်ကားကို အောက်တိုဘာ ၂၄ ရက်မှ စတင်ကာ pre-sale ရောင်းချပေးနေသည်။
CLTC range အနေဖြင့် ကီလို ၄၃၀ နှင့် ၃၂၅ ဟု ရွေးစရာ ၂ မျိုးလာသည်။
Wuling Bingo S တွင် trim ၄ မျိုးလာရာ range နှင့် ဈေးနှုန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
● ၃၂၅ ကီလိုမီတာ Premium Edition= ၆၈၈၀၀ ယွမ် (၉၆၀၀ ဒေါ်လာ)
● ၃၂၅ ကီလိုမီတာ Flagship Edition= ၇၅၈၀၀ ယွမ် (၁၀၆၀၀ ဒေါ်လာ)
● ၄၃၀ ကီလိုမီတာ Premium Edition= ၇၅၈၀၀ ယွမ် (၁၀၆၀၀ ဒေါ်လာ)
● ၄၃၀ ကီလိုမီတာ Flagship Edition= ၈၁၈၀၀ ယွမ် (၁၁၄၀၀ ဒေါ်လာ)
Exterior paint options.
အရောင်ရွေးစရာ ၄ မျိုးရှိရာ မီးခိုး၊ အပြာ၊ ခရမ်းနှင့် အဖြူတို့ ဖြစ်သည်။ရှေ့ပိုင်းတွင် ရှေ့မီးဝိုင်းကြီးများနှင့် အောက်ဘက်ဆီတွင် အနားမပြိုင် လေဝင်လေထွက်ပေါက်ရှိသည်။နောက်ဘက်တွင် ဘရိတ်မီးနှင့် taillight တို့ ရှိသည်။
Front and rear views.
Wuling Bingo S ၏ အရွယ်အစားမှာ 4265/1785/1600 mm (l/w/h) ရှိပြီး wheelbase မှာ 2610 mm ဖြစ်သည်။ရှေ့ပိုင်းတွင် permanent magnet synchronous မော်တာတစ်လုံး အသုံးပြုထားပြီး အမြင့်ဆုံးအထွက်အား 75 kW (101 hp) ရှိကာ ရုန်းအားမှာ 180 Nm ရှိသည်။
Side view.
ဘက်ထရီ ရွေးစရာ ၂ မျိုးရှိရာ 31.9 kWh နှင့် 41.9 kWh လီသီယမ် အိုင်းယွန်း ဖော့စဖိတ် ဘက်ထရီများဖြစ်ကာ CLTC range အနေဖြင့် ၃၂၅ ကီလိုနှင့် ၄၃၀ တို့ အသီးသီးရှိပြီး အမြင့်ဆုံး မြန်နှုန်းမှာ 150 km/h ဖြစ်သည်။ DC fast charging ဖြင့် အားသွင်းလျှင် ၃၀ မှ ၈၀ ရာခိုင်နှုန်းရရန် ၃၅ မိနစ်သာ ကြာသည်။AC slow charging ဖြင့်ဆိုလျှင် ၂၀ မှ ၁၀၀ ရာခိုင်နှုန်းရရန် ၉ နာရီခွဲ (325 km trim) နှင့် ၆ နာရီခွဲ (430 km trim) အသီးသီး ကြာမြင့်မည် ဖြစ်သည်။
Top: brown interior. Bottom: white interior.
အတွင်းပိုင်း အရောင်အနေဖြင့် အညိုနှင့် အဖြူဟူ၍ ရွေးစရာ ၂ မျိုးရှိသည်။ရှေ့ခန်းတွင် ၈ ဒသမ ၈ လက်မ full LCD instrument panel ၊ နှစ်ရောင်စပ် three-spoke multi-function စတီယာရင်၊ ၁၂ ဒသမ ၈ လက်မ floating central control touchscreen တို့ရှိသည်။
Cockpit view.
အခြားအရာများအနေဖြင့် 50 W wireless charging ဖုန်းအားသွင်းစနစ်၊ ယာဉ်မောင်းထိုင်ခုံတွင် 6-way manually adjustment ၊ ရှေ့ခန်း passenger ခုံတွင် 4-way manually adjustment ၊ AI voice assistant ၊ စပီကာ ၆ လုံး၊ keyless entry နှင့် ဖုန်းမှတစ်ဆင့် remote control ထိန်းချုပ်စနစ်တို့ပါဝင်သည်။
Left: bird-eye view of the interior layout. Right: trunk space.
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: SGMW’s Wuling Bingo S EV pre-sale opens at 9,600 USD with 325km and 430km ranges (carnewschina)