- ပင်မစာမျက်နှာ
- ကားသတင်းများ
- EV ကားများ အမျိုးအစားပေါ်မူတည်ပြီး ကျပ်သိန်း (၆၀၀ ) ကျော်ကနေ ကျပ်သိန်း (၂၀၀၀) ကျော်အထိ ပေါက်ဈေးရှိနေ
EV ကားများ အမျိုးအစားပေါ်မူတည်ပြီး ကျပ်သိန်း (၆၀၀ ) ကျော်ကနေ ကျပ်သိန်း (၂၀၀၀) ကျော်အထိ ပေါက်ဈေးရှိနေ
- 948 views
ဈေးကွက်ထဲမှာ လူပြောများနေပြီး ဝယ်ယူသူတွေမျက်စိကျနေတဲ့ EV ကားတွေဟာ အမျိုးအစားနဲ့ မော်ဒယ် ပေါ်မူတည်ပြီး အနိမ့်ဆုံးကျပ်သိန်း(၆၀၀) ကျော်ကနေ ကျပ်သိန်း(၂၀၀၀) ကျော်အထိပေါက်ဈေးရှိနေတယ်လို့ EV ကားဈေးကွက်ထဲကသိရပါတယ်။လတ်တလောလူကြိုက်များတဲ့ BYD DOLPHIN ဈေးဟာဆိုရင်လည်း ကျပ်သိန်း(၉၀၀)ကျော်ဝန်းကျင်မှာပေါက်ဈေးရှိနေပြီး BYD E2 ပေါက်ဈေးဟာလည်း ကျပ်သိန်း(၇၀၀)ဝန်းကျင်မှာ ပေါက်ဈေးရှိနေပါတယ်။
ပြည်တွင်း EV ဈေးကွက်ထဲမှာ မော်ဒယ်မြင့် EV တစ်စီးရဲ့ပေါက်ဈေးဟာ ငွေကျပ်သိန်း(၂၀၀၀) ကျော်အထိပေါက်ဈေးရှိနေတယ်လို့လည်း EV ဈေးကွက်ထဲကသိရပါတယ်။အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီအနေနဲ့လည်း ပြည်တွင်းဈေးကွက်ထဲကို တရုတ်နိုင်ငံထုတ်EV မော်တော်ယာဉ်တွေကို ဆက်တိုက်ဆိုသလိုတင်သွင်းနေပါတယ်။ပြီးခဲ့တဲ့သြဂုတ်လအထိEV မော်တော်ကားအစီးရေ(၆၀၀)ကျော်တင်သွင်းထားတယ်လို့ ကညနရဲ့စာရင်းတွေအရသိရပါတယ်။
ဒါပေမယ့် ဝယ်လိုသူတွေအနေနဲ့ EV Show Room တွေမှာဝယ်မရဘဲ တစ်ဆင့်ခံပြန်လည်ဝယ်ယူနေရတယ်လို့လည်း ဝယ်ယူသူတွေကပြောပါတယ်။လက်ရှိမှာ EV မော်တော်ယာဉ်တွေ အဝယ်လိုက်လာတဲ့အတွက် အခုထက်ပိုပြီး တင်သွင်းခွင့်ပြုသင့်တယ်လို့ EV ကားရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောဆိုနေကြပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com