- ပင်မစာမျက်နှာ
- ကားသတင်းများ
- SGMW မှာ MPV အစင်းရေ ၈ သန်း ထုတ်လုပ်နိုင်သည့် တရုတ်ပြည်မှ ပထမဆုံး ကားထုတ်လုပ်သူဖြစ်လာ
SGMW မှာ MPV အစင်းရေ ၈ သန်း ထုတ်လုပ်နိုင်သည့် တရုတ်ပြည်မှ ပထမဆုံး ကားထုတ်လုပ်သူဖြစ်လာ
- 217 views
သြဂုတ်လ ၂၂ ရက်က SGMW ထုတ် အစင်းရေ ၈ သန်းမြောက် Starlight 730 ကို ထုတ်လုပ်ရေးလိုင်းမှ ထုတ်လုပ်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီက ကြေညာသည်။
SGMW သည် SAIC, General Motors နှင့် Wuling ကုမ္ပဏီ ၃ ခုပူးပေါင်းထားသည့် ဖက်စပ် ကုမ္ပဏီ ဖြစ်သည်။SGMW သည် တရုတ်ပြည်တွင် အစင်းရေ ၈ သန်း MPV ထုတ်လုပ်နိုင်သည့် ပထမဆုံးကုမ္ပဏီအဖြစ် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်။
လက်ရှိအားဖြင့် ဈေးကွက်တွင် ရောင်းချပေးနေသော SGMW ၏ MPV မော်ဒယ်များအနေဖြင့် Jia Chen, Hongguang, Zhengcheng နှင့် Kaijie တို့ ပါဝင်သည်။ပထမဆုံး မော်ဒယ်ဖြစ်သော Wuling Hongguang ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
Wuling Starlight 730 မော်ဒယ်ကို ဘယ်မောင်း၊ ညာမောင်း ၂ မျိုးလုံး ထုတ်လုပ်ထားပြီး ပြည်တွင်းရော ပြည်ပတွင်ပါ ရောင်းချပေးမည်ဖြစ်သည်။Wuling Starlight 730 ကို သြဂုတ်လကုန်ပိုင်းတွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ချန်ဒူး ကားပြပွဲကြီးတွင် စတင်မိတ်ဆက်မည် ဖြစ်သည်။
SGMW သည် Wuling Starlight 730 ညာမောင်း variant ကို ဇူလိုင်လ ၂၃ ရက်က စတင်မိတ်ဆက် ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံတကာ ကားပြပွဲတွင် Wuling Cortez Darion ဟူသော အမည်ဖြင့် ချပြခဲ့သည်။ စတင်ရောင်းချမှုကိုမူ ယခုနှစ် စတုတ္ထ ၃ လပတ်အတွင်း စီစဉ်ထားသည်။
Wuling Starlight 730 တွင် BEV, PHEV နှင့် ICE ဟူ၍ ရွေးချယ်စရာ powertrain ၃ မျိုးရှိမည် ဖြစ်သည်။
BEV: အထွက်အား 100 kW (134 hp) ရှိ လျှပ်စစ်မော်တာ အသုံးပြုထားသည်။ 54.5 kWh နှင့် 60 kWh လီသီယမ် အိုင်းယွန်း ဖော့စဖိတ် ဘက်ထရီ ၂ မျိုး ရွေးစရာရှိပြီး CLTC range အနေဖြင့် ကီလို ၄၅၀ နှင့် ၅၀၀ ဟု ၂ မျိုးရှိသည်။
PHEV: အထွက်အား 78 kW (105 hp) ရှိသော 1.5L naturally aspirated အင်ဂျင်နှင့် 150 kW (201 hp) ရှိ လျှပ်စစ်မော်တာတို့ အသုံးပြုထားသည်။ ဘက်ထရီမှာ 20.5 kWh လီသီယမ် အိုင်းယွန်း ဖော့စဖိတ် ဘက်ထရီဖြစ်ပြီး လျှပ်စစ်သီးသန့်ဖြင့် ကီလို ၁၀၀ မောင်းနိုင်သည်။
ICE: အထွက်အား 130 kW (174 hp) ရှိသော 1.5T အင်ဂျင်ကို အသုံးပြုထားသည်။
အရွယ်အစားမှာ 4910/ 1850/1770 mm (l/w/h) ရှိပြီး wheelbase မှာ 2910 mm ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: SGMW became first Chinese automaker to produce 8 million MPVs (carnewschina)