- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဒေါ်လာ ၉၆၀၀ မျှဖြင့် pre-sale စတင်ရောင်းချပေးလာသော BAIC ၏ Arcfox hatchback လျှပ်စစ်ကား
ဒေါ်လာ ၉၆၀၀ မျှဖြင့် pre-sale စတင်ရောင်းချပေးလာသော BAIC ၏ Arcfox hatchback လျှပ်စစ်ကား
- 285 views
BAIC က Arcfox T1 လျှပ်စစ် hatchback ကို တရုတ်ပြည်တွင် သြဂုတ်လ ၂၂ ရက်မှစကာ pre-sale စတင် ရောင်းချပေးလျက်ရှိသည်။
ရွေးချယ်စရာ trim ၅ မျိုးလာပြီး CLTC range အနေဖြင့် ကီလို ၃၂၀ နှင့် ၄၂၅ ကီလိုဟု ရွေးစရာ ၂ မျိုးရှိသည်။
((trim နှင့် ဈေးနှုန်းများ))
👉● 320 Pro = ယွမ် ၆၈၈၀၀ (ဒေါ်လာ ၉၆၀၀)
👉● 320 Plus = ယွမ် ၇၁၈၀၀ (ဒေါ်လာ ၁၀၀၀၀)
👉● 425 Pro = ယွမ် ၇၅၈၀၀ (ဒေါ်လာ ၁၀၆၀၀)
👉● 425 Plus = ယွမ် ၈၃၈၀၀ (ဒေါ်လာ ၁၁၇၀၀)
👉● 425 Max = ယွမ် ၉၃၈၀၀ (ဒေါ်လာ ၁၃၁၀၀)
Full body view.
Full body view.
Full body view.
Full body view.
၄၂၅ ကီလို trim ကားများမှာ တရားဝင် စတင်မိတ်ဆက်သည်နှင့် ဝယ်သူလက်သို့ အရောက်ပို့ပေးမည်ဖြစ်ပြီး ၃၂၀ ကီလို trim များမှာမူ အောက်တိုဘာ လလယ်တွင် ဝယ်သူထံသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။Pre-sale စတင်ရောင်းချပေးပြီး ၂ နာရီအတွင်း အစင်းရေ ၁၁၀၆၈ ရောင်းချခဲ့ရသည်။
Arcfox T1 ၏ ရုပ်ထွက်မှာ Arc-Flow ၏ ဒီဇိုင်းမျိုး ဖြစ်သည်။
ရှေ့မီးကြီးများကို မီးတန်းတစ်ခုဖြင့် ဆက်သွယ်ပေးထားပြီး semi-hidden တံခါးလက်ကိုင်များ၊ ၁၈ လက်မ အလူမီနီယံ အလွိုင်းတို့ အသုံးပြုထားသည်။အရောင်ရွေးစရာ ၆ မျိုးလာပြီး အဖြူ၊ အပြာ၊ ငွေ၊ အစိမ်း၊ ခရမ်းနှင့် မီးခိုးရောင်တို့ ဖြစ်သည်။
A0-Class hatchback အမျိုးအစားဖြစ်ပြီး ချိုးကွေ့မှုကို အချင်း ၃၀ စင်တီမီတာသို့ လျှော့ချထားရာ အနိမ့်ဆုံး အချင်းဝက် ၅ ဒသမ ၂ မီတာ ချိုးကွေ့မှု ရနိုင်သည်။
Arcfox T1 တွင် ၅၄၀ ဒီဂရီ ပုံရိပ်ဖော်စနစ်၊ level 2 ADAS စနစ်တို့ ထည့်ပေးထားသည်။လျှပ်စစ်မော်တာ၏ အထွက်အားမှာ 70 kW (94 hp) နှင့် 95 kW (127 hp) ဟု ၂ မျိုး ရွေးစရာရှိပြီး ဘက်ထရီမှာလည်း 41.7 kWh နှင့် 42.3 kWh လီသီယံ အိုင်းယွန်း ဖော့စဖိတ် ဘက်ထရီ ၂ မျိုး လာသည်။
CLTC range ၂ မျိုး ရှိရာ ကီလို ၃၂၀ နှင့် ၄၂၅ ကီလိုဟု ဖြစ်သည်။အရွယ်အစားမှာ 4337/1860/1572 mm (l/w/h) နှင့် wheelbase မှာ 2770 mm ရှိသည်။ရှေ့ခန်းတွင် ၈ ဒသမ ၈ လက်မ LCD instrument panel နှင့် ၁၅ ဒသမ ၆ လက်မ floating central control screen တို့ အသုံးပြုထားပြီး built-in AI voice assistant နည်းပညာလည်း ပါဝင်သည်။
From left to right: silver, green, and white exterior paints
From left to right: silver, green, and white exterior paints
From left to right: silver, green, and white exterior paints
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BAIC’s Arcfox T1 all-electric hatchback launched starting at 9,600 USD: max 127hp power and 425km range