GWM ၏ ဒုတိယမျိုးဆက် Haval H9 Warrior Edition ကို တရုတ်ပြည်တွင် သြဂုတ် ၂၆ ရက်၌ စတင်မိတ်ဆက်မည်

  • 252 views

708e4b3fly1i4nkpsair1j26j53ykb2b-1-1536x957.jpg

Great Wall Motor (GWM) ၏ Haval brand က ဒုတိယမျိုးဆက် Haval H9 ၏ မော်ဒယ်သစ်မျိုးကို “Warrior Edition” ဟု တရားဝင် အမည်ပေးထားပြီး သြဂုတ်လ ၂၆ ရက်တွင် တရုတ်ပြည်၌ စတင်မိတ်ဆက်မည်ဖြစ်ကြောင်း ကြေညာသည်။

1000024725-800x535.jpg

1000024730-1-800x565.jpg

Warrior Edition ၏ teaser ဓာတ်ပုံများကို သြဂုတ် ၂၁ ရက်က ချပြခဲ့သေးသည်။လက်ရှိအားဖြင့် Haval သည် ဒုတိယမျိုးဆက် Haval H9 ကို ဓာတ်ဆီ၊ ဒီဇယ် variant များ ရောင်းချပေးနေသည်။Warrior Edition ၏ front grille ၊ ဘန်ပါ၊ luggage rack ၊ rim များ၊ နောက်ကြည့်မှန်များ အပါအဝင် တစ်စင်းလုံး အနက်ရောင်ဖြစ်သည်။ ရှေ့မီးကြီးများနှင့် taillight များမှာမူ ယခင်ဒီဇိုင်းအတိုင်းဖြစ်သည်။အရွယ်အစား၊ powertrain တို့နှင့် ပတ်သက်သည့် အချက်အလက်များကိုမူ မသိရသေးချေ။သို့သော် ယခင်မော်ဒယ်များအတိုင်းသာ ဖြစ်ဖွယ်ရှိသည်။

1000024728-1-800x600.jpg

1000024743-1536x1146.jpg

လက်ရှိ မော်ဒယ်၏ အရွယ်အစားမှာ ၂ မျိုးလာရာ 5070/1976/1930 mm (l/w/h) နှင့် 4950/1960/1930 mm (l/w/h) တို့ ဖြစ်ပြီး wheelbase မှာ အတူတူဖြစ်ကာ 2850 mm ဖြစ်သည်။

1000024729-1536x1024.jpg

ဓာတ်ဆီကား variant တွင် ဆီကန်မှာ 80 L ဆန့်ပြီး 2.0T အင်ဂျင်အသုံးပြုထားကာ အမြင့်ဆုံးအထွက်အား 165 kW (221 hp) နှင့် ရုန်းအား 385 Nm ရှိသည်။

1000024744.jpg

ဒီဇယ် variant တွင် ဆီကန်မှာ 78 L ဆန့်ပြီး 2.4T အင်ဂျင်သုံးထားကာ အမြင့်ဆုံးထွက်အား 137 kW (184 hp) နှင့် ရုန်းအား 490 Nm ရှိသည်။

1000024739-800x534.jpg

1000024742-800x554.jpg

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: GWM’s second-gen Haval H9 Warrior Edition will launch on August 26 in China (carnewschina)