- ပင်မစာမျက်နှာ
- ကားသတင်းများ
- 2025 ခုနှစ်အတွင်းအမြန်ဆုံးကားများ Episode(1)
2025 ခုနှစ်အတွင်းအမြန်ဆုံးကားများ Episode(1)
- 187 views

⚡10. Pagani Huayra – 238 mph (383 km/h)

Pagani Huayra ဟာ အလွန်လှပတဲ့ ဒီဇိုင်းနဲ့ စူပါကားတစ်စီးဖြစ်ပါတယ်။ ၎င်းရဲ့ အသေးစိတ်အလုပ်လုပ်ပုံများဟာ အလွန်ကောင်းမွန်ပြီး ကြည့်ကောင်းရုံသက်သက်တင်မကဘဲ စွမ်းဆောင်ရည်လည်း အလွန်မြင့်မားပါတယ်။
AMG မှ မောင်းနှင်သော twin-turbocharged V12 အင်ဂျင်တပ်ဆင်ထားကာ ခွက်အား 730 hp နှင့် torque 1, 000 Nm အထိ ထုတ်ပေးနိုင်ပြီး အမြင့်ဆုံးအမြန်နှုန်း238 mph (383 km/h) အထိ မောင်းနှင်နိုင်ပြီး Huayra ကို ကာဗွန်ဖိုင်ဘာ အဓိကအသုံးပြုတည်ဆောက်ထားကာ ကိုယ်ထည်ပေါ့ပါးစေရန်၊ ခိုင်ခံ့မှုပိုရှိစေရန်နှင့် လေခွင်းအားကောင်းမွန်စေရန် active aerodynamics စနစ်များဖြင့် ပြည့်စုံစွာ တပ်ဆင်ထားပါသည်။
9. Aston Martin Valkyrie – 250mph (402km/h)

Aston Martin Valkyrie ကို ကြည့်လိုက်ရင် လမ်းပေါ်မောင်းခွင့်ပြုတဲ့ ကားတစ်စီးလို့ မထင်ရပါဘူး။
LeMans ပြိုင်ကားနဲ့ တူနေတတ်ပေမယ့် ၎င်းကို လမ်းပေါ်မှာ တရားဝင်မောင်းနှင်နိုင်ပါတယ်။
မောင်းသူရဲ့ နောက်ဘက်မှာ 6.5-litre hybrid V12 အင်ဂျင်ကို တပ်ဆင်ထားပြီး 1,160 hp အထိ စွမ်းအားထုတ်ပေးနိုင်ကာ Formula 1 မှာ ရေပန်းစားတဲ့ Design ကို အခြေခံထားပါတယ်။
ကားကိုယ်ထည်အလေးချိန် တန်ချိန်တစ်ခုထက်အနည်းငယ်ပိုသာလေးတဲ့အတွက် 0 မှ 60 mph (97 km/h) သို့ 2.5 စက္ကန့်အတွင်း အရှိန်မြှင့်တင်နိုင်ပါတယ်။
8. Koenigsegg Regera – 250mph (402km/h)

ဒီစာရင်းထဲက ဆွီဒင်ကားထုတ်လုပ်ရေးကုမ္ပဏီ Koenigsegg ရဲ့ ဒုတိယမြောက်ကားဖြစ်တဲ့ Regera ဟာ 250 mph (402 km/h) အမြန်နှုန်းနဲ့ Speedtail ကို ယှဉ်ပြိုင်နိုင်ပါတယ်။
Twin-turbo V8 အင်ဂျင်နှင့် လျှပ်စစ်မော်တာကို တွဲဘက်အသုံးပြုထားပြီး စုစုပေါင်း 1,500 hp အထိ စွမ်းအားထုတ်ပေးနိုင်တာဖြစ်ပြီး ဒီစာရင်းထဲက အခြားကားတွေနဲ့ မတူညီတဲ့အချက်က Regera ဟာ ဂီယာတစ်ခုတည်းကိုသုံးပြီး 0 မှ 250 mph အထိ အရှိန်မြှင့်တင်နိုင်တာပါပဲ။ ဆိုလိုတာက မောင်းနှင်နေစဉ် အမြန်နှုန်း 30 mph (48 km/h) ဖြစ်ဖြစ်၊ 250 mph (402 km/h) အထိရောက်အောင် မောင်းနှင်နေတာဖြစ်ဖြစ် ဂီယာတစ်ခုတည်းကိုပဲ အသုံးပြုနေရမှာပါ။
7. McLaren Speedtail – 250mph (402km/h)

McLaren က Speedtail ကို ကမ္ဘာ့စံချိန်ချိုးဖျက်ဖို့အတွက် ထုတ်လုပ်ထားတာမဟုတ်ပေမယ့် 250 mph (402 km/h) ရှိတဲ့ အမြင့်ဆုံးအမြန်နှုန်းဟာ သူတို့ရဲ့ ယခုထုတ်ကားတွေထဲမှာ အမြန်ဆုံးဖြစ်ပါတယ်။
သူတို့ရဲ့ အသစ်ထုတ် flagships W1 ကတောင် အမြင့်ဆုံး 237 mph (38 km/h) သာ ရောက်နိုင်ပါတယ်။ Speedtail ဟာ နာမည်ကျော် McLaren F1 ထက်တောင် ပိုမြန်ပါတယ်။
၎င်းရဲ့ ကိုယ်ထည်ဟာ လေခွင်းအားကို လျှော့ချပေးနိုင်တဲ့ အတောင်ပံမပါဝင်ဘဲ ရုပ်ရှင်ထဲကလို ချောမွေ့စွာ ဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။
6. Aspark Owl – 256mph (413km/h)

Aspark ဆိုတာ လူသိများတဲ့ ကားကုမ္ပဏီတစ်ခုတော့ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံက ကားအရေအတွက်နည်းနည်းထုတ်လုပ်တဲ့ hypercar ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး Owl ဟာ လျှပ်စစ်မော်တာ 4 ခုတပ်ဆင်ထားကာ 1,953 hp ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်စူပါကားတစ်မျိုးဖြစ်ပါတယ်။
0 မှ 60 mph (၉၇ km/h) သို့ 1.7 စက္ကန့်အတွင်း အရှိန်မြှင့်တင်နိုင်ပြီး အမြင့်ဆုံးအမြန်နှုန်း 256 mph (413 km/h) အထိ ရောက်ရှိနိုင်ပါတယ်။ ဒီကားရဲ့ နောက်ထပ်ဗားရှင်းတစ်ခုဖြစ်တဲ့ Owl SP600 ကတော့272 mph (438 km/h) အထိ မြန်ဆန်သော်လည်း
လမ်းပေါ်မှာ တရားဝင်မောင်းနှင်ခွင့်မရှိပါဘူး။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com