(၉)လ အတွင်း စည်းကမ်းဖောက်ဖျက်တဲ့ YBS အမှုပေါင်း (၁၇၀၀၀)ကျော်ရှိနေ

  • 151 views

 

အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ ရန်ကုန်တိုင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်တွေထဲမှာ စည်းကမ်းဖောက်ဖျက်လို့ အရေးယူထားတဲ့အမှုပေါင်း (၁၇၅၄၅) မှုရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က သိရပါတယ်။ စည်းကမ်းဖောက်ဖျက်တဲ့ယာဉ်တွေထဲမှာ အများဆုံးဟာ CCTV မှတ်တမ်းကနေ မှတ်သားဖမ်းစီးမှု အများဆုံးဖြစ်ပြီး အမှုပေါင်း (၁၂၁၇၈) မှုရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကနေ သိရပါတယ်။

အဲဒီအရေးယူထားတဲ့အမှုတွေထဲမှာ ခရီးသည်တွေရဲ့တိုင်ကြားမှု (၆၆၉)မှု၊ မီးနီဖြတ်မောင်းမှု (၁၉၃၂)မှု ၊ သတ်မှတ်ကီလိုမီတာထက် ပိုမောင်းမှု ( ၁၀၀၈)မှု၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု (၈၉) ၊ မဆင်မခြင်မောင်းနှင်မှု (၁၆၆)မှု ၊ အခြား(၇၇၅)မှုရှိပြီး အဲ့ဒီ့ထဲက အမှုပေါင်း (၈၅၀၀) ကျော်ကို မော်တော်ယာဉ်အန္တရာယ်ကင်းရှင်းရေး ဥပဒေပုဒ်မ (၉၆)နဲ့ အရေးယူထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မှာ YBS ယာဉ်လိုင်းအမျိုးမျိုးက ယာဉ်အစီးရေ (၃၆၀၀) ကျော် ပြေးဆွဲပေးနေပြီး နေ့စဉ်ခရီးသည် (၁)သန်းကျော် ခရီးသွားလာနေကြတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) ကနေ သိရပါတယ်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com