- ပင်မစာမျက်နှာ
- ကားသတင်းများ
- ၅၉ လက်မ LED screen ကြီး ထည့်ပေးထားသော AUDI E5 Sportback ကို တရုတ်ပြည်တွင် ဒေါ်လာ ၃၂၈၀၀ ဖြင့် pre-sales စတင်ရောင်းချ
၅၉ လက်မ LED screen ကြီး ထည့်ပေးထားသော AUDI E5 Sportback ကို တရုတ်ပြည်တွင် ဒေါ်လာ ၃၂၈၀၀ ဖြင့် pre-sales စတင်ရောင်းချ
- 226 views
AUDI က ၎င်း၏ E5 Sportback EV မော်ဒယ်သစ်ကို တရုတ်ပြည်တွင် pre-sale စတင်ရောင်းချပေးနေသည်။
SAIC နှင့် ပူးတွဲထုတ်လုပ်သော စတေရှင် ဝက်ဂွန်းဖြစ်ပြီး ၅၉ လက်မရှိ LED screen ကြီး ထည့်သွင်းပေးထားသည်။
Variant ၄ မျိုးလာပြီး နောက်ယက်နှင့် AWD ဟု ရွေးစရာ ၂ မျိုးရှိသည်။
ဈေးတန်းမှာ ယွမ် ၂၃၅၀၀၀ မှ ၃၁၉၉၀၀ ကြား (ကန်ဒေါ်လာ ၃၂၈၀၀ မှ ၄၄၅၀၀ ကြား) ရှိသည်။
AUDI နှင့် SAIC တို့ ဖက်စပ်ထုတ်လုပ်ခြင်းဖြစ်ပြီး ၁၀ မိနစ်အားသွင်းရုံဖြင့် ၃၇၀ ကီလိုမီတာ မောင်းနိုင်သည့်အား ရရှိသည်ဟု ဆိုသည်။ မောင်းနိုင်သည့် range မှာ ၇၇၃ ကီလိုမီတာအထိ ရှိသည်။
အင်္ဂလိပ်အက္ခရာ အကြီးစာလုံးဖြင့်ရေးသော AUDI သည် Audi ၏ လက်အောက်ခံ တရုတ်ပြည် အမှတ်တံဆိပ်သစ်တစ်ခု ဖြစ်သည်။
အမှတ်တံဆိပ်သစ် AUDI သည် Volkswagen Group ၏ “တရုတ်ပြည်ထဲမှာ..တရုတ်ပြည်အတွက်..” မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
“ဂျာမန် အင်ဂျင်နီယာပညာနဲ့ အရည်အသွေးကို တရုတ်ပြည်ရဲ့ နောက်ဆုံးပေါ် တီထွင်မှုတွေနဲ့ ပေါင်းစပ်ပေးထားပါတယ်။ E5 Sportback ဟာ အရှေ့နဲ့အနောက်ရဲ့ အကောင်းဆုံးတွေကို အတူတကွ ဆောင်ကြဉ်းပေးထားတာ ဖြစ်ပါတယ်” ဟု AUDI အမှတ်တံဆိပ်၏ စီအီးအို Fermín Soneira က ပြောသည်။
((Audi E5 Sportback ၏ မျိုးကွဲများ))0
● Pioneer (နောက်ယက်) = range ၆၁၈ ကီလိုမီတာ၊ ဒေါ်လာ ၂၃၅၉၀၀
● Pioneer Plus (နောက်ယက်)= range ၇၇၃ ကီလိုမီတာ၊ ဒေါ်လာ ၂၆၉၉၀၀
● Pioneer Quattro (AWD)= range ၆၂၃ ကီလိုမီတာ၊ ဒေါ်လာ ၂၆၉၉၀၀
● Flagship Quattro (AWD)= range ၆၄၇ ကီလိုမီတာ၊ ဒေါ်လာ ၃၁၉၉၀၀
AUDI E5 ၏ entry-level မော်ဒယ်ဖြစ်သော Pioneer မှာ နောက်ယက်ဖြစ်ပြီး SAIC-CATL ဖက်စပ်ထုတ်လုပ်သော 76 kW LFP ဘက်ထရီကို သုံးထားကာ CLTC range ၆၁၈ ကီလိုမီတာ ရှိသည်။
မော်တာ၏ အထွက်အား 220 kW ရှိပြီး 0-100 km/h အမြန်နှုန်းကို ၆ ဒသမ ၁ စက္ကန့်အတွင်း ရနိုင်သည်။ ဈေးနှုန်းမှာ ယွမ် ၂၃၅၉၀၀ (ကန်ဒေါ်လာ ၃၂၈၀၀) ဖြစ်သည်။
AUDI E5 Sportback သည် 5-door 5-seater ကားဖြစ်ကာ အရွယ်အစားမှာ 4881/1960/1479 mm (length/width/height) နှင့် wheelbase မှာ 2950 mm ရှိသည်။
အဓိက အစိတ်အပိုင်း အများစုမှာ SAIC ထုတ် ဖြစ်သည်။
မော်တာမှာ SAIC Motor Group ၏ ကုမ္ပဏီခွဲဖြစ်သော Huayu Automotive Electric Systems Co., Ltd., က ထုတ်လုပ်ခြင်း ဖြစ်သည်။
လက်ရှိအားဖြင့် E5 ကို တရုတ်ပြည်တွင်သာ ဝယ်ယူရရှိနိုင်သေးသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: AUDI E5 Sportback launch pre-sales in China at 32,800 USD with 773 km range and massive 59″ LED screen