Polestar 3 ကို အားတစ်ကြိမ် သွင်းထားရုံဖြင့် ၅၈၁ မိုင် မောင်းနှင်ကာ ဂင်းနက်စ်စံချိန်တင်

  • 204 views

_Polestar-3_World_Record_Attempt_2025_048.jpg

● ကမ္ဘာစံချိန်တင် မောင်းနှင်မှု

မော်တာတစ်လုံးတပ် Polestar 3 Long Range လျှပ်စစ် SUV ဖြင့် အားတစ်ကြိမ် သွင်းထားရုံဖြင့် ခရီးအဝေးဆုံး မောင်းနှင်ကာ ဂင်းနက်စ်စံချိန်တင်ခဲ့ရာ မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးမှာ ၉၃၅ ကီလိုမီတာ (၅၈၁ ဒသမ ၃ မိုင်) ဖြစ်သည်။

အဆိုပါမောင်းနှင်မှုတွင် နာမည်ကြီး ကားမောင်းသမား ၃ ဦး ပါဝင်ခဲ့ရာ ဆမ် ကလာ့ခ်၊ ကီဗင် ဘွတ်ကာနှင့် ရစ်ချတ် ပါကားတိို့ ဖြစ်သည်။

၎င်းတို့ ၃ ဦးသည် အလှည့်ကျစနစ်ဖြင့် မောင်းခဲ့ကြခြင်းဖြစ်ပြီး စုစုပေါင်း ၂၂ နာရီ၊ ၅၇ မိနစ် မောင်းနှင်ခဲ့သည်။

၃ နာရီလျှင် တစ်ကြိမ် လူစားလဲကာ မောင်းခဲ့ကြခြင်း ဖြစ်သည်။

_Polestar-3_World_Record_Attempt_2025_258.jpg

[လမ်းအခြေအနေ]

● စတင်ထွက်ခွာသောနေရာ = အင်္ဂလန်နိုင်ငံ၊ နောဝစ်ချ်မြို့အနီး
● အများအားဖြင့် လမ်းကျဉ်းများမှ မောင်းခဲ့ပြီး တခါတရံတွင် ၂ လမ်းသွားလမ်းများမှ မောင်းခဲ့သည်။
● ရာသီဥတု= မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လမ်းပေါ်တွင် ရေတင်နေမှုများနှင့် ရင်ဆိုင်ရရာ စွမ်းအင်ထိရောက်မှု ကျဆင်းစေမှုနှင့်လည်း ရင်ဆိုင်ရသည်။
● လမ်းတွင် ယာဉ်ထိန်းရဲတို့၏ စစ်ဆေးခြင်းလည်း ခံခဲ့ရပြီး ဂင်းနက်စ်စံချိန်တင်ရန် ကြိုးစားနေကြောင်း သိသွားချိန်တွင်မှ သွားခွင့်ပေးခဲ့သည်။

_Polestar-3_World_Record_Attempt_2025_110.jpg

[ကားအခြေအနေ]

● မော်တာတစ်လုံးတပ် Polestar 3 Long Range မော်တော်ကားဖြစ်ကာ modify ပြုလုပ်ထားခြင်း မရှိချေ။
● ထိရောက်မှုရှိစေရန်အတွက် ၂၀ လက်မ Michelin EV တာယာကို အသုံးပြုထားသည်။
● ထိုကား၏ မောင်းနှင်နိုင်သည့်ခရီးကို ကမ္ဘာကလက်ခံထားသည့် WLTP နှုန်းမှာ ၄၃၈ မိုင်ဖြစ်သော်လည်း ၎င်းတို့အဖွဲ့က ၁၄၃ မိုင် ပိုမိုမောင်းနှင်နိုင်ခဲ့ခြင်း ဖြစ်သည်။
● အခရာ ကျခဲ့သော ဘက်ထရီ စီမံခန့်ခွဲမှု 
=ဘက်ထရီ ၂၀ ရာခိုင်နှုန်း ကျန်ရှိချိန်တွင် ၄၃၈ မိုင် မောင်းနှင်နိုင်ခဲ့သည်။

  = ဘက်ထရီ လုံးဝအားကုန်သွားချိန်တွင် ၈ မိုင် ဆက်လက်မောင်းနိုင်ခဲ့သေးသည်။ (ဆီကားတွင် empty အခြေအနေ၌ ဆက်လက်မောင်းနှင်ခြင်းမျိုးနှင့် အလားတူသည်)
● စွမ်းအင်သုံးစွဲမှု= 1 kWh လျှင် ၅ ဒသမ ၁၃ မိုင်နှုန်း (ယခုကား အရွယ်အစားရှိသော SUV တစ်စင်းအတွက် အလွန်ထိရောက်သော စွမ်းအင်သုံးစွဲမှု ဖြစ်သည်)

_Polestar-3_World_Record_Attempt_2025_003.jpg

[ရင်ဆိုင်ခဲ့ရသော အခက်အခဲများ]

၁။ ရာသီဥတုနှင့် လမ်းပိုင်းအခြေအနေ
=မိုးရွာနေခြင်းနှင့် ရေတင်နေခြင်းကြောင့် တာယာခုခံအားများကာ ကားမောင်းရ ခက်ခဲစေခဲ့သည်။
၂။ ရဲနှင့် ရင်ဆိုင်ရမှု
=ယာဉ်ထိန်းရဲက တားဆီးစစ်ဆေးခဲ့သော်လည်း ဂင်းနက်စံချိန်တင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်းသိချိန်တွင် မောင်းခွင့်ပေးခဲ့သည်။
၃။ လမ်းပိတ်နေခြင်း
= လျင်မြန်စွာ လမ်းလွှဲမှ သွားနိုင်ခဲ့ရာ ၎င်းတို့၏ လမ်းကြောင်းကျွမ်းကျင်မှုကိုလည်း ပြသခဲ့သည်။

ယခုဂင်းနက်စ်စံချိန်တင်ခဲ့မှုကို ကြည့်ရှုပါက နည်းမှန်လမ်းမှန် မောင်းလျှင် လျှပ်စစ် SUV များသည် ထုတ်လုပ်သူက ခရီးမည်မျှရောက်နိုင်ကြောင်း ပြောဆိုထားသည့်ပမာဏထက် ပိုမိုမောင်းနှင်နိုင်ကြောင်း ပြသနေသည်။

_Polestar-3_World_Record_Attempt_2025_210.jpg

_Polestar-3_World_Record_Attempt_2025_208.jpg

_Polestar-3_World_Record_Attempt_2025_212.jpg

_Polestar-3_World_Record_Attempt_2025_263.jpg

_Polestar-3_World_Record_Attempt_2025_121.jpg

_Polestar-3_World_Record_Attempt_2025_185.jpg

_Polestar-3_World_Record_Attempt_2025_196.jpg

_Polestar-3_World_Record_Attempt_2025_093.jpg

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Polestar 3 does 581 miles on one charge, sets new Guinness World Record (topgear)