အစင်းရေ ၁ ဒသမ ၇ သန်းမြောက်ကားကို ထုတ်လုပ်ကာ သမိုင်းမှတ်တိုင်တစ်ခု တင်လိုက်သည့် Wuling Hongguang Mini EV

  • 191 views

B10C4FF5410053B4854C8B3E3864CAC01FB8674A_size214_w1259_h943.webp

Wuling က ၎င်း၏ အစင်းရေ ၁ ဒသမ ၇ သန်းမြောက် Hongguang Mini EV ကို တရုတ်ပြည်ရှိ ကားထုတ်လုပ်ရေးလိုင်းမှ ထုတ်လုပ်လိုက်ကြောင်း သြဂုတ်လ ၁၁ ရက်တွင် တရားဝင်ကြေညာသည်။

Hongguang Mini EV ကို ၂ မိနစ်လျှင် ၁ စင်းနှုန်း ရောင်းချခဲ့ရပြီး A00-class အသေးစား၊ တန်ဖိုးနည်း လျှပ်စစ်ကားကဏ္ဍတွင် တရုတ်ပြည်၌ အရောင်းရဆုံးချန်ပီယံအဖြစ် လပေါင်း ၆၀ ဆက်တိုက် ရပ်တည်နိုင်ခဲ့ကြောင်း Wuling က ထုတ်ပြန်သည်။

လက်ရှိအချိန်အထိ Wuling Hongguang Mini EV သည် မူပိုင်ခွင့်ပေါင်း ၁၉၈၆ ခုအထိ မှတ်ပုံတင်ထားသည်။ (Wuling Hongguang Mini EV ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားကို တွေ့ရပုံ။)

၂၀၂၂ ခုနှစ်အတွင်း Hongguang Mini EV ၏ ရောင်းအားမှာ အစင်းရေ ၅၅၄၀၀၀ ကျော်လွန်ခဲ့သည်။ ယင်းနောက် ၂၀၂၃ ခုနှစ်တွင် အစင်းရေ ၂၃၇၈၆၃ နှင့် ၂၀၂၄ ခုနှစ်သို့အရောက်တွင် ရောင်းချရမှု အစင်းရေမှာ ၁ ဒသမ ၄ သန်းကျော်အထိ ရှိလာသည်။

1000023645-1536x966.jpg

(Wuling Hongguang Mini EV ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနား)

Wuling သည် Hongguang Mini EV ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း ၂၃ ကြိမ်မြောက် ချန်ဒူးကားပြပွဲတွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

1000023643-1536x823.jpg

1000023642-1-1536x811.jpg

ယခုအခါ တံခါး ၅ ပေါက်ပါသည့် third-generation Hongguang Mini EV ဖြစ်သော Game Boy edition, Cabrio edition နှင့် Classic edition တို့အထိ ရောက်ရှိလာပြီ ဖြစ်သည်။

1000023647.png
(တံခါး ၅ ပေါက် variant ၏ ကြော်ငြာပိုစတာကို တွေ့ရပုံ)

တံခါး ၅ ပေါက် variant သည် ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းမှာ ယွမ် ၄၈၀၀၀ (ဒေါ်လာ ၆၀၀၀) မျှဖြင့် စသည်။ကားအရွယ်အစားမှာ 3256/1510/1578 mm (l/w/h) ရှိပြီး wheelbase မှာ 2190 mm ဖြစ်သည်။

နောက်ဘက်တွင် မော်တာတစ်လုံးတပ်ထားပြီး အထွက်အားမှာ 30 kW (40 hp) ရှိကာ 16.2 kWh လီသီယမ် အိုင်းယွန်းဖော့စဖိတ်ဘက်ထရီကို သုံးထားသည်။ အမြင့်ဆုံးမြန်နှုန်းမှာ 100 km/h ရှိပြီး CLTC range မှာ 205 km ဖြစ်သည်။အမြန်အားသွင်းစနစ်ဖြင့် အားသွင်းပါက ၃၀ မှ ၈၀ ရာခိုင်နှုန်းအထိရရန် ကြာချိန်မှာ ၃၅ မိနစ်သာ ဖြစ်ပြီး ပုံမှန်အနှေးအားသွင်းလျှင် ၂၀ မှ ၁၀၀ ရာခိုင်နှုန်းအထိရရန် ၄ ဒသမ ၈ နာရီဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 1.7 millionth Wuling Hongguang Mini EV rolled off production line in China