- ပင်မစာမျက်နှာ
- ကားသတင်းများ
- ပြည်ပရောက်မြန်မာနိုင်ငံသားများ ဘဏ်မှတစ်ဆင့် ငွေလွှဲပါက လျှပ်စစ်ကားတင်သွင်းခွင့်ပါမစ် ခွင့်ပြုမည်
ပြည်ပရောက်မြန်မာနိုင်ငံသားများ ဘဏ်မှတစ်ဆင့် ငွေလွှဲပါက လျှပ်စစ်ကားတင်သွင်းခွင့်ပါမစ် ခွင့်ပြုမည်
- 164 views
ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ပုံမှန်ဝင်ငွေရရှိသူများနှင့် သဘောင်္သားများအပါဝင် မြန်မာနိုင်ငံကို ဘဏ်ကနေတစ်ဆင့် ငွေလွှဲရင် လျှပ်စစ်ကား (EV) တင်သွင်းခွင့်ပါမစ်ကို ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီစဉ်ကို အောက်တိုဘာလ (၁၆) ရက်နေ့ကနေ စတင်ခွင့်ပြုပေးသွားမှာလည်း ဖြစ်ပါတယ်။
ပုံမှန်ဝင်ငွေရရှိသူများ (သင်္ဘောသားများအပါအဝင်)၊ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်သိန်းနဲ့ အထက်ငွေလွှဲရင် လွှဲပို့ငွေရဲ့(၅) ရာခိုင်နှုန်းတန်ဖိုးနဲ့ ညီမျှတဲ့ EV မော်တော်ယာဉ် တစ်နှစ်ကိုတစ်စီး၊ ဒါ့အပြင် တစ်နှစ်အတွင်း လစာအမေရိကန်ဒေါ်လာ ၅ သောင်းနဲ့အထက် (၅) ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ EV မော်တော်ယာဉ်၊ EV ဆိုင်ကယ် တစ်နှစ်ကိုတစ်စီး တင်သွင်းခွင့်ပြုမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့ ဝင်ငွေစာရင်း အကျုံးဝင်သူတွေဟာ EV မော်တော်ယာဉ်၊ EV ဆိုင်ကယ် တင်သွင်းခွင့်ပြုတဲ့နေရာမှာ တစ်ဦးတစ်ယောက်ချင်း တင်သွင်းတာကို ခွင့်ပြုပေးသွားမှာဖြစ်သလို တစ်ဦးတစ်ယောက်ချင်းတင်သွင်းဖို့ ငွေတန်ဖိုးမပြည့်မီပါက စုပေါင်းတင်သွင်းတာတွေကိုလည်း ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိပြည်တွင်းမှာ EV မော်တော်ယာဉ်နဲ့ EV ဆိုင်ကယ် အစီးရေ (၃၀၀၀) ကျော်မှတ်ပုံတင် ခွင့်ပြုထားတယ်လို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com