တရုတ်ပြည်မှ ကားထုတ်လုပ်သူများအနက် Chery မှ အစင်းရေ ၅ သန်း တင်ပို့နိုင်သည့် ပထမဆုံးကုမ္ပဏီဖြစ်လာ

  • 164 views

e59bbee78987-24-e1754282904891-768x432.jpg

Chery Group က ကြေညာလာသည်မှာ ၎င်းတို့ တင်ပို့ခဲ့သော ကားအစင်းရေမှာ ၅ သန်းကျော်သွားပြီဖြစ်ကာ တရုတ်ပြည်တွင် ထိုပမာဏတင်ပို့နိုင်သည့် ပထမဆုံးကုမ္ပဏီဖြစ်ကြောင်း ကြေညာသည်။

ဇူလိုင်လ ၃၁ ရက်နေ့အထိ Chery Group က ကားအစင်းရေ ၁၇ ဒသမ ၁၈ သန်း ထုတ်လုပ်ခဲ့သည့်အနက် ၅ ဒသမ ၁၇ သန်းမှာ ပြည်ပသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။ပြီးခဲ့သော ဇူလိုင်လအတွင်း Chery Group သည် ကားအစင်းရေ ၂၂၄၄၃၉ ရောင်းချခဲ့ရရာ နှစ်အလိုက် နှိုင်းယှဉ်လျှင် ရောင်းအား ၁၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာသည်။

Chery သည် ဇူလိုင်လအတွင်း ကားအစင်းရေ ၁၁၉၀၉၀ ပြည်ပသို့ တင်ပို့ခဲ့ကာ ယခင်နှစ်ထက် ၃၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ယခုနှစ် ပထမ ၇ လတာအတွင်း Chery သည် ကားအစင်းရေ ၁၄၈၄၅၆၃ ရောင်းချခဲ့ရာ နှစ်အလိုက်ရောင်းအား နှိုင်းယှဉ်လျှင် ၁၄ ဒသမ ၅ ရာခိုင်နှုန်း ရောင်းအားတက်လာသည်။

Chery သည် ယခုနှစ် ၇ လတာအတွင်း ကားအစင်းရေ ၆၆၉၃၆၀ တင်ပို့ခဲ့ပြီး တရုတ်ပြည်၏ ထိပ်တန်း ကားတင်ပို့သူအဖြစ် ရပ်တည်နေသည်။


((Chery မှ ထုတ်လုပ်သော ကားအမှတ်တံဆိပ်များ၏ ရောင်းအား အခြေအနေ))

ပထမ ကိန်းဂဏန်းမှာ ဇူလိုင်လ ရောင်းအားဖြစ်ပြီး ဒုတိယကိန်းဂဏန်းမှ ဇန်နဝါရီမှ ဇူလိုင်လအထိ ၇ လစာ ရောင်းအားဖြစ်ပါသည်။

● Chery ၁၄၃,၉၆၅ / ၈၈၁,၁၃၅
● Exeed ၆,၈၂၂ / ၆၉,၄၉၀
● Jetour ၄၉,၄၄၅/ ၃၄၈,၈၁၃
● iCar (iCaur) ၆,၅၆၆/ ၅၁,၀၇၆

Data from Wuhunews


ပြည်ပသို့ ကားတင်ပို့မှု ဒုတိယအများဆုံးမှာ BYD ဖြစ်ပြီး ယခုနှစ် ပထမ နှစ်ဝက်အတွင်း BYD ၏ ကားတင်ပို့မှု ပမာဏမှာ နှစ်အလိုက်နှိုင်းယှဉ်လျှင် ၁၁၈ ဒသမ ၂ ရာခိုင်နှုန်း များပြားလာသည်။


((၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ကားတင်ပို့မှု အများဆုံးကုမ္ပဏီများ))


1 Chery -၅၄၄,၉၃၇ စင်း
2 BYD-၄၄၃,၀၉၈ စင်း
3 SAIC Motor - ၂၄၂,၅၇၁ စင်း
4 Geely -၁၈၁,၉၅၃ စင်း
5 Changan - ၁၆၇,၅၇၅ စင်း
6 Great Wall Motors -၁၄၆,၉၀၂ စင်း
7 Dongfeng Motor -၁၁၁,၉၂၅ စင်း
8 FAW Group -၁၀၁,၀၆၄ စင်း
9 Jiangsu Yueda Kia-၈၅,၇၆၄ စင်း
10 JAC Motors -၅၄,၇၃၂ စင်း

Credit: Yiche

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း တရုတ်ပြည်မှ မော်တော်ကား အများဆုံး တင်ပို့ခဲ့သည့် နိုင်ငံများမှာ မက္ကဆီကို၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ရုရှားတို့ဖြစ်ပြီး အစင်းရေ ၂၃၄၅၀၀၊ ၂၁၄၃၀၀ နှင့် ၁၇၁၀၀၀ စင်း အသီးသီး တင်ပို့ခဲ့သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Chery becomes the first Chinese automaker to export 5 million vehicles (carnewschina)