• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ရှားပါး Lamborghini တစ်စင်းကို ဧည့်ခန်းထဲတွင် နှစ်ပေါင်း ၄၀ ထားရှိခဲ့သော ကားပိုင်ရှင်က ရောင်းထုတ်ပစ်ရန် စီစဉ်ချိန်တွင် နံရံကို ဖြိုချကာ ကားထုတ်ခဲ့ရပုံ

ရှားပါး Lamborghini တစ်စင်းကို ဧည့်ခန်းထဲတွင် နှစ်ပေါင်း ၄၀ ထားရှိခဲ့သော ကားပိုင်ရှင်က ရောင်းထုတ်ပစ်ရန် စီစဉ်ချိန်တွင် နံရံကို ဖြိုချကာ ကားထုတ်ခဲ့ရပုံ

  • 202 views

rare-lamborghini-parked-in-a-living-room-for-40-years-they-tear-down-a-wall-to-get-it-out-255530-7.jpg၁၉၇၀ ပြည့်နှစ်ထုတ် Lamborghini Miura တစ်စင်းသည် ပိုင်ရှင်၏ ဧည့်ခန်းထဲတွင် နှစ်ပေါင်း ၄၀ ရှိနေခဲ့သည်။

မှန်ပါသည်။ ဧည့်ခန်းဖြစ်ပါသည်။ သင် ဖတ်ရှုလိုက်ရသည့်အချက်အလက် မမှားပါ။နောက်ဆုံးတွင် ပိုင်ရှင်က ကားကို ရောင်းချပစ်ရန် ဆုံးဖြတ်ခဲ့ရာ အိမ်ထဲမှ ထုတ်ရန်အတွက် ဧည့်ခန်းနံရံကို ဖြိုချလိုက်ရသည်။

rare-lamborghini-parked-in-a-living-room-for-40-years-they-tear-down-a-wall-to-get-it-out_1.jpgရှားပါးကားများ ကိုင်တွယ်သည့် အကျိုးဆောင်တစ်ဦးဖြစ်သူ Larry Kosilla သည် အံ့ဖွယ် Lamborghini Miura တစ်စင်းအကြောင်း သူငယ်ချင်းတစ်ဦးထံမှ သိရှိလာသည်။အဆိုပါကားသည် အမေရိကန်ပြည်၊ နယူးယောက်ပြည်နယ်၊ Long Island ရှိ ဧည့်ခန်းတစ်ခုထဲတွင် နှစ်ပေါင်း ၄၀ ခန့် ရှိနေသည့်ကားဖြစ်သည်ဟု သိလာသည်။

rare-lamborghini-parked-in-a-living-room-for-40-years-they-tear-down-a-wall-to-get-it-out_4.jpg

အီတလီမြောက်ပိုင်းရှိ Lamborghini ကားစက်ရုံ၏ ထုတ်လုပ်ရေးလိုင်းမှ ၁၉၇၀ ပြည့်နှစ် ဇူလိုင်လတွင် ထွက်ရှိလာသည့် အဆိုပါကားသည် အမေရိကန်မှ ပိုင်ရှင်၏ ဧည့်ခန်းထဲတွင် ဆယ်စုနှစ် ၄ ခုရှိနေခဲ့ခြင်းဖြစ်ပြီး တစ်မိုင်မျှပင် မစီးရသေးချေ။

rare-lamborghini-parked-in-a-living-room-for-40-years-they-tear-down-a-wall-to-get-it-out_7.jpg

Lamborghini Miura ကို ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သူ အကျိုးဆောင် Larry က ပြောသည်မှာ “ဒီကားက ကျွန်တော့်တစ်သက်တာ အကြိုက်ဆုံးကားတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်” ဟု ဆိုသည်။ ရှားပါးကား ကျွမ်းကျင်ပညာရှင် Larry သည် နှစ်ပေါင်းများစွာကာလအတွင်း ဈေးကြီးကာ ရှားပါးသည့် ကားအမျိုးမျိုး တွေ့ခဲ့ဖူးရာ ဒေါ်လာ ၄ သန်းတန် Aston Martin Valkyrie တစ်စင်းလည်း အပါအဝင်ဖြစ်သည်။

rare-lamborghini-parked-in-a-living-room-for-40-years-they-tear-down-a-wall-to-get-it-out_11.jpg

သို့သော် ယခု Lamborghini Miura မှာလည်း Larry ၏ နှလုံးသားထဲတွင် တစ်နေရာ အခိုင်အမာ သိမ်းပိုက်ထားနိုင်ခဲ့သည်။Lamborghini သည် ၁၉၆၆ ခုနှစ်မှ ၁၉၇၃ ခုနှစ်အကြား Miura ၇၆၄ စင်းသာ ထုတ်လုပ်ခဲ့သည်။ယင်းအနက် ၃၃၈ စင်းသာ S (P400S) ဗားရှင်းဖြစ်သည်။ ယခုကားမှာ Miura S ဗားရှင်းဖြစ်သည်။ 

rare-lamborghini-parked-in-a-living-room-for-40-years-they-tear-down-a-wall-to-get-it-out-thumbnail_2.jpg.jpg

ကမ္ဘာ့ပထမဆုံး ပြိုင်ကားအစစ်ဟု သတ်မှတ်ခံထားရသော Lamborghini Miura တွင် naturally aspirated 3.0-liter V12 အင်ဂျင် အသုံးပြုထားသည်။ဆွဲအား မြင်းကောင်ရေ ၃၆၅ နှင့် ရုန်းအား ၂၈၆ lb-ft ရှိသည်။

rare-lamborghini-parked-in-a-living-room-for-40-years-they-tear-down-a-wall-to-get-it-out-thumbnail_6.jpg.jpg

မူရင်း P400 နှင့်ယှဉ်လျှင် Miura S မှာ 20hp ပိုမိုအားကောင်းရာ အမြန်နှုန်းတင်နိုင်စွမ်းအနေဖြင့် 0 to 60 mph ကို ၅ ဒသမ ၅ စက္ကန့်အတွင်း ရရှိနိုင်သည်။ယနေ့ခေတ်တွင်မူ 0 to 60 mph မြန်နှုန်းကို ၂ စက္ကန့်အတွင်း ရနိုင်သည့်ကားများ တွေ့နေရပြီ ဖြစ်သည်။သို့သော် ထိုခေတ်ထိုကာလကမူ Miura S မှာ ကမ္ဘာ့အမြန်ဆုံးကား ဖြစ်ခဲ့သည်။

rare-lamborghini-parked-in-a-living-room-for-40-years-they-tear-down-a-wall-to-get-it-out-thumbnail_8.jpg.jpg

မိုင်ဝက်ခန့်ခရီးကို ၁၃ ဒသမ ၂ စက္ကန့်အတွင်း ရောက်ရှိနိုင်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ 177 mph (285 kph) ဖြစ်သည်။

rare-lamborghini-parked-in-a-living-room-for-40-years-they-tear-down-a-wall-to-get-it-out-thumbnail_14.jpg.jpg

rare-lamborghini-parked-in-a-living-room-for-40-years-they-tear-down-a-wall-to-get-it-out-thumbnail_16.jpg.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Rare Lamborghini Parked in a Living Room for 40 Years, They Tore Down a Wall To Get It Out (autoevolution)